စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, July 15, 2020

ဥဏ္ဏလုံမွှေးရှင်တော်

#ဗုဒ္ဓဘုရားရှင်၏မျက်ခုံးကြားအမွေးဖြူ "ဥဏ္ဏလုံမွေးရှင်တော်"
•••••••••••••••••••••••••••••••••

“ဥဏ္ဏာ” လို့ခေါ်တဲ့ အမွေးဖြူကလေး
ဒီမျက်လုံးနှစ်ခုရဲ့ အလယ်ကောင်မှာ 
အမွေးလေးတွေ ပါတတ်တယ်။ 

တချို့တလေတော့ ရှိတယ်။
အဲဒါမျိုး အမွေးဖြူ။

မြတ်စွာဘုရားရဲ့ ရုပ်ဆင်းတုတော်ကို 
ထုတဲ့အခါမှာ  “ဥဏ္ဏလုံ မွေးရှင်တော်”
ဆိုတာ "ဥဏ္ဏလုံ"ဆိုတာ ဥဏ္ဏလောမပဲ။

အင်မတန်မှ နူးညံ့တဲ့ အမွေးဖြူ
လေးက ဆွဲဆန့်လို့ရှိရင် တစ်လံ
လောက် ရှည်တယ်လို့ ဒီလိုဆိုတာ။ 

အဲဒါလေးက လကျာ်ရစ်
ပြီးတော့ အင်မတန်မှ လှတယ်။ 

ဒီမျက်ခုံးမွေးနှစ်ခုရဲ့ အလယ်
လောက်မှာ ဥဏ္ဏလုံမွေးရှင်။ 

ဒါကြောင့်မို့ အဲဒါကို အတုလုပ်ပြီးတော့ 
ဘုရားနဖူးမှာ ကျောက်ဆစ်ဆရာက

ကျောက်လုံးလေးစီထားတာတို့
ပန်းချီဆရာ ရေးထားတာတို့ 
ဒါမျိုးလေး ပါတယ်လေ။ 

ဥဏ္ဏလုံ မွေးရှင် ဆိုတာပါတယ်။ 
အဲဒီ ဥဏ္ဏလုံမွေးရှင်က ဖြူဖွေးနေတယ်။

အိုလို့ ဖြူတာ မဟုတ်ဘူး။ 
အစကတည်းက ဖွေးနေတာ။ 
နဂိုကတည်းက အဖြူ။ 

အခုခေတ်လူတွေက 
အဖြူဆို နှုတ်ပစ်တယ်။ 

အဲဒီတော့ ဘုရားရဲ့ ဒီမျက်ခုံးမွေး
နှစ်ခုရဲ့ အလယ်မှာပေါက်တဲ့ အမွေး
ဖြူလေးဟာ နဂိုကတည်းက ဖြူဖြူ
လေး။ ဆွတ်ဆွတ်ဖြူတယ်။ 

တစ်ခါတရံမှာ ဖြူသော ရောင်ခြည်
တော် လွှတ်တဲ့အခါမှာ အဲဒီဥဏ္ဏလုံ
မွေးရှင်တော်က အရောင်တွေ ထွက်
လာတာလည်း ရှိတယ်။ 

တစ်ခါတရံ ကျတော့ အရိုးဓာတ်က
ထွက်တာရှိတယ်။ စွယ်သွားက 
ထွက်တာ ရှိတယ်။

သွားတော်ကနေ ထွက်တဲ့ 
အဖြူရောင်လည်း ရှိတယ်။ 

အဲဒီတော့ ဥဏှာဆိုတဲ့ ဥဏ္ဏလုံ
မွေးရှင်မျိုးကလည်းပဲ ဒီမဟာပုရိသ
လက္ခဏာထဲမှာ ၂၅ ခုမြောက် ပါရမီ
ပုံရိပ် အမှတ်တံဆိပ်တစ်ခုပဲ။

အဲဒီတော့ ဒီအမှတ်အသား 
လက္ခဏာနှစ်ခုဟာ 

• မွေးညှင်းတစ်တွင်းတွင် မွေးညှင်း 
တစ်ပင်သာ ပေါက်ခြင်းရယ်

• မျက်ခုံးနှစ်ခုတို့ရဲ့ အလယ်မှာ 
ဖွေးဖွေးဆွတ်နေတဲ့ အမွှေးဖြူ
ပေါက်ခြင်းရယ်နော်။ 

အဲဒီအမွေးဟာ ဝါဂွမ်းလို ဂွမ်းစိုင်လို 
နူးညံ့ပြီးတော့နေတဲ့ အမွှေးဖြူတဲ့။ 

"ဥဏ္ဏာ စ ဘမုကန္တရေ ဇာတာ
ဟောတိ ဩဒါတ ဘမုက" 

မျက်ခုံးနှစ်ခုရဲ့ အလယ်မှာ
ဒီအမွေးဖြူလေး ရှိတယ်ပေါ့။ 

ဒါလည်းပဲ မဟာပုရိသလက္ခဏာ 
သုံးဆယ့်နှစ်မျိုးထဲမှာ ၂၅ နံပါတ်
ဒီမဟာပုရိသ လက္ခဏာ ဖြစ်တယ်။

ဒါလည်းပဲ ပါရမီပုံရိပ် အမှတ်တံဆိပ်ရဲ့ 
အမှတ်အသား လက္ခဏာတစ်ခုပဲ။

#ပါရမီကုသိုလ်

အဲဒီလို မွေးညှင်းတွင်းတစ်တွင်းမှာ 
အမွေးတစ်ပင်သာ ပေါက်ခြင်းဟာ 

မျက်ခုံးနှစ်ခုတို့ရဲ့ အလယ်မှာ 
အင်မတန်မှ နူးညံ့ဖြူဆွတ်နေတဲ့ 
"ဥဏ္ဏလုံ"ဆိုတဲ့ အမွေးရှိခြင်းဟာ 

ဘယ်လိုပါရမီ ကုသိုလ်တွေကြောင့် 
ဒီလိုထူးခြားတဲ့ ပါရမီကုသိုလ်တွေ 
ရတာတုန်းလို့ဆိုတော့ လိမ်မပြောခဲ့လို့တဲ့။

အမွဲတမျး မုသာဝါဒက 
ရှောင်တယ်တဲ့။ ဘယ်တော့မှ 
မဟုတ်တာကို မပြောဘူး။ 

မှန်တာပဲ ပြောတယ်နော်။ ထူးထူး
ခြားခြား မှန်တာကိုပဲ ပြောတယ်။

ခုခေတ်ကတော့ “မုသားမပါ
လင်္ကာမချော” ဆိုပြီးတော့ 

လင်္ကာချောအောင် နည်းနည်းတော့ 
ပြောတယ်။ လင်္ကာချောဖို့ အရေးကြီး
တယ်။ 

ဒါကြောင့်မို့ နဖူးမှာ ဘာအမွေးမှ 
မရှိဘူး။ ပြောင်နေတယ်။ 

အဲဒီတော့ မုသားက ရှောင်လို့ရှိရင် 
ဒီလိုထူးခြားတဲ့ ပါရမီပုံရိပ် အမှတ်
တံဆိပ်တွေ ရှိတယ်လို့ ဒီလိုပြောတာ။

#အကျိုးပေးပုံ

ဒီလိုပါရမီပုံရိပ် အမှတ်တံဆိပ်ရှိ
လာတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကျေးဇူးက 
ဘာတုန်းဆိုရင် 

အများစုက ဘယ်အခါပဲဖြစ်ဖြစ် 
သူ့ဘက်ကပဲ ရပ်တည်ကြတယ်။ 

ခုနက သူ့နောက်က လိုက်တယ်။ 
အခုဟာက သူ့ဘက်က ရပ်တည်တယ်။ 

ဘယ်စကားပြောပြော 
ဘာပဲဖြစ်ဖြစ် ထောက်ခံစရာရှိ 
သူ့ဘက်ကပဲ ထောက်ခံတယ်။ 
သူက မှန်တာ ပြောတာကိုး။ 

မှန်တာပြောခြင်းရဲ့ 
အကျိုးကျေးဇူးကြောင့်

အခုလို ထူးခြားတဲ့ မွေးညှင်းတွင်း 
တစ်တွင်းမှာ အမွေးတစ်ခုသာရှိခြင်း

မျက်ခုံးနှစ်ခုတို့ရဲ့ အလယ်မှာ 
ဖြူဆွတ်နေတဲ့ ဥဏ္ဏလုံမွေး
ရှိခြင်း ဆိုတဲ့ ...

ဒီအမှတ်တံဆိပ်တွေ ပေါ်လာခြင်း
ကြောင့်တဲ့ လူတွေဟာ ဘယ်ဘက်က
ဖြစ်ဖြစ် သူ့ကို အမြဲတမ်းထောက်ခံတယ်။
 
သူ့ဘက်က အမြဲတမ်း ရပ်တည်
ကြတယ်ဆိုတဲ့ အကျိုးကျေးဇူးကို 
ရပါတယ်တဲ့။ ဒီလိုဆိုတာနော်။ 

#ပါမောက္ခချုပ်ဆရာတော်ကြီး
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Credit Parallel
᠌᠌᠌ ᠌᠌

No comments:

Post a Comment