သီလတန်ဖိုး
************
သီလဝတ်စုံ၊ ကိုယ်စီရုံကာ၊ ပြိုင်စမ်းပါ။
ကြောက်စရာမှန်သမျှ ပျောက်လိမ့်မည်။
ချမ်းသာမှန်သမျှ ရောက်လိမ့်မည်။
မြန်စွာအမတ ပေါက်လိမ့်မည်။
လေအောက်, လေညာ၊ နေရာမရွေး၊ သင်းပျံ့မွှေး၊
ဖြူဖွေးသီလ၊ စောင့်ထိန်းကြ။
ကိုယ်ကျင့်သီလ၊ ဖြူစင်က၊ ဆန္ဒလိုရာ ပြည့်လိမ့်မည်။
နှစ်တစ်ရာပင်၊ သက်ရှင်စဉ်လည်း၊ ကိုယ်တွင်သီလ၊ ကင်းမဲ့က၊
လောက လူဖြစ်ရှုံး။
တစ်ရက်မျှပင်၊ သက်ရှင်စဉ်လည်း၊ ကိုယ်တွင်သီလ၊
ပြည့်စုံက၊ လောက အမြတ်ဆုံး...။
( မန္တလေး ရွှေကျင်တိုက်မကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစိတ္တမဟာထေရ် )
××××××××××××}{&}}}&}&××××××××××
သီလပျက်က ပြစ်ငါးဝ
** ** ** ** ** **
၁. သီလပျက်သူသည် မေ့မေ့လျော့လျော့ များခြင်းကြောင့် ဥစ္စာစီးပွား ဆုံးရှုံးသွား၏။
၂. ဆွေဂုဏ် မျိုးဂုဏ် ပျက်အောင် မကောင်းသတင်း ထွက်လာတတ်၏။
၃. မည်သည့်ပရိတ်သတ်၊ မည်သည့်အစည်းအဝေးမဆို မျက်နှာညှိုးငယ် သွားရတတ်၏။
၎. တွေတွေဝေေ၀ သေဆုံးရတတ်၏။
၅. သေပြီးနောက် အပါယ် ( ၄ )ပါး သို့ ရောက်ရ၏။
✏ သာမဏေကျော်
No comments:
Post a Comment