စိတ်ကလောကကို စောင့်သတဲ့
~~~~~~~~~~~~~~~~~
စိတ်ကောင်းထားသူသည်
ကုသိုလ်အလုပ် လုပ်ဖြစ်၍
ကောင်းကျိုးခံစားရ၏။
စိတ်ယုတ်ထားသူသည်
အကုသိုလ်အလုပ် လုပ်ဖြစ်၍
ဆိုးကျိုးခံစားရ၏။
ထို့ ကြောင့် မြတ်စွာဘုရားရှင်က
စိတ္တေန နိယတေ လောကော
စိတ်က လောကကို စောင့်၏ဟု
မြတ်စွာဘုရားရှင်
ဟောကြားတော် မူခြင်းဖြစ်သည်။
စိတ်ကောင်းထားမှ ချမ်းသာရမည်ဟု
ဆိုလိုသည်။
ဘဒ္ဒန္တ ဣန္ဒပါလ
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရမ္မာဝတီဆရာတော်
No comments:
Post a Comment