စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 19, 2016

ကောင်းတာဆိုတန့်ဆုတ်​ တွန့်္မဆုတ်​..

ကောင်းတာဆို တန့်​ဆုတ်​တွန့်​ဆုတ်
✨✨✨✨✨✨✨✨✨
   သူ​တော်​​ကောင်း​တွေ  ဘ၀ဆုံးတာက ရဟန္တာဖြစ်​မှပါ။
   ကိုယ့်​ကိုယ်​ကို အမှတ်​တမဲ့ မ​နေကြပါနဲ့။ ​မေ့​လျော့​နေတတ်​သူ​တွေကို မ​မေ့တဲ့သူ​တွေက ​ကျော်​လွှားသွားကြပါတယ်​။ စကားလဲသိပ်​မ​ပြောကြနဲ့။ အလုပ်​ လုပ်​စရာရှိရင်​ လုပ်​၊ မရှိရင်​ တရားနှလုံးသွင်း​နေ။ မ​မေ့တဲ့သူက ဒီဘ၀တွင်​ မကဘူး၊ ​နောင်​သံသရာမှာလဲ အထက်​ကပါပဲ။ ဒီ​ကျောင်းမှာ ကိုရင်​​လေး​တွေကအစ ရပ်​မ​နေကြပါနဲ့၊  ကိုယ်​​တော်​ကြီး​တွေကလဲ တိုး​ပေးကြပါ။ သူများ​တစ်​လှမ်းသွားရင်​ ကိုယ်​က ​လေးငါးလှမ်း သွားရတယ်​။ ​နေ့ရှိသ​ရွေ့ ၀ီရိယတို့ကို ​လျှော့မ​ပေးပါနဲ့..။ ​ရှေ့တိုး​ပေးပါ။

   သတိဆိုတာ မ​ကောင်းတာ​ရော ​ကောင်းတာ​ရော ရှိထားရတယ်​။

     လူဆိုတာ ​ကောင်းတာဘက်​ သွားရ, လုပ်​ရမယ်​ဆိုရင်​ တွန်းဆုတ်​ တွန့်​ဆုတ်​နဲ့..ပျင်းတတ်​ကြတယ်​။

       📙 အရှင်​ဇနကာဘိဝံသ
✏ မြတ်​ပါရမီ
မြတ်ဗုဒ္ဓ၏ သာသနာ

No comments:

Post a Comment