လူသေဖို့ထက် ကိလေသာသေဖို့က ပိုအရေးကြီး
#############################
မြတ်စွာဘုရားရှင်လက်ထက်တုန်းက ဝေသာလီမြို့မှာ
``သီဟာ´´ဆိုတဲ့ အမျိုးကောင်းသမီးတစ်ဦးဟာ
မြတ်စွာဘုရားဟောတဲ့တရားကို နာရပြီး သဒ္ဓါတရားတွေထက်သန်လာတဲ့အတွက် ရဟန်းပြုလိုက်ပါတယ်။
ရဟန်းပြုပြီးနောက် ဝိပဿနာအလုပ်ကို ကြိုးကြိုးစားစား အားထုတ်ပေမယ့် ကိလေသာကြောင့် သမာဓိမရနိုင်ပဲ စိတ်တွေ ပျံ့ လွင့်နေခဲ့ပါတယ်။
ရာဂကိလေသာရဲ့ နှိပ်စက်မှုဒဏ်ကြောင့် စိတ်ဆင်းရဲနေတဲ့ သီဟာထေရီမဟာ လူပြန်ထွက်လျှင် ရှက်စရာ
ဖြစ်မှာမို့ ကိုယ့်ကိုယ်ကို သတ်သေမည်ဟု တွေးပြီးကြိုးကို လည်ပင်းမှာစွပ်နေတော့ပါတယ်။
ထိုစဉ် အမြဲအားထုတ်နေကျ သတိပဌာန်တရားက
စိတ်အစဉ်မှာထင်ရှားလာပြီး ဖြစ်ပျက်မြင်တဲ့ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုဉာဏ်တွေအဆင့်ဆင့်တက်ကာ
ရဟန္တာဖြစ်သွားပြီး လည်ပင်းကကြိုးကွင်း အလိုလိုပြေလျှော ကျသွားပါတော့တယ်။
~~~~~~~~~~~~
စိတ်ပညာရှင်တွေရဲ့ သူတေသနပြုချက်အရ လူတိုင်းလူတိုင်း တစ်သတ်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တဲ့စိတ်
ဖြစ်ဖူးကြတယ်လို့ဆိုပါတယ်။
ဘယ်လိုမှ စိတ်မထိန်းနိုင်တော့လို့ သတ်သေတော့မယ်
ဆိုရင်လည်း ``သေခါနီးလေး ဝိပဿနာတော့ အားထုတ်လိုက်အုံးမယ်´´ဆိုပြီး ကိုယ်ရှုမှတ်နေကျ
နည်းနဲ့ တရားလေး အားထုတ်ကြည့်လိုက်ပါဦး
သီဟာ ထေရီမလို လူမသေပဲ ကိလေသာသေပြီး
ရဟန္တာဖြစ်မသွားဘူးလို့ မပြောနိုင်ပါ ရဟန္တာမဖြစ်လည်း
သောတာပန်ပေါ့ ၊ သောတာပန်မဖြစ်လည်း ဖြစ်ပျက်ဉာဏ်ပေါ့ ၊ ဖြစ်ပျက်ဉာဏ်မရလည်း စိတ်အေးချမ်းမှုပေါ့။
တကယ်တော့လည်း လူသေဖို့ထက် ကိလေသာသေဖို့
ပိုအရေးကြီးပါတယ်လေ။။
❆ ❆ အရှင်ဆန္ဒာဓိက❆ ❆
No comments:
Post a Comment