စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, July 15, 2020

ဘုရားရှိခိုး မပျင်းနဲ့

ဘုရားရှိခိုး မပျင်းနဲ့
******************
ဘုရားရှိခိုးမပျင်းနဲ့။
အချိန်ဖြုန်းတဲ့ အလုပ်မဟုတ်ဘူး။
တစ်နေ့လုံး သုံးဖို့ စိတ်တန်ခိုး ထုတ်လုပ်တာ၊
စိတ် ဓါတ်ဆီထည့်တာ၊ စိတ် စက်ဆီဖြည့်တာ။

သန့်စင်တဲ့ စိတ်ဖြစ်အောင်
ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရေနဲ့ဆေးတယ်လို့မှတ်။ 
စက်ကရိယာတွေကို 
ဆေးကြောသန့်စင်တယ်လို့ 
စိတ်ထဲမှာ နှလုံးသွင်းထား။

ဘုရားရှိခိုးတာ၊ဘုရားဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ၊ ထွက်လေဝင်လေ စူးစိုက်ပြီးမှ ငါးမိနစ် ,ဆယ်မိနစ် တရားထိုင်တာဟာ ကျန်းမာရေးလဲရ၊ စိတ်ခွန်အားလဲကောင်း စိတ်ကြံ့ခိုင်ရေးလဲတိုးတက်တယ် ကိုယ်ခန္ဓာကြံ့ခိုင်ရေးလဲတိုးတက်တယ်
အကုန်လုံး အကောင်းတွေချည်းပါပဲ။

ဒီကနေ့ကစပြီး 
ကုသိုလ်အလုပ်၊တရားအလုပ် လုပ်တာမှာ
ဝတ်ကျေတန်းကျေ လုပ်မနေနဲ့တော့။
 
အရေးကြုံလာပြီဆိုရင်
ကိုယ့်မှာအားကိုးစရာ အသင့်ရှိထားအောင်
ဘုရားရှိခိုးတာမှာ စိတ်ပါလက်ပါရှိခိုး။

ကုသိုလ်အလုပ် တရားအလုပ်လုပ်တာမှာ
စိတ်ပါလက်ပါ အရည်အသွေးပါအောင်လုပ်။

ဘယ်အရာမဆို စူးစူးစိုက်စိုက်လုပ်။
ပစ္စုပ္ပန်တိုင်း အရေးကြီးတယ်လို့ သဘောထား။

ကိုယ့်သန္တာန်မှာ
အကောင်းဓာတ်တွေ 
ရှိသင့်သလောက်ရှိထားမှ စိတ်အေးရမှာ။

ဘုရားရှိခိုးခိုင်းတယ် တရားထိုင်ခိုင်းတယ်ဆိုတာ
သက်သက်မဲ့ အချိန်ဖြုန်းခိုင်းတာ မဟုတ်ဘူး။

ဘေးရန်အလွန်ပေါတဲ့ လောကကြီးမှာ
ဘေးရန်လုံလုံခြုံခြုံနဲ့ 
စွမ်းအားပြည့်ပြည့်ဝဝ နေနိုင်အောင်လို့။

အရည်အသွေးတွေ မြင့်မားတောက်ပြောင်လာအောင်လို့
ချီးမြှောက်ပေးတာနော်..။

                                         
တိပိဋကဓရ-ဓမ္မဘဏ္ဍာဂါရိက
          (ယော)ဆရာတော်
#credit..ဓမ္မ နှလုံးသား

No comments:

Post a Comment