စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, July 16, 2020

အပါယ်ပိတ်မယ့် အသိ

-   အပါယ်ပိတ်မယ့် အသိ
✨✨✨✨✨✨✨✨☝

တရားမှတ်တယ် ဆိုတာ ရုပ်နာမ် အရှိကို 
သတိဉာဏ် ကပ်ကပ်ပြီး အကဲခတ်
ကြည့်တဲ့အလုပ်၊ ပေါ်လာတဲ့အာရုံကို 
စောင့်ကြည့်နေတဲ့ အလုပ်၊ ကြည့်နေစဉ်
တဖြုတ်ဖြုတ်၊ တလှုပ်လှုပ်၊ တရွရွ၊ 
တမြမြ တစ်ခုပေါ် တစ်ခု
ချုပ်ပျောက်နေတာကိုသာ 
ကြည့်ကြည့်နေရမယ်။

ရှေ့စိတ် ချုပ်ချုပ်သွားတာကို
နောက်စိတ်က သိသိနေလိုက်ပါ။

သူ့သဘောအတိုင်းပေါ်ပြီး 
သူ့သဘောအတိုင်း ပျောက်ပျောက်
သွားတာကို မြင်အောင်ကြည့်နေရမယ်။

အကြည့်ခန္ဓာနှင့် အသိဉာဏ် 
ထပ်ဆင့်၊ ထပ်ဆင့် တွေ့ဖန်
များလာလေလေ အသိဉာဏ် 
ရင့်ကျက်လာပြီး ကိလေသာ
ပါးလာလေလေပါပဲ။ 
ရှေ့ကပေါ်သွားတာကို နောက်က
သိသိလိုက်၊ မရှိပါလား၊ မရှိပါလားလို့
ထင်ထင်ရှားရှားတွေ့နေပါစေ။ 

ရှေ့ရုပ်နာမ် ဖြစ်ပေါ်လာတိုင်း နောက်က
ရုပ်နာမ်တွေ ပျက်ပျက်သွား
နေတာကိုသာ မြင်နေဖို့လိုတယ်။ 

စက္ကန့်တိုင်းဖြစ်နေပြီး စက္ကန့်တိုင်း
ပျက်ပျက်နေတာတွေကို
မြင်နေမယ်ဆိုရင် ဝိပဿနာဉာဏ်ပေါ်ပြီး အရိယာတို့ သိတဲ့အသိတွေ 
ပေါ်လာနေသောကြောင့် ဒီအချိန်မှာဘုရားအဆုံးအမ တည်နေလို့၊ ငါစွဲတွေ
ပြုတ်နေလို့၊ ငါအမြင်ပျောက်ပြီး 
ဉာဏ်အမြင် ပေါက်နေလို့ အပယ်တံခါး
ပိတ်မည့် အသိပေါ့။ ဒီအသိတွေ 
များများ ပေါ်လာလေလေ မဂ်ဖိုလ်နဲ့ 
နီးလာလေပေါ့။

    🙏 မြောက်ဦးဆရာတော်🙏
.....

No comments:

Post a Comment