မိဘကျေးဇူးကျေအောင်ဆပ်နည်း
🌟🌟🌟🌟🌟🌟🌟🌟
မိဘကျေးဇူးကိုသိပြီး ကျေအောင်ပြန်ဆပ်မယ်ဆိုရင် လောကမှာရှိတဲ့ ပစ္စည်းဥစ္စာတွေ ( ရွှေ ငွေ စသည်ပေါ့လေ)
တောင်ပုံရာပုံ ပုံပြီးပေးပေမဲ့ မိဘကျေးဇူးမကျေပါဘူးတဲ့။ သားသမီးတွေက တတ်နိုင်လို့ လောကမှာ စကြာမင်း တို့ရဲ့
စည်းစိမ်ချမ်းသာများကို ရအောင်လုပ်ပေးတာတောင် မိဘကျေးဇူးမကျေပါဘူးတဲ့ ။ အဲဒီလောက်ထိအောင် မိကျေးဇူးဟာ
ကြီးမားပါတယ်။
ဘယ်လိုဆပ်မှကျေနိုင်သလဲဆိုရင်-
( ၁ ) အသဒ္ဓေ သဒ္ဓါ သမ္ပဒါယ သမာဒပေတိ.....တဲ့။
- သဒ္ဓါ တရားမရှိတဲ့ မိဘတွေ သဒ္ဓါတရားရှိအောင်သဒ္ဓါတရားနဲ့ပြည့်စုံအောင်သားသမီးတွေကတိုက်တွန်းပေးရတယ်။
- ဘုရား ၊တရား ၊ သံဃာ ရတနာသုံးပါးကို မကြည်ညိုသေးရင် ကြည်ညိုလာအောင် ကံ ကံ၏အကျိုးကို မယုံကြည်သေးရင် ယုံကြည်လာအောင် တိုက်တွန်း အားပေးရပါတယ် ။
( ၂ ) ဒုဿီလေ သီလ သမ္ပဒါယ သမာဒပေတိ.....တဲ့။
- သီလ မရှိသေးတဲ့ သီလအားနည်းနေသေးတဲ့ မိဘတွေကို သီလနဲ့ ပြည့်စုံအောင် ၊ သီလဆောက်တည်နိုင်အောင်
- တိုက်တွန်းအားပေးရတယ် ။ “ ဖေဖေ မေမေ ဒီနေ့ ဥပုသ်နေ့ ဖြစ်တယ် ။ ကျောင်းသွားပြီးတော့ဥပုသ်ဆောက်တည်ပါ ။ ဖေဖေ မေမေတို့ စားဖို့ သောက်ဖို့ သားတို့သမီးတို့အဆင်သင့်ပြုလုပ်ထားပါတယ် “ စသည်ဖြင့် သီလဆောက်တည်နိုင်အောင် တိုက်တွန်းအားပေးရတယ် ။
( ၃ ) မစ္ဆရီ စာဂ သမ္ပဒါယ သမာဒပေတိ.....တဲ့။
- စွန့်ကြဲပေးကမ်းလှူ ဒါန်းမူ အားနည်းနေသေးတဲ့ မိဘတွေကို စွန့်ကြဲပေးကမ်းလှူဒါန်းနိုင်အောင် အားပေးရတယ်၊ တိုက်တွန်းရတယ် ။
( ၄ ) ဒုပ္ပညေ ပညာသမ္ပဒါယ သမာဒပေတိ.....တဲ့။
- အသိအလိမ္မာ ညဏ်ပညာ အားနည်းနေသေးတဲ့ မိဘတွေကို အသိအလိမ္မာ ညဏ်ပညာ နှင့်ပြည့်စုံအောင် တိုက်တွန်း အားပေးရတယ် ။ “ ဖေဖေ မေမေ ကျေားင်းသွားပြီးတော့တရားနာပါ ။ ရိပ်သာသွးပြီးတော့ တရားအားထုတ်ပါ ။ စားရေးသောက်ရေးတွေဘာမှ မပူပါနဲ့ သားတို့ သမီးတို့ တာဝန်ယူပါတယ် “ လို့စသည်ဖြင့် တိုက်တွန်းအားပေးရတယ် ။
-
- အဲဒီလို တိုက်တွန်းအားပေးလို့ မိဘတွေမှာ သဒ္ဓါ ၊ သီလ ၊ စာဂ ၊ ပညာ တရားတွေနဲ့ ပြည့်စုံသွားပြီဆိုရင် အထူးအားဖြင့် ၀ိပဿနာညဏ် ၊ အရိယာမဂ် ညဏ် ၊ ဖိုလ် ညဏ်တွေနဲ့ ပြည့်စုံသွားပြီဆိုရင်တော့ အဲဒီလိုမှမိဘကျေးဇူးကျေပါတယ် ......တဲ့ ။ဒါကြောင့် သားသမီးတွေကလည်း မိမိတို့အချိန်တန်အရွယ်ရောက်တဲ့အခါမှာ အသက်အရွယ်ကြီး ရင့်တဲ့ မိဘတွေကို ပြန်ပြီးပြုစုလုပ်ကျွေးခြင်းအားဖြင့် လောကကျေးဇူးနဲ့ဆပ်ရသလို အသိ အလိမ္မာ ညဏ်ပညာ နဲ့ ပြည့်စုံအောင် ၀ိပဿနာညဏ်၊အရိယာမဂ်ညဏ်ဖိုလ်ညဏ်တွေနဲ့ပါ ပြည့်စုံ အောင်
လောကုတ္တရာဘက်က ကျေးဇူးနဲ့လည်းပြန်ပြီးတော့ ဆပ်ရပါတယ် ။
မိဘတိုင်းအားမြတ်နိုးကြည်ညိုခြင်းဖြင့်
ခင်မိုးညို .blog မှ ကူးယူဖော်ပြပါသည်။ဲ
No comments:
Post a Comment