စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, July 18, 2016

မဇျ္စိမပဋိပဒါ..

ဓမ္မစကြာဒေသနာတော်လာ"မဇ္ဈိမပဋိပဒါ"နည်းဥပမာ
================================
***ပန်းတစ်ပွင့်ကိုခူးမည်ဆိုပါက ပထမဦးစွာ ပန်းပင်
ပေါ်၌ ပန်းကိုတွေ့ အောင်ရှာရမည်။ ထို့နောက် မာသော
မြေနေရာကို ရှာရမည်။
***ထို့နောက်မာသောမြေနေရာ၌ လှေကားကိုထောင်ရ
မည်။ ထို့နောက်တက်ခူးရမည်။
***ထို့နောက် ပန်းပွင့်ကို အထက်အောက် လှန်ကြည့်ရ
မည်။ထို့နောက် ပန်းပွင့်နှင့်ပတ်သက်၍ အကောင်းအဆိုး
ဆုံးဖြတ်ရမည်။

ထိုနည်းတူစွာပင်
>>>ပန်းပွင့်ကိုတွေ့ အောင်ရှာခြင်းနှင့် တရားအာရုံတွေ့
      အောင်ရှာခြင်း တူပါ၏။ ယင်းကို "သမ္မာသတိ" ဟု
      ခေါ်ပါ၏။
>>> မာသောမြေနေရာ နှင့် သီလ သည်တူ၏။ သီလ
       တွင် "သမ္မာဝါစာ သမ္မာကမန္တ သမ္မာအာဇီဝ"တို့ပါ
       ဝင်ပါ၏။
>>>လှေကားထောင်ခြင်း သည် ဝီရိယ ထားခြင်းနှင့်တူ
       ပါ၏။ ယင်းကို "သမ္မာဝါယမ"ဟုခေါ်ပါ၏။
>>>ပန်းခူးခြင်းသည် တရားအာရုံယူလိုက်ခြင်းနှင့်တူပါ
       ၏။ ယင်းကို "သမ္မာသမာဓိ"ဟုခေါ်၏။
>>>ပန်းပွင့်ကိုဟိုဘက်ဒီဘက်ထက်အောက်လှန်ခြင်း
      သည် တရားအာရုံကိုကြံစည်ခြင်းနှင့်တူပါ၏။ယင်း
      ကို"သမ္မာသင်္ကပ္ပ"ဟုခေါ်၏။
>>>ပန်းပွင့်အပေါ်ကောင်းမကောင်းဆုံဖြတ်ခြင်းသည်
      တရားအပေါ် နိစ္စလား အနိစ္စလား ဒုက္ခလား သုခ
      လား အတ္တလား အနတ္တလား အမှန်သိအောင်ကြည့်
      မြင်သောဉာဏ်နှင့်တူ၏။ ယင်းကို "သမ္မာဒိဋ္ဌိ"ဟု
      ခေါ်၏။
#ဤသည်မှာ "ဓမ္မစကြာဒေသနာ" တော်လာ"မဇ္ဈိမပဋိ
   ပဒါ"နည်းအရ "မဂ္ဂင်ရှစ်ပါး"စလုံးပါဝင်ပါ၏။
ဤသဘောဖြင့်သာ ပဉ္စဝဂ္ဂီငါးပါးတို့သည် အရိယာနွယ်
သို့ရောက်ခဲ့ခြင်းဖြစ်ပါ၏။

**သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
19/7/2016 (Tueday )
၁၃၇၈ ခုနှစ် ဝါဆိုလပြည့်နေ

No comments:

Post a Comment