ကိုယ်စောင့်ဘာဝနာ
===========
သေခါနီးမှာ စည်းသုံးတန် ကျော်ရမှာနော်
( ၁ ) ပထမစည်း
' ဝေဒနာပြင်းထန်လာချိန်မှာ ဒီတောင်ကို ကျော်နိုင်ပါမလား " ဆိုတာ ဒီအချိန်မှာ ကိုယ်စောင့်ဘာဝနာတွေ ပွားမထားခဲ့ရင်
ငါသေတော့မယ်ဆိုတဲ့ အတွေးဝင်တော့မယ်။
ကြောက်စိတ်ဝင်တော့မယ်။ဥာဉ်နဲ့သေရင်
နောက်ပြန်ရမယ်။နောက်ပြန်တာ ဘာကို
ပြောတာလဲ။ အပ္ပါယ်လေးဘုံကို ပြောတာပါ
ဘုရား။
( ၂ ) ဒုတိယစည်း
" ငါမိသားစုနဲ့ ခွဲရတော့မယ် " ဆိုတဲ့အသိ
အတွေး ဒီအသိ ဒီအတွေးနဲ့ တွေးရင် မိသားစု
ခင်တွယ်စိတ်ကြောင့် ပြိတ္တာ ဖြစ်သွားတတ်တယ်။
ကိုယ်စောင့်ဘာဝနာ ပွားထားသူဟာ ဒီစည်းကို
ကျော်နိုင်ပြီး ဘဝကောင်းဆီ ခရီးဆက်နိုင်မယ်။
" ( ၃ ) တတိယစည်း
မီးစာကုန် ဆီးခမ်းနေချိန် " ကိုယ်တွင်းက ဓါတ်လေးပါး ပဋိပက္ခကြား သတိမဝင်ရင် "
စွဲရာဘဝ သွားရတော့မှာနော်။ လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာက
ဝိနိပါတိကဘေး ထန်းသီးခိုင်ကြီး ချပြီး ပစ်ထည့်
လိုက်သလို ဟိုတစ်လုံးဒီတစ်လုံး ဖွာလန်ကြဲပြီး
ရောက်မိရောက်ရာ ရောက်တော့မယ်နော်။
ကိုယ်စောင့်ဘာဝနာတရားလေးပါး ပွားထားသူ
ကတော့ ထန်းသီးခိုင်ချိုင့်ပြီး ကြိုးနဲ့ချပေးသလို
လိုရာရောက်တယ်။ မှန်ရာရောက်တယ်။ ဒါကြောင့် အပ္ပါယ်လေးဘုံဆိုတဲ့ နောက်ကြောင်း
မပြန်ချင်ရင် လူ နတ် ဗြဟ္မာ အရိယာဆိုတဲ့
ဘဝကောင်းတွေဆီ သွားချင်ရင် စောင့်ရှောက်
ရမယ်။ ဘာနဲ့ စောင့်ရှောက်ရမှာလှဲ။
" ကိုယ်စောင့် ဘာဝနာတရားလေးပါး "နဲ့ပါဘုရား
မဟာဗောဓိမြိုင်ဆရာတော်
No comments:
Post a Comment