စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, July 23, 2016

ရဟန္တာ​နေ့..

အနတ္တလက္ခဏသုတ်အခါတော်နေ့ 
ရဟန္တာနေ့ 
************************************
ရတနာသုံးပါးစုံညီသောနေ့ 
ဝါဆိုလပြည့်ကျော် ၅ ရက်။

ဝါဆိုလပြည့်ကျော် ၅ ရက်
ရဟန္တာနေ့ 

ဒီနေ့ ဟာထူးခြားတဲ့နေ့ ထူးနေ့ မြတ်တနေ့ ဖြစ်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ဗုဒ္ဓမြတ်
စွာဘုရားသည်ဝါဆိုလပြည့်နေ့ မှာ ပဉ္စ၀ဂ်ဂီ၅ဦးကို ပထမဦးဆုံး ဓမ္မစကြ်ာတရားဟောကြား ပြီး
တဲ့နောက် ပဉ္စ၀ဂ်ဂီ ၅ ဦးဟာတနေ့ တပါးစီသောတပန်တည်ခဲ့ကြပါတယ် ၊
အဲဒီနောက် ၅ ရက်မြောက်တဲ့ နေ့ ၀ါဆိုလပြည့်ကျော် ၅ ရက်နေ့မှာ
အနတ္တလက္ခ္စ္စဏသုတ်ကိုဟောကြားလိုက်တဲ့အတွက် ပဉ္စ၀ဂ်ဂီ ၅ ပါးစလုံး
ရဟန္တာအဖြစ်ရောက်ရှိကုန်ကြလို့ ဖြစ်ပါတယ် ၊
` ဒါကြောင့်ဒီနေ့ ကို ဘုရားသာသနာမှာ ပထမဦးဆုံး ရဟန္တာပေါ်ထွန်းတဲ့ နေ့ ( တနည်း )
သံဃာရတနာပေါ်ထွန်းတဲ့နေ့ ဖြစ်လို့ ရဟန္တာနေ့ုလို့ ခေါ်ဆိုနိုင်ပါတယ် ၊
ကဆုန်လပြည့်နေ့ ဟာ ဘုရားအဖြစ်ကိုစတင်ရရှိတဲ့အတွက် ဘုရားရတနာစတင်ပေါ်ထွန်းခဲ့ပါ
တယ် ၊
ဝါဆိုလပြည့်နေ့ ဟာ ပထမဦးဆုံး ဓမ္မစကြ်ာတ၇ားကို စဟောတဲ့အတွက် တရားရတနာ
စတင်ပေါ်ထွန်းခဲ့ပါတယ် ၊
ဝါဆိုလပြည့် ကျော် ၅ ရက်နေ့ ဟာ ဘုရားသာသနာမှာ ပထမဆုံး ရဟန္တာ ( သံဃာများ )
စတင်ပေါ်ထွန်းတဲ့အတွက် ဘုရားရတနာ တရားရတနာ သံဃာရတနာ ( ရတနာ) သုံးပါးစလုံးစုံလင်စွာပေါ်ထွန်းလာတဲ့နေ့ဖြစ်လို့အလွန်ထူးခြားတဲ့နေ့ထူးနေ့မြတ်တနေ့လို့
ခေါ်ဆိုနိုင်ပါတယ် ၊
ပဉ္စ၀ဂ်ဂီ ၅ ပါးစလုံး ရဟန္တာဖြစ်သွားသွားအောင် ဗုဒ္ဓဟောကြားလိုက်တဲ့တရားတော် ဟာ
အနတ္တလက္ခဏသုတ်ဖြစ်ပါတယ် ၊

အနတ္တလက္ခဏသုတ် ရဲ့ အဓိပါယ်အကျဉ်းကတော့
မိမိတို့ ယခုရရှိထားတဲ့ ခန္ဓာကိုယ်ကြီးဟာ ကိုယ်ပိုင်ကိုယ်ဆိုင်မဟုတ်ဘူး ၊ ကိုယ့်အလို
ကိုယ့်အကြိုက်မလိုက်ဘူး ၊ ဘယ်လို့ မှအမိန့် ပေးစေခိုင်းလို့ မရဘူး ။ သူ့ သဘောအတိုင်း
ဖြစ်နေတာဖြစ်တယ် လို့ ဟောကြားထားပါတယ် ၊

#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page

No comments:

Post a Comment