စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 19, 2016

ယခုဘ၀၌ အရိယာမဖြစ်​နိုင်​​သော အင်္ဂါ

ယခုဘဝ၌ အရိယာ မဖြစ်နိုင်သော အင်္ဂါ ၅ ပါး
============================
၁။ ကျွတ်ထိုက်သောပါရမီ ရှိပါသော်လည်း ကာမဂုဏ်
    တရားတို့ကို ထိုက်သည့်အာလျော်စွာ မစွန့် ခဲ့လျင်
    သော်လည်းကောင်း အာအင်ပျော့ကာ အိုမင်းမစွမ်း
    ရှိလာခဲ့လျင်သော်လည်းကောင်း မဂ်ဖိုလ် ကိုမရနိုင်။

၂။ကာမဂုဏ်တို့ကို့ စွန့် ၍ကြိုးကြိုးကုတ်ကုတ်အားထုတ်
   ပါသော်လည်း ဆရာကောင်းကို မရခဲ့ပါမူ မဂ်ဖိုလ် ကို
   မရနိုင်။

၃။ဆရာကောင်း ကိုတွေ့ ပါသော်လည်း ဝီရိယ ကိုလုံ
    လောက်စွာအားထုတ်ခြင်း မရှိပါလျင် မဂ်ဖိုလ် ကိုမ
    ရနိုင်။

၎။အားထုတ်ပါသော်လည်း ငယ်လျက်မကျန်းမာသော်
  လည်းကောင်း အရွယ်ကြီးမြင့် အိုမင်းမစွမ်းဖြစ်နေပါ
  သော်လည်းကောင်း တွင်ကျယ်စွာအားမထုတ်နိုင်၍
  မဂ်ဖိုလ် ကိုမရနိုင်။

၅။မဂ်ဖိုလ် ကိုရဖို့ ပါရမီရှိပါသော်လည်း ကံ ကြီးငါးပါး
   ပြစ်မှားမိခြင်းကြောင့် မဂ်ဖိုလ် ကိုမရနိုင်။

>>>အထူးမှတ်ရန်ကား
***အထက်ပါအချက် ၅ ချက် မှ တစ်ပါးပါး နှင့်ငြိနေပါက
     ယခုဘဝ မဂ်ဖိုလ် မရနိုင်ချေ။

သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
20/7/2016

No comments:

Post a Comment