အနိစ္စ ဒုက္ခ အနတ္တ
•••••••••••••
- ဤခန္ဓာငါးပါးအပေါင်းသည် ကုန်ခန်းတက်သောအနက်သဘောကြောင့် အနိစ္စမည်၏။
-ဣမေပဉ္စက္ခန္ဓာ ခယဋ္ဌေန အနိစ္စံ
-ဤခန္ဓာငါးပါးအပေါင်းသည်
ပျက်စီးချို့ယွင်းတက်သော အနက်သဘောကြောင့် အနိစ္စမည်၏။
-ဣမေပဉ္စက္ခန္ဓာ ဝယဋ္ဌေန အနိစ္စံ
-ဤခန္ဓာငါးပါးအပေါင်းသည်
မတည်မမြဲ ဖောက်လွှဲဖောက်ပြန်
ဖြစ်သည်မှန်၍ အနိစ္စမည်၏။
-ဣမေပဉ္စက္ခန္ဓာ အဓူဝဋ္ဌေန အနိစ္စံ
-ဤခန္ဓာငါးပါးအပေါင်းသည် ဘေးကိုပြုတက်သော သဘောကြောင့် ဒုက္ခမည်၏။
-ဣမေပဉ္စက္ခန္ဓာ ဘယဋ္ဌေန ဒုက္ခံ
-ဤခန္ဓာငါးပါးအပေါင်းသည်ဇာတိ ဇရာ ဗျာဓိ မရဏ တည်းဟူသော ဘေးကြီးလေးပါးတို့ သည်စပ်ကာစပ်ကာ နှိပ်စက်တက်သော အနက်သဘောကြောင့် ဒုက္ခမည်၏။
-ဣမေပဉ္စခန္ဓာ ပဋိပီဠန ဋ္ဌေနဒုက္ခံ
-ဤခန္ဓာငါးပါးအပေါင်းသည် အစိုးမရသောအနက်သဘောကြောင့် အနတ္တမည်၏။
-ဣမေပဉ္စခန္ဓာ အသာမိကဋ္ဌေန
အနတ္တာ
-ဤခန္ဓာငါးပါးအပေါင်းသည် အလိုသို့ မလိုက်သော သဘောကြောင့် အနတ္တမည်၏။
-ဣမေပဉ္စက္ခန္ဓာ အဝသဝတ္တနဋ္ဌေန အနတ္တာ
-ဤခန္ဓာငါးပါးအပေါင်းသည် အနှစ်သာရမရှိသော သဘောကြောင့် အနတ္တမည်၏။
-ဣမေပဉ္စက္ခန္ဓာ အသရကဋ္ဌေန အနတ္တာ
-ဤခန္ဓာငါးပါးအပေါင်းသည် ဗျာပါရ မရှိသော အနက်သဘောကြောင့် အနတ္တမည်၏။
ဣမေပဉ္စက္ခန္ဓာ နိဗျာပါရဋ္ဌေန အနတ္တာ
………………………
Aung Kyaw Tun
No comments:
Post a Comment