စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 19, 2016

ကုသိုလ်​က အကုသိုလ်​ထက်​အား​ကောင်းသည်

ကုသိုလ်က အကုသိုလ်ထက် အားကောင်း၏
----------------------------------------------------------
            ဗုဒ္ဓအဘိဓမ္မာအရဆိုလျှင် လိုချင်ခြင်းသည်
'လောဘ' ဖြစ်၏။ စွန့် လွှတ်ခြင်းသည် 'အလောဘ'
ဖြစ်၏။ လောဘသည် အကုသိုလ်ဖြစ်၏။ အလောက
သည် ကုသိုလ်ဖြစ်၏။ ကုသိုလ်က အကုသိုလ်ထက်
အားကောင်း၏။ ထို့ ကြောင့် လိုချင်သဖြင့်ရသော အကျိုး
တရားများထက် မလိုချင်ဘဲနှင့်ရသော အကျိုးတရားများ
က ပို၍မြင့်မား၏။ ပို၍လည်း စင်ကြယ်၏။ ပို၍လည်း
သန့် ရှင်း၏။ သိဒ္ဓတ္ထမင်းသားသည် သုမေဓာဘဝမှစ၍
ဖြစ်လေရာဘဝတိုင်း ဘဝတိုင်း၌ လောကအတွက် အနစ်နာခံခဲ့၏။ လောကအတွက် စွန့် လွှတ်ခဲ့၏။ သူ၏အ
နစ်နာခံခြင်းသည်လည်းကောင်း သူ၏စွန့် လွှတ်ခြင်းသည်လည်းကောင်း လွတ်လွတ်အနစ်နာခံခြင်းဖြစ်၏။
ထို့ ကြောင့် ဘဝတိုင်း ဘဝတိုင်း၌ အလောင်းတော်သည် ပစ္စည်းဥစ္စာအားဖြင့်ဖြစ်စေ ရာထူးအားဖြင့်ဖြစ်စေ
နှစ်မျိုးလုံး၌ဖြစ်စေ မြင့်မားသည်က များလေ၏။ ပညာအားဖြင့်ကား ဖြစ်လေရာ ဘဝတိုင်း ဘဝတိုင်း၌ မြင့်
သည်သာဖြစ်၏။    (စာ-ဆ)

         ဆရာကြီးဦးရွှေအောင်
         ဗုဒ္ဓလောကသားတို့ အနှိုင်းမဲ့ကျေးဇူးရှင်

No comments:

Post a Comment