စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, July 13, 2016

ဓာတ်​လုံးနှင့်​ ပုတီး

ဓာတ်​လုံး နှင့်​ ပုတီး
💢💢💢💢💢

   လူအများစုသည်​ အ​ကြောင်းအရာကိစ္စ တစ်​ခုခုကို ကိုယ်​တိုင်​ကိုယ်​ပိုင်​ဥာဏ်​ဖြင့်​ စဉ်းစားခဲသည်​။  အများအားဖြင့်​ သူ​ပြော..လူ​ပြောအများအပြားနှင့်​ပင်​ ပြီးသွားတတ်​ကြသည်​။ ယုံကြည်​သွားတတ်​ကြသည်​။ ယင်းလိုလူမျိုး​တွေ ​ပေါများ၍​နေခြင်း​ကြောင့်​ ဤ​လောကကြီးထဲ၌ လိမ်​ညာသူတို့ စားသာ​နေကြသည်​။ လိမ်​ညာသူ​တွေ ​ပေါများ​နေကြသည်​။

    လိမ်​ညာသူများကို အတန်းအစားခွဲလျှင်​ အကြမ်းဖျင်းအားဖြင့်​ နှစ်​မျိုး ​တွေ့ရှိနိုင်​သည်​။  တစ်​နည်းဆို​သော လိမ်​သူနှစ်​မျိုးကို အ​တွေ့ရ ၊ အကြုံရများသည်​။ ဘာသာ​ရေးကို ဗန်းပြ၍ လိမ်​သူကတစ်​မျိုး၊ စီးပွား​ရေးကို ​ဗန်းပြ၍ လိမ်​သူကတစ်​မျိုးဟူ၍ ဖြစ်​သည်​။

   စီးပွား​ရေးနှင့်​ပတ်​သက်​၍ ဓာတ်​လုံးကိုပြပြီး ညာကြ လိမ်​ကြသူတို့ ရှိကြသလို ဘာသာ​ရေးနှင့်​ ပတ်​သက်​၍ ပုတီးပြပြီး လိမ်​ညာကြသူများ ​ပေါများ​နေသည်​။ ယင်းဓာတ်​လုံးနှင့်​ ပုတီးတို့အ​ကြောင်းကို မိမိကိုယ်​တိုင်​ ​တွေ့ကြုံဖြစ်​ပျက်​ခဲ့ရ​သော ကိုယ်​​တွေ့ဖြစ်​ရပ်​ဖြင့်​ လူအများတို့ ရှင်းလင်းပြီး အလိမ်​အညာမခံကြရခြင်း​ဘေးမှ ကင်းရှင်း​စေရန်​ ​ဖော်​ပြအံ့..။

     မိမိသည်​ လွန်​ခဲ့သည့်​ ၁၃၇၂. ခုနှစ်​ဆီက ​တောင်​ဥက္ကလာပသို့ ​ရောက်​ရှိ နား​နေခိုက်​ဖြစ်​၏။ မိမိမှာ ဘာအလုပ်​မှ အလုပ်​ဘဲ နား​နေသည့်​အခါ အင်​မတန်​ပျင်းပြီး အချိန်​​တွေ ကုန်​ခဲလှ၍ ​ကျောင်းကဆရာ​တော်​သို့ ​လျှောက်​၏..

   `` ဆရာ​တော်​ဘုရား .. တပည့်​​တော်​လာတုန်းက​တော့ အနားယူချင်​လို့ လာတာပါပဲ၊ ဘာမှမလုပ်​ပဲ နား​နေ​တော့လဲ ​နေလို့မရပါ ၊ အချိန်​​တွေကုန်​ခဲပြီး ပျင်းလှပါတယ်​။ တစ်​ခုခု​တော့ လုပ်​မှနဲ့တူတယ်​.. ဘာလုပ်​ရပါ့မလဲဘုရား..´´

   `` ဒီလိုဆိုရင်​ ဒီ​ကျောင်း​ခြေရင်းက ​ကျောင်းဆရာ​တော်​က ​ဗေဒင်​​ဟောတယ်​၊ အဲ့ဒီဆရာ​တော်​ဆီမှာ ​ဗေဒင်​သင်​ပါလား´´ ဟု မိန့်​၏။ သို့နှင့်​ ​ဗေဒင်​ပညာကို သင်​ယူဖြစ်​ခဲ့၏။ ​ဗေဒင်​သင်​ယူ​နေသည့်​ အချိန်​များမှာ စိတ်​၀င်​စားပြီး  အပျင်း​ပြေပါ၏။ မိမိသည်​ နဂိုက​ဗေဒင်​ပညာ အခံရှိထားသဖြင့်​ မကြာမီတတ်​သွားသည်​။
ထို့​နောက်​ ဆရာ​တော်​သည်​ ဓာတ်​လုံးထိုးသင်​ရန်​ မိန့်​၏။ မိမိသည်​ သူများ​တွေဓာတ်​လုံးထိုးသည်​ကို ကြည့်​ပြီး အင်​မတန်​ပျင်းသည်​။ သို့​သော်​ အနားယူခိုက်​ ပျင်းပျင်းနှင့်​ပင်​ မပျင်း​အောင်​ ဓာတ်​လုံးထိုး​တော့သည်​။ တကယ်​ဓာတ်​လုံးထိုး​သောအခါ မပျင်းအား​တော့..။ အင်​မတန်​စွဲသွားသည်​။ မိမိထိုး​သော ဓာတ်​လုံးမှာ ဣစ္ဆာသယဓာတ်​လုံးဖြစ်​၍ ပိုစိတ်​၀င်​စား​နေသည်​။ ကြိုးစားထိုးရာ ​ခြောက်​လ​ကျော်​​ကျော်​ကြာသွား​သောအခါ မိမိ၏ ဓာတ်​လုံးကိုလဲ အထင်​ကြီး​နေသည်​။

   တစ်​​နေ့ ရုက္ခစိုး ဒကာမကြီး ​ကျောင်း​ရောက်​လာသည်​။ ဗဟုသုတဖြစ်​ချင်​.. သိချင်​သည်​နှင့်​ ရုက္ခစိုး ဒကာမကြီးအား ဓာတ်​လုံးကိုထုတ်​ပြသည်​။
   `` ဒကာမကြီး.. ဦးဇင်းဓာတ်​လုံး ဘယ်​​လောက်​စွမ်းလဲ ကြည့်​​ပေးစမ်းပါ..´´
သူသည်​ ​သေ​သေချာချာယူ၍ ​ကြည့်​ပါသည်​။ ထို့​နောက်​.. `` ဟင်​.. ဦးဇင်းဓာတ်​လုံးကလည်း ယခုမှ အသက်​၀င်​ကာစ​လေး ရှိ​သေးတယ်​၊ ဘာမှမစွမ်း​သေးပါဘူး..´´ ဟု​ပြော၏။

   မိမိသည်​ ဓာတ်​လုံးကို အ​တော်​အထင်​ကြီးထားသည်​။ မစွမ်း​သေးဘူး၊ အသက်​၀င်​ခါစ​ လေးရှိ​သေးတယ်​ဆို​တော့ မ​ကျေနပ်​၊ မခံချင်​သည်​နှင့်​ မိမိအမြဲတမ်းစိပ်​​​နေသော ပုတီးကိုယူကာပြပြန်​သည်​။
       ထိုအခါ ဒကာမကြီးက ဓာတ်​လုံးကဲ့သို့ အ​သေအချာကြည့်​ပြီး..
`` ဦးဇင်း ပုတီးက တယ်​စွမ်းပါလား.. ဒီပုတီးနဲ့ ​ဆေးကုပါလား..´´ ဟု ​ပြော၏။ မိမိက ဓာတ်​လုံးစွမ်းချင်​​နေသည်​။ ပုတီးစွမ်းချင်​​နေသည်​ မဟုတ်​။ ယခုမူ ဓာတ်​လုံးကမစွမ်း၊ ပုတီးကစွမ်းသည်​ဆို၍ ပိုပြီးမခံချင်​ဖြစ်​ကာ ..

   ``` ဒကာမကြီးကလဲ ဘာဖြစ်​လို့ ဒီဓာတ်​လုံးက မစွမ်းဘဲ ပုတီးကစွမ်းရတာလဲ၊ ဓာတ်​လုံးထိုးလိုက်​ရတာ လူဖြင့်​ ​သေ​တော့မယ်​..။ °´´
    
    ``` အို.. ဦးဇင်းကလဲ ပုတီးစိပ်​တယ်​ဆိုတာ ဒီပုတီးလုံး​လေး​တွေကို ဂါထာစုတ်​သလို​ပေါ့ ဦးဇင်းရဲ့..၊
အင်း၊ အိုင်​ လက်​ဖွဲ့​တွေ ဂါထာစုတ်​​တော့ ၇ အုပ်​၊ ၃၇-အုပ်​ စသည်​စုတ်​တာနဲ့​တောင်​ စွမ်းတယ်​ဆို​တော့ ဦးဇင်းပုတီးက နှစ်​​ပေါင်းများစွာ စိပ်​ထားတာပဲ..၊ ဘုရားဂုဏ်​၊ တရားဂုဏ်​၊ သံဃာဂုဏ်​​ပေါင်းများစွာနဲ့ ဂါထာစုတ်​ထားသလိုဖြစ်​လို့ စွမ်းတာ​ပေါ့... ´´´ ဟု ​ပြောပါသည်​။

   ဟုတ်​ပါသည်​။
ပုတီးဟူသည်​ အလုက်​သမား​တွေ ကုန်​တင်​ကုန်​ချလုပ်​ကြရာတွင်​ တာလီစာ​ရေးက​ပေး​သော တာလီတုတ်​​လေးများ ကဲ့သို့ပင်​ ဖြစ်​ပါသည်​။ ယင်း.. တာလီတုတ်​​လေးများကို ဘာ​ကြောင့်​ ​ပေးသနည်း။ ကုန်​ထမ်း​သော​ကြောင့်​ ​ပေးပါသည်​။ ပုတီးလုံး​လေးများသည်​ တာလီတုတ်​နှင့်​တူပါ၏။ ဂုဏ်​​တော်​​တွေကို ရွတ်​ဆိုပွားများခြင်းသည်​ ကုန်​ထမ်းသည်​နှင့်​ တူပါသည်​။

  တာလီတုတ်​သည်​ ကုန်​ထမ်း၍ ရခြင်းဖြစ်​ရာ .. ကုန်​မထမ်းလျှင်​ တာလီတုတ်​မရပါ။ သို့ဖြစ်​၍ တာလီတုတ်​နှင့်​တူ​သော ပုတီးလုံးသည်​ ပဓာနမဟုတ်​ပါ။ ​နေ့နံသား ဟုတ်​..ဟုတ်​၊ မဟုတ်​ဟုတ်​.. မဆိုင်​ပါ။
ပဓာနမှာ ကုန်​ထမ်းသည်​နှင့်​တူ​သော ဂုဏ်​​တော်​ကို ရွတ်​ဆိုပွားများမှုသာ ဖြစ်​ပါသည်​။ ဂုဏ်​​တော်​ကို ရွတ်​ဆိုပွားများပြီး ပုတီးမကိုင်​ဘဲ ​ကျောက်​ခဲတုံးက​လေး​တွေနှင့်​ မှတ်​လျှင်​လဲရပါသည်​။ အမှတ်​သ​င်္ကေတမပြုဘဲ ရချင်​သ​လောက်​ ရပါ​စေဆိုပြီး မမှတ်​ဘဲ ပွားများလျှင်​လဲ ရပါသည်​။ ဤသ​ဘောကို မသိသူများသည်​ ပုတီးကို ​နေ့နံ ကိုက်​​သော အသားကို ​ရွေးကြသည်​။ ပုတီး​ပေါ်မှာဘဲ ​သောင်​တင်​​နေကြသည်​။ ဤသ​ဘောကို သိသွားပါမူ ပုတီး​ပေါ် ​သောင်​တင်​စရာမလို​တော့ပြီ။

   မှန်​ပါသည်​။
ပုတီးသည်​ မည်​သည့်​သစ်​သား၊ မည်​သည့်​ကြိုးဖြင့်​ ပြုလုပ်​ထားသည်​ ဖြစ်​ပါ​စေ.. ဂုဏ်​​တော်​များ ရွတ်​ဆိုပွားများမှုသာ အဓိကဖြစ်​ပါ၍ ရွတ်​ဆိုပွားများမှု့များလျှင်​ လူတွင်​သာမက ပုတီးမှာပါ အစွမ်းတက်​လာသည်​ကို ယခုပြခဲ့သည့်​ သာဓကဖြင့်​ သိနိုင်​ပါသည်​။

   ပုတီးဟူသည်​မှာ စိပ်​နိုင်​ပါမှ အစွမ်းထက်​​ကြောင်းသိပြီး ပုတီးဖြင့်​ အလိမ်​အညာ မခံရ​အောင်​ ​ရှောင်​ပါ။

   ဓာတ်​လုံးဆိုသည်​မှာ လ​ပေါင်းများစွာ နှစ်​​ပေါင်းများစွာ ဖိုထိုးစီမံ အားထုတ်​ပါ​သော်​လည်း အသက်​၀င်​ကာစ ရှိပါ​သေးသည်​။ မစွမ်း​သေးပါဘူးဟု သိပြီး ဓာတ်​လုံးအ​ရောင်​ပြ၍ အလိမ်​အညာ မခံရ​အောင်​ ​ရှောင်​ပါ။

   အတုအ​ယောင်​ အလိမ်​အညာ​ပေါ​သော ​လောကကြီးထဲမှာ အလိမ်​အညာခံရသည့်​ ​ဘေးမှ ကင်းလွတ်​နိုင်​ကြပါ​စေကုန်​သတည်း။

®®® အားလုံးသန္တာန်​ အမြင်​မှန်​ လျင်​မြန်​ရ​စေ​သော်​၀်​.. ..

[[ ၁၉၉၄- ခုနှစ်​ ၊ စက်​တင်​ဘာလထုတ်​ ဓမ္မရံသီ မဂ္ဂဇင်း ၊ စာ -၄၉ ]]

★ ★ ★ဓမ္မဒူတ အရှင်​ပ​ညာ​ဇောတ   

ဓမ္မမိတ်​​ဆွေသူ​တော်​စင်​များ အားလုံး​ကောင်းကျိုးချမ်းသာ အဖြာဖြာနှင့်​ ပြည့်​စုံနိုင်​ကြပါ​စေ။
   ✏ မြတ်​ပါရမီ
မြတ်​​ဗုဒ္ဓ၏ သာသနာpage..

No comments:

Post a Comment