- ခဏိက သမာဓိ
ခဏိကသမာဓိ ဆိုတာ ခဏလေးဖြစ်ပြီး
ပျက်သွားတာကိုပြောတာ
မဟုတ်ပါဘူး။ ခဏ အခိုက်လေးတွေ
အခိုက်ပေါင်းများစွာ သိလိုက်ရတဲ့အခါ
အများကြီး ဖြစ်သွားတယ်။
စွမ်းအားတွေ ပြည့်သွားတယ်။
ဒါကို ခဏိကသမာဓိလို့ ပြောတာ
ဖြစ်ပါတယ်။
ဖြစ်တဲ့ အခိုက်ကလေးကို သိတယ်။
ဖြစ်ခိုက် တစ်ရာ ရှိရင် သိတဲ့
အခိုက်ပေါင်းကလည်း တစ်ရာ
ရှိသွားပါမယ်။ တစ်ရာလုံးလုံး
စဉ်ဆက် မပြတ် သိတယ်,
သမာဓိရသွားတယ် ဆိုရင်
ဒါ ခဏိက သမာဓိပဲ။
တစ်ရာ ဆိုတော့ အားရှိပြီပေါ့။
တစ်ကြိမ်ထဲ သိတာ မဟုတ်ဘူး။
ခဏလေး သိပြီး ပျောက်သွားတာမျိုး
မဟုတ်ဘူး။ အာရုံကလည်း
ဖြစ်တဲ့ အခိုက်ကလေး,
သိတဲ့ စိတ်ကလည်း သိတဲ့
အခိုက်ကလေး , အခိုက်ပေါင်း
မြောက်များစွာ ရာ,ထောင်ချီ
သွားကြတဲ့အခါ ကျတော့
သမာဓိစွမ်းအားဟာ ဒရစပ် ဖြစ်လာပြီး
ခဏိက သမာဓိ ဆိုတာလည်း
စွမ်းအားပြည့်တဲ့ သမာဓိ တစ်ခု
ဖြစ်လာပါတယ်။
ဝိပဿနာ အားထုတ်လို့ရှိရင်
အခိုက်ပေါင်း များစွာကို စဉ်ဆက်မပြတ် အာရုံလေးပေါ်မှာ စိုက်ကျနေတဲ့
ခဏိကသမာဓိ ရှိပြီဆိုရင်
ဝိပဿနာဖြစ်တယ်။ အဲဒီ
သမာဓိမျိုးလောက်မှ မရှိရင်
ဝိပဿနာ မဖြစ်ဘူး။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ခဏိက သမာဓိဆိုတာ ဝိပဿနာရှုဖို့
လုံလောက်တဲ့ သမာဓိပါ။
ဝိပဿနာ ရှုဖို့ လုံလောက်တဲ့
သမာဓိက အပိုင်း သုံးပိုင်းရှိတယ်။
သမာဓိဆိုတာက တည်ကြည်တာ။
အရှုခံမှာ စိတ်ကလေး တည်နေရမယ်။
စိတ်ဟာ ကြည်လင်နေရမယ်။
တည်ရုံဘဲတည်ပြီး မကြည်ရင် သမာဓိ
မဖြစ်သေးဘူး။
ဘာကိုဘဲ ရှုရှု အရှုခံမှာ စိတ်ဟာ
တည်ပြီး ကြည်နေရမယ်။ ဝိပဿနာ
ရှုတယ်ဆိုတာ အရှုခံရဲ့ သဘာဝကို ရှုတာ။ သဘာဝကို မတွေ့ သေးသမျှ
ဝိပဿနာ မဖြစ်သေးဘူး။
လေကိုရှုလို့  လေကိုတွေ့ရင်
သဘာဝကို တွေ့တာ မဟုတ်သေးဘူး။
ထိတာ တိုးတာ ပူတာ အေးတာ
တစ်ခုခုကိုတွေ့မှ သဘာဝကို
တွေ့တာလို့ ခေါ်တယ်။
ခြေတွေ လက်တွေကို တွေ့နေရင် သဘာဝကို တွေ့တာ မဟုတ်သေးဘူး။ တင်းတာ တိုးတာ ပူတာ အေးတာကို တွေ့မှ
သဘာဝကို
တွေ့တယ်လို့ ခေါ်တယ်။ ဒါတွေက
ကိုယ်မှာ ပေါ်တဲ့ သဘာဝတွေ။
စိတ်မှာ ကျတော့ သိတာ ခံစားတာ
မှတ်သားတာ လုပ်ချင်တာ တွေးတာ
ကြံတာ အားပြုတာတွေလည်း စိတ်ရဲ့
သဘာဝတွေဘဲ။
ကိုယ်မှာပေါ်တဲ့ သဘာဝ
တစ်ခုခုကိုဖြစ်စေ၊ စိတ်မှာပေါ်တဲ့ သဘာဝ
တစ်ခုခုကို ဖြစ်စေ၊ ပေါ်တဲ့
အခိုက်မှာ ရှုမိလိုက်တာ ဝိပဿနာ
ပါဘဲ။
ဝိပဿနာရှုဖို့ သမာဓိ
မလုံလောက်ရင် ဝိပဿနာ ရှုလို့ 
မရပါဘူး။ လုံလောက်တဲ့ သမာဓိထက်
ပိုနေပြန်ရင်လည်း ဝိပဿနာ ရှုလို့
မရပြန်ဘူး။
ဒါကြောင့်မို့ ခဏိက သမာဓိဆိုတာ
ဝိပဿနာရှုဖို့ လုံလောက်တဲ့
သမာဓိလို့ ဆိုလိုပါတယ်။ ပရမတ်ကို
သိဖို့ လုံလောက်တဲ့ သမာဓိကို ခဏိက သမာဓိလို့ ဆိုနိုင်ပါတယ်။
No comments:
Post a Comment