🙏🙏🙏 လူတိုင်းနဲ့.....အဆင်ပြေအောင်
မနေနိုင်ရင်တောင်
ဓမ္မ နဲ့တော့........အဆင်ပြေအောင်နေပါ
လူတိုင်းနဲ့......အဆင်မပြေလို့
အပါယ်မကျနိုင်ပေမယ့်
ဓမ္မ နဲ့.......အဆင်မပြေရင်တော့
အပါယ်ကျနိုင်တယ်ဆိုတာ
သတိထားစေချင်တယ်
လူတိုင်းသဘောကျအောင်
အားလုံးနဲ့အဆင်ပြေအောင်....နေဖို့ဆိုတာ
မလွယ်ကူလှပါဘူး
အလိုလိုက်.....အကြိုက်ဆောင်ပြီး
နေပေးဖို့.....ဆိုတာကလည်း
အမြဲတမ်းအတွက်......မဖြစ်နိုင်ဘူးလေ
ယခု....မျက်မှောက်ဘဝမှာ
လူအများစုဟာ
အတ္တဝါဒ တွေများလာကြသလို
လောဘ ဒေါသ မောဟ စိတ်တွေ
ပိုပြီး....လွှမ်းမိုးလာကြတယ်
မရှိလို့......တောင်းတခြင်းကြောင့်
ဆင်းရဲကြတယ်
တင်းတိမ်ရောင့်ရဲ နိုင်စွမ်း မရှိကြဘူး
တောင်းတမှုတွေ.....ရလာပြန်တော့လည်း
ပျေက်ပျက်သွားမှာ......ကြောင့်ကြစိတ်နဲ့
ဆင်းရဲနေကြပြန်တယ်
အတွင်းမှာက
လောဘ ဒေါသ မောဟ
ဣသာ မစ္ဆရိယ မီးတွေဟာ
တောက်လောင်နေကြသလို
အပြင်မှာလည်း
ဝတ္ထုအာရုံ.....ကာမဂုဏ်မီးတွေက
အဆက်မပြက် လောင်ကျွမ်းနေကြတယ်
အတွင်းမီး......အပြင်မီးတွေနဲ့သာ
အတိပြည့်နေတဲ့......လောကကြီးဟာ
မီးတောက်မီးလျှံ တွေနဲ့
ပြည့်သိပ်နေတဲ့......အခန်းငယ်လိုပါပဲ
အနည်းငယ်မျှသော.....ရေစက်ရေပေါက်ကလေးဖြင့်
အေးမြမှုကို.......မပေးစွမ်းနိုင်သလို
အနည်းငယ်မျှသော.......ဓမ္မရေအေးလေးနဲ့
အဘယ်သို့......အေးမြနိုင်မလဲ....???
အကယ်၍
တရားဓမ္မ ကို......ကျင့်ဆောင်ပါလျှက်
အေးမြမှုကို......မခံစားရသေးလျှင်
ဓမ္မ ၏.....အပြစ်မဟုတ်
ဓမ္မ ကို......သုံးစွဲကျင့်သုံးမှု
လွဲနေခြင်း
နည်းနေခြင်းကသာလျှင်
ပူလောင်မှုသောကကတွေကို
မလျော့ပါးနိုင်ခြင်း....ဖြစ်ပေတယ်
အေးမြမှု......များများရလိုလျှင်
များစွာသော.....ရေကို
သုံးစွဲရသကဲ့သို့
ဘဝရဲ့......ငြိမ်းအေးမှုကို
များစွာ......ခံစားလိုပါက
များစွာသော......ဓမ္မရေအေး
အမြိုက်ဆေး တို့ကို
သုံးစွဲကျင့်ဆောင်ကြပါလေ
ကိလေသာ.......အပူမီးတွေကို
အပြီးတိုင်.........ငြိမ်းသတ်နိုင်ကြပါစေ
ဓမ္မကိန်း၍.......ငြိမ်းအေးကြပါစေ
Credit...တေဇာနန္ဒ
No comments:
Post a Comment