★ ★ မေ့သူနဲ့ မမေ့သူ ★ ★
💢💢💢💢💢💢💢💢
ငယ်ငယ်က လောကီအာရုံနဲ့နေပြီး ကြီးလာတော့ သားသမီးမြေးတွေနဲ့ အဘိုးအဘွားတွေက အအိုပြိုင်နေကြတာ..၊
အပိုအချိန်တွေ မကုန်ပါစေနဲ့...
ဒါန, သီလစတဲ့ ကုသိုလ်တရားတွေ မေ့လျော့နေရင် #အသေပါ တဲ့။
မေ့သူနဲ့ မမေ့သူကကွာခြားပါတယ်။
#မမေ့သူက ၀မ်းမြောက်မှုနဲ့ ချမ်းချမ်းသာသာ နေရတယ်။ မိမိတို့ဘ၀ ထူးတဲ့ဘ၀ရနေတာ ၊ လူ့ဘ၀မှာဆိုရင် မနက်လင်းတာနဲ့ ကုသိုလ်ဘက် စိတ်မကူးဘူး။
လူချင်းတူပေမယ့် အသက်ရှုချင်း ကွာသေးတယ်။ လောကအများကို မကြည့်ပါနဲ့.. လောကီအာရုံနဲ့ နေချင်ရင် နတ်ပြည်မှာ ပေါပါတယ်။
တရားနဲ့ နေချင်ရင် လူ့လောကမှာ ကောင်းပါတယ်။
✏အရှင်ဇနကာဘိဝံသ
(( နံက်ခင်းသြ၀ါဒများ ))
®® မြတ်ပါရမီ
မြတ်ဗုဒ္ဓ၏ သာသနာ page.
No comments:
Post a Comment