#ဘယ်သူခိုင်းတာလုပ်နေလဲ
ဘုန်းကြီးတို့ဒကာဒကာမတို့
ရရှိထားတဲ့
ခန္ဓာကြီးဟာ အမြဲမပြတ်
သုခလို့ပြောနေသလား?
ဒုက္ခလို့ပြောနေသလား?
ထိုင်ရင်လည်း ဒုက္ခ
ထရင်လည်း ဒုက္ခ
သွားရင်လည်း ဒုက္ခ
ဘာမျက်လုံးနဲ့ကြည့်မှမြင်တာလဲ?
ညဏ်မျက်လုံးနဲ့ကြည့်မှနော်။
ကံမျက်လုံးနဲ့ကြည့်ရင်တော့
လောကကြီးမှာ
လူချမ်းသာနဲ့လူဆင်းရဲ
ဒါပဲတွေ့မယ်။
အရိယာမျက်လုံး ညဏ်မျက်လုံးနဲ့
ကြည့်လိုက်တဲ့အခါမှာတော့
လူချမ်းသာလဲမတွေ့
လူဆင်းရဲလဲမတွေ့ဘူး၊
ခန္ဓာငါးပါးပဲတွေ့တယ်နော်။
ခ န္ဓာ ငါးပါးက > ဒု က္ခ သ စ္စာ
ဒု ဆိုတာ မကောင်းတာ
ခ ဆိုတာ စက်ဆုပ်စရာ
ရွံရှာစရာ
သစ္စာ ဆိုတာအမှန်
ဘာမှမကောင်းတဲ့
စက်ဆုပ်စရာခန္ဓာ
ရွံစရာကောင်းတဲ့ခန္ဓာ ကို
ဒုက္ခသစ္စာလို့ခေါ်တယ်။
စားတဲ့စားအစာကအစ
မကောင်းတာတွေချည်းပဲ ၊
ချိုချိုချဉ်ချဉ်ငံငံစပ်စပ်
လည်ချောင်းကကျော်တာနဲ့
မစင်ချည်းပဲနော်။
တရားဆိုတာ
ခန္ဓာ့ဆင်းရဲကိုမြင်အောင်
ကြည့်ဘို့နော်။
ညဏ်လေးနဲ့ဝင်ကြည့်တော့မှ
ခန္ဓာကနှိပ်စက် ဆင်းရဲတာ
သိရတာ။
တရား ဘယ်သူကပြနေတာလဲ?
ကိုယ့်ခန္ဓာကပြနေတာနော်။
နာမ်ရုပ်နှစ်ပါးက
မမြဲကြောင်းပြနေတယ်။
ဆင်းရဲကြောင်းပြနေတယ်။
တကိုယ်လုံးမှာ
မင်းခန္ဓာကြီးက
ဖောက်ပြန်နေတယ်
နှိပ်စက်နေတယ်
ကြည့် ကြ လို့ ဘုရားက
မှာခဲ့တယ်နော်။
ခြေသည်းလက်သည်းကအစ
ဆံပင်ထိ
ဘာတခုမှ မမြဲဘူး
ကြည့် ကြ လို့
ဘုရားကမှာခဲ့တယ်။
ဒကာကြီးတို့က
ဘုရားခိုင်းတာနဲ့
အိမ်ရှင်မခိုင်းတာ
ဘယ်သူခိုင်းတာသဘောကျလဲ?
ဘုန်းကြီးတို့ပြောတာနဲ့
အိမ်ကဒကာမကြီးတို့ပြောတာ
ဘယ်ဟာပိုသဘောကျလဲ?
ဘယ်သူ့စကားများများ
နားထောင်လဲ?
တဏှာခိုင်းတာကျ
သိပ်အားကောင်းတာဗျ။
ရှင်းကောရှင်းရဲ့လား။
ဒကာမကြီးတို့လဲအတူတူပဲ။
ပုထုဇဉ်မှန်သမျှ
တဏှာခိုင်းတာကျ
နေ့မအားညမအား
အမြဲမပြတ်မလုပ်ဖူးလား ?
လုပ်လား?
တဏှာတည်းဟူသော
သမုဒယသစ္စာဖြင့်
ရစ်ပတ်မြိုဝါးပြီး
ခိုင်းစေလာခြင်းကြောင့်
၃၁ ဘုံလည်နေရတာပါ။
လည်ရခြင်းအကြောင်းခံလိုက်တော့
သမုဒယသစ္စာနော်။
သမုဒယကြောင့်
ဒုက္ခရောက်နေကြတာပါ။
သမုဒယအကြောင်း
ကောင်းကောင်းမသိသေးသမျှ
ကာလပါတ်လုံး
နောက်ထပ်တဖန်
အလူးအလှိမ့်ခံရလိမ့်အုံးမယ်နော်။
🙏မြောက်ဦးဆရာတော်ဟောကြား တော်မူသော
{ကမ္မဌာန်းခွင်လုပ်ငန်းဝင်}
တရားတော်🙏
#တစ်နာရီကြာတရားတော်မှထုတ်နှုတ်ရပါသောကြောင့်လိုအပ်ချက်များအားခွင့်လွှတ်တော်မူပါဘုရား
🙏🙏🙏
Credit...Õõ
12.7.2020
No comments:
Post a Comment