"#မိမိ၏ ပစ္စုပ္ပန်ကာယ၌သာ ရှုသင့်ခြင်း”
❌❌❌❌❌❌❌❌❌❌❌❌❌
န ဣတော ဒူရေ ဘဝိတဗ္ဗံ၊ ဘဝဂ္ဂံ ကိ ံ ကရိဿတိ။ပစ္စုပ္ပန္နမှိ ဝေါဟာရေ၊ သကေ ကာယမှိ ဝိန္ဒထ။
ဣတော = ဤ မိမိကိုယ်မှ။ ဒူရေ ၊ ဝေးသော တစ်ပါးသောကိုယ်၌။န ဘဝိတဗ္ဗံ ၊ ဝိပဿနာဉာဏ် မဖြစ်သင့်။ ဝါ၊ မရှု့သင့်။ ဘဝဂ္ဂံ၊ အထက်ဘဝဂ်ဘုံသည်။ ကိ ံ ကရိဿတိ၊ အဘယ်ပြုအံနည်း။ ပစ္စုပ္ပန္နမှိ ဝေါဟာရေ၊ မျက်မှောက် ပစ္စုပ္ပန်ဖြစ်သော။ ဣထဧံ သကေ ကာယမှိ၊ မိမိကိုယ်၌။ ဝိန္ဒထ၊ သဘာဝကျကျ အမှန်ရအောင် သိရှိကြကုန်လော့။
ကာယာနုပဿနာကမ္မဋ္ဌာန်းအလုပ်ကို အားထုတ်လိုသော ယောဂီသည် မိမိဟုဆိုအပ်သော ရုပ်အစုအပေါင်းမှတစ်ပါး အခြားသောရုပ်တို့ကို ရှု့ရမည်မဟုတ်၊ မိမိ၏ ပစ္စုပ္ပန်မျက်မှောက်ဖြစ်သော ရုပ်အပေါင်း၌သာလျှင် ရှူပါဟု ဆိုသည်။ မိမိ၏ အဇ္စျတ္တရုပ်ကို ရှု့၍ အလေ့အလာရကာ သဘာဝကို မြင်သလောက်မြင်သော်မှ အခြားသော ဗဟိန္ဒရုပ်ကို မိမိရုပ်နှင့်မခြား သဘောအားဖြင့် အလားတူဖြစ်သည်ဟု ရှု့သင့်သည်။
“#ပစ္စုပ္ပန်တည့်တည်ကျရန်မခဲယဉ်း”
🕋🕋🕋🕋🕋🕋🕋🕋🕋🕋🕋🕋
ပစ္စုပ္ပန်ဖြစ်သော ရုပ်ကို ရှု့မည်ဆိုသဖြင့် ပစ္စုပ္ပန်တည့်တည်ကျအောင် အချို့ပုဂ္ဂိုလ်တို့သည် တော်တော်ခဲခဲယဉ်းယဉ်း ကြံကြံစည်စည် ပင်ပင်ပန်းပန်း ပြောဟော ရေးနေကြသည်ကို တွေ့ရသည်။ ပစ္စုပ္ပန်တည့်တည့်မိအောင် ရှု့ရမည် စသည်ဖြင့် အရေးတကြီး ပြောဆိုနေကြသည်ကိုလည်း သိရသည်။ သို့သော် ပစ္စုပ္ပန်ကျစေရန်မှာ ထိုမျှလောက် ခဲယဉ်းနေသည်ကား မဟုတ်ချေ။ မိမိ၏ အဇ္စျတ္တ ရုပ်အပေါင်းကိုပင် ရှုသည်ဖြစ်စေ၊ ဗဟိန္ဒရုပ်အပေါင်းကိုပင် ရှု့သည်ဖြစ်စေ၊
ပစ္စုပ္ပန်ဖြစ်ဆဲသော ရုပ်တို့ကိုသာလျှင် ရှုမြင်လျက်ရှိနေခြင်းဖြစ်ပေသည်။ တပင်တပန်း အထူးတလည် ပစ္စုပ္ပန်ကို ရှာဖွေအားထုတ်၍ ပစ္စုပ္ပန်တည့်တည့်ကျအောင် ပစ္စုပ္ပန်တည့်တည့်ဖြစ်အောင် အားထုတ်နေရသည်မဟုတ်ပေ။ အဘယ့်ကြောင့်နည်း ဟူမူ - အတိတ်ဖြစ်သော ရုပ်တို့သည် ချုပ်ငြိမ်းကြလေကုန်ပြီဖြစ်၍ ထင်ရှားမရှိကြတော့ချေ။
အနာဂတ်ဖြစ်သော ရုပ်တို့သည်လည်း မဖြစ်ပေါ်ကြသေးပေ။ ယောဂီသည် ရှူ့မြင်နေရသောရုပ်တို့သည် ဥပါဒ်ဆဲ ဥပါဒ်ဆဲဖြစ်သော ပစ္စုပ္ပန်ရုပ်တို့သာလျှင် ဖြစ်ကုန်၏။ သို့ကြောင့် ရုပ်အပေါင်းအစုကို ရှုသောယောဂီသည် ပစ္စုပ္ပန်တည့်တည့်ဖြစ်သော ရုပ်ကို ရှု့မိစေရန် ကြောင့်ကြစိုက်၍ အားထုတ်ပြုလုပ်နေရသည်မဟုတ်၊ အသစ် အသစ် ဥပါဒါန်အနေဖြင့် အဆက်ဆက် ဖြစ်ပေါ်ဆဲဖြစ်သော ရုပ်အစုအပေါင်းကိုသာလျှင် ရှု့မြင်လျက်သား ရှိနေသည်ကို သိရှိပါလေ။
ရွှေကျင်နိကာယသံဃဦးစီးဥက္ကဋ္ဌ
ရွှေကျင်သမ္မုတိသာသနာပိုင်အဘိဓဇမဟာရဋ္ဌဂရု
အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက
စစ်ကိုင်းတောင်ရိုး
ရွှေဟင်္သာတိုက်သစ်ဆရာတော်အရှင်ပဏ္ဋိတထေရ်စီရင်ရေးသားအပ်သောမဟာသတိပဋ္ဌာန်တရားတော်..
Credit ...
No comments:
Post a Comment