#မေတ္တာခြုံ__လုံတယ်ဆိုတာ
🔸မေတ္တာခြုံလုံတယ်ဆိုတာ
ကိုယ့်ရင်ထဲမှာ အမုန်းမရောက်ဘူးလို့
ပြောတာ၊
🔸များသောအားဖြင့် တွေးကြတာတော့
မေတ္တာခြုံလို့ရှိရင် ဓား လက်နက်
အဆိပ်မီးပြီးသည် ဘယ်သူကမှ
ငါ့မသတ်နိုင်ဘူးလို့
ဒီလိုသွားတွေးကြတယ်နော်၊
🔸မေတ္တာစွမ်းအားကြီးမားနေလို့ရှိရင်တော့
ဒါတွေလည်း လုံခြုံတယ်၊
ဒါတွေက အပရိက လုံခြုံမှုတွေပဲ၊
🔸တကယ်အရေးကြီးတဲ့လုံခြုံမှုက ဘာတုံး၊
ကိုယ့်ရင်ထဲနှလုံးထဲမှာ
🔸အမုန်းတရား မရောက်ဖို့က
အရေးကြီးတယ်၊
🔸ဒေါသကို ကာကွယ်တာလို့
ဒီလိုပြောရမယ်။
🙏ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏
လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် ( ဒုတိယတွဲ)
No comments:
Post a Comment