#ဘုရားဂုဏ်တော်ကို ပွားပြီး သမထကျင့်စဉ်ကို ကျင့်လို့မရဘူးလား
မေးရင်
ရပါတယ်လို့ ဖြေရမှာပါ။
သို့သော် ဘုရားဂုဏ်တော်မှာ အခြေပြုပြီးရတဲ့
သမာဓိက #ဈာန်အထိ #အပ္ပနာသမာဓိအထိ
မရောက်ဘူး။
ဘာကြောင့် မရောက်သလဲဆိုရင် ဘုရားဂုဏ်တော် က အလွန်လေးနက်တယ်။
#ပရမတ္ထ အာရုံဖြစ်တယ်။
ဒါကြောင့် ဘုရားဂုဏ်တော်ကို အခြေပြုတဲ့ သမာဓိဟာ ဈာန်အဆင့်အထိ မရောက်ဘူးလို့ပြောတာ။
ဘုရားဂုဏ်တော်ကို သမထကျင့်စဉ်အရ
ကျင့်မယ် ဆိုရင် ...
ဂုဏ်တော်ရဲ့ #အနက်အဓိပ္ပါယ်ကို
နားလည်ရမယ်။
ဥပမာ “အရဟံ” ဆိုရင် #ကိလေသာခပ်သိမ်းကို ဖယ် ရှားပြီးသော မြတ်စွာဘုရားလို့ အာရုံပြုရမယ်။
ပိုပြီး အဓိပ္ပါယ်ထင်ရှားအောင် နှိုင်းယှဉ်ပြီးစဉ်းစား ရတယ်။
အော် ငါ့မှာ လောဘဆိုတာရှိတယ်။
ဒေါသ ဆိုတာလည်း ရှိတယ်။
မောဟ ဆိုတာလည်း ရှိတယ်။
မာနဆိုတာလည်း ရှိတယ်။
မြတ်စွာဘုရားမှာ
လောဘဆိုတာလည်း မရှိဘူး ။
ဒေါသဆိုတာလည်းမရှိဘူး။
မောဟဆိုတာလည်း မရှိဘူး။
မာနဆိုတာလည်း မရှိဘူး။
ကိလေသာမှန်သမျှ
လုံးဝကင်းစင်နေပါကလားလို့ ဒီလိုယှဉ်ကြည့်ပြီး နှလုံးသွင်းရင်...
အရဟံရဲ့ အဓိပ္ပါယ်ဟာ ပိုပြီးပေါ်လွင်
ထင်ရှားလာနိုင်တယ်။
မိမိရဲ့ စိတ်အစဉ်ဟာ ဘုရားဂုဏ်တော်ထဲ နစ်ဝင် နေရမယ်။
ဒါမှသာ #ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဖြစ်မယ်။
အဲဒီလို မဟုတ်ဘဲ
ဂုဏ်တော်ကို ရွတ်ပြီး
ပုတီးလုံး ချနေလို့
ပုတီးအပေါ် #စိတ်ရောက်နေပြီး
ဘုရားဂုဏ်တော်အပေါ် စိတ်မရောက်ဘူးဆိုရင်
ဗုဒ္ဓါနုဿတိလို့ ပြောလို့ ရမှာမဟုတ်ဘူး။
ဘုရားရဲ့တစ်ကယ့်ဂုဏ် အရည်အသွေးတွေပေါ် အာရုံရောက်မှ
ဝမ်းမြောက်မှု ပါမောဇ္ဇ
ကျေနပ်နှစ်သိမ့်မှု ပီတိဆိုတာ
ဖြစ်လာနိုင်တယ်။
#ကျေးဇူးတော်ရှင်
အဘိဓဇမဟာရဋ္ဌဂုရု
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏
No comments:
Post a Comment