* စိတ်ညစ်တဲ့ခါ ဘာလုပ်မလဲ ? *
~~~~~~~~~~~~~~~~~~~
လူ့ဘဝမှာ…
ဖြစ်ချင်တာတွေ မဖြစ်ကြတဲ့ခါ
စိတ်ညစ်ကြတယ်
မဖြစ်ချင်တာတွေ ဖြစ်ရတဲ့ခါ
စိတ်ညစ်ကြတယ်
ပြဿနာတက် ရန်တွေဖက်တဲ့ခါ
စိတ်ညစ်ကြတယ်
စိတ်ညစ်ကြတဲ့ခါ
စိတ်ရဲ့ထွက်ပေါက် ရှာကြတယ်
စိတ်တွေညစ်လို့ အရက်သောက်
စိတ်တွေညစ်လို့ ဖဲတွေရိုက်
စိတ်တွေညစ်လို့ ဟိုဒီလျှေက်သွား
စသည်စသည် အများကြီးပါပဲ
အဲဒါတွေဟာ…
စိတ်ထွက်ပေါက်ပေးတာ အပေးမှားပါပဲ
စိတ်တွေက ပို၍ပို၍
ညစ်သထက် ညစ်သွားမှာနော်
စိတ်တွေ ညစ်ကြတဲ့ခါ
ဝါသနာအပါဆုံး စိတ်အဝင်စားဆုံး
အပြစ်ကင်းတဲ့ အလုပ်တစ်ခုခု
လုပ်သင့်ပါတယ်
ကုသိုလ်အလုပ် တရားအလုပ်တွေ
လုပ်မယ်ဆိုရင်တော့
စိတ်ထွက်ပေါက်ပေးတာ
အမှန်ကန်ဆုံးပါပဲ
တရားအားထုတ်တယ်ဆိုတာ
စိတ်တွေညစ်နေလို့ သန့်ရှင်းစင်ကြယ်အောင် လုပ်တာပါပဲ
စိတ်တွေညစ်တယ်ဆိုတာ
လောဘဒေါသမောဟ အစရှိတဲ့
ကိလေသာတွေကြောင့် ညစ်တာပါ
ကိလေသာအညစ်တွေ ကင်းလေလေ
စိတ်က သန့်ရှင်းလေလေ
သန့်ရှင်းတဲ့ စိတ်က ကြည်လင်တယ်
လန်းဆန်းတယ် အေးချမ်းတယ်
စိတ်တွေညစ်ရင် တရားအားထုတ်ပါ
အရှင်ဉာဏာဝုဓ ( ဉာဏရောင်ခြည် )
No comments:
Post a Comment