စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, July 15, 2020

သတိစွဲမြဲဖို့အမြဲလေ့ကျင့်ပါ


သတိရှိနေဖို့ မခက်ပါဘူး။
ဆက်စပ်ဖို့သာ ခက်တာပါ။
သတိ ဆက်စပ်ဖို့ အတွက် မှန်ကန်တဲ့
အားထုတ်မှုကို စွဲစွဲမြဲမြဲလုပ်ဖို့ လိုတာပါ။

သက်တောင့်သက်သာ ရှိဖို့နဲ့ မှန်ကန်တဲ့
ဘောင်အတွင်း စိတ်ရှိဖို့က အဓိကပါ။
ကျန်တာတွေ အားလုံး နောက်က 
လိုက်လာမယ်။
မှန်ကန်တဲ့ ဘောင်အတွင်း ရှိ မရှိ 
သိဖို့က
ထိုင်ကောင်းဖို့၊ အေးချမ်းနေဖို့ထက် 
ပိုအရေးကြီးပါတယ်။

မှန်ကန်တဲ့ အားထုတ်မှု ဆိုတာ သိနေဖို့
သတိပေးနေရုံပါ။
အာရုံကို စူးစိုက်ထားဖို့ အားတွေ
သုံးနေ​တာ မဟုတ်ပါဘူး။

ညနေရောက်လို့ ပင်ပန်းလာရင် 
တစ်နေ့လုံး အားအပိုတွေ သုံးနေလို့ပဲ            
ဖြစ်နိုင်တယ်။
အားထုတ်မှုက အရှိန် 
ရလာသင့်ပါတယ်။
မောပန်း မနေသင့်ပါဘူး။
ဒါကြောင့် သတိ ပိုရှိဖို့ အပိုအားတွေ 
မသုံးပါနဲ့။
ကိုယ့်ကိုယ်ကိုယ် သတိရှိနေဖို့ကိုသာ
သတိပေးနေပါ။

ကိုယ်ရထားတဲ့ ကျွမ်းကျင်မှုကို           
ထိန်းထားနိုင်ဖို့ ဆက်ပြီး                      
လေ့ကျင့်ဖို့ လိုပါတယ်။

အားထုတ်မှုကိုလည်း ဆက်ပြီး 
ထိန်းထားပါ။
ဘယ်နေရာမှာဖြစ်ဖြစ် 
တတ်နိုင်သလောက် လေ့ကျင့်ပေးပါ။
စွဲမြဲဖို့နဲ့ လေ့လာထားသမျှ 
အလဟဿမဖြစ်ဖို့ ထိန်းသိမ်းပါ။

   ဆရာတော် ဦးတေဇနိယ(ရွှေဥမင်)

No comments:

Post a Comment