စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, July 11, 2020

သူတော်ကောင်းတို့သည်းခံလျှင် ကြောက်စရာ..

============================

ဘုန်းကြီးဦးလာဘသည်
အနေအေးသည်။
စကားလည်း နည်းသည်။
တရားဟောလည်း တိုသည်။
လူမှုဆက်ဆံရေးလည်း
အလွန်အမင်း မကောင်းလှပါ။.
စကားကို ဖွယ်ဖွယ်ရာရာ ပြောဆို၍
လူအပေါင်းတို့. သဘောကျအောင်.
သဘောတွေ့အောင်လည်း မပြောတတ်။
ထို့ကြောင့် ပရိသတ်နည်းသည်ဟု ဆိုရမည်။

အများကလည်း.
ဘုန်းကြီးဦးလာဘကို
ဘုန်းကံနည်းသည်ဟု သုံးသပ်ကြသည်။
ဘုန်းကြီးဦးလာဘသည်
တစ်ထောင်လှူလိုသူကို
တစ်သောင်းလှူဖြစ်သွားအောင် မဆွယ်သလို
တစ်သိန်းလှူသူကိုလည်း
''အများကြီးပဲ၊ အသုံးစရိတ်မကျန်ဘဲနေပါ့မယ်''ဟု
တားမြစ်တန်ပါက တားမြစ်တတ်သော
ဘုန်းကြီး ဖြစ်သည်။
ဘုန်းကြီးဦးလာဘအဖို့
သူ၏ ပရိသတ်များအား
ထိုသို့ အားတောင့်အားနာ ဖြစ်တတ်ခြင်းကပင်
လာဘ်လာဘပါးရှားခြင်း၏
အကြောင်းတစ်မျိုး. ဖြစ်.ဟန် ရှိသည်။

ဘုန်းကြီးဦးလာဘတွင်
ပြောသင့်တာကို မပြောဘဲ
အားနာလိုက်မိခြင်းကြောင့်
သိက္ခာကြ အရှက်.ရသည်များလည်း ရှိသည်။
တစ်ဖန် လုပ်သင့်တာကို
ပြတ်ပြတ်သားသား မလုပ်မိခြင်းကြောင့်
အစွပ်အစွဲခံရသည်များလည်း ရှိသည်။
ထိုသို့ အရှက်ရလိုက်ခြင်း၊ အစွပ်အစွဲခံရခြင်းများသည်
တစ်ကြိမ်စ နှစ်ကြိမ်စမဟုတ်။
အကြိမ်ကြိမ်ခံရခြင်းဖြစ်သည်။
ခံရတိုင်းသောအခါများတွင်လည်း
''တို့ဘုရားဆိုရင် သုန္ဒရီတို့ စိဉ္စမာဏတို့နဲ့ပတ်သက်ပြီး
စွပ်စွဲခံရတာပဲလေ'' ဟု ဖြေလျော့လေ့ရှိတတ်သည်။.

ဘုန်းကြီးဦးလာဘအား စော်ကားမိသည့်
ရွာသူ ရွာသားအချို့သည်
စော်ကားပြီးသည့်နောက်
စိတ်ထဲ စနိုးစနောင့် ဖြစ်ရသောကြောင့်ဟုဆိုကာ
လက်ဖက်တစ်ပွဲ၊ သဇင်ဘီစကွတ် တစ်.ထုပ်ဖြင့်
မကြာမကြာ ကန်တော့တတ်သည်။
''ဆုံးမပါဘုရား''ဟု ဝန်ခံလာကြသူတို့က
လျှောက်ထားသော်လည်း
ဘုန်းကြီးဦးလာဘက
''ဘာမှ. ဖြစ်.ပါဘူးကွာ၊ ရပါတယ်ဟ''ဟုသာ ဆိုသည်။
မည်သည့်သြဝါဒစကားကိုမျှ မိန့်တော်မမူပေ။
ဖြစ်.ခဲ့ပြီးသမျှသော ကိစ္စများကို
မသိလိုက်သလိုသာ နေသည်ကများသည်။

စော်ကားသလို ဖြစ်.မိသည်.များကို
ပြန်လည်ဝန်ခြခြင်း၊ တောင်းပန်ခြင်း မပြုသူ
ရွာသူ/သားတွေလည်း အများကြီး ရှိသည်။
''ငါ့လည်း လာမတောင်းပန်ကြဘူး''ဆိုသော
စကားကိုပင် ဘုန်းကြီးဦးလာဘထံမှ.
ပြောသံမကြားရပေ။
အလွန်အေးစက်လွန်းသော ဘုန်းကြီးပါတကား။

ထိုသို့ အေးစက်လွန်းခြင်းနှင့်.
လက်ဖက်တစ်ပွဲ၊ သဇင်ဘီစကွတ်တစ်.ထုပ်ဖြင့်
လာရောက်ဝန်ချတောင်းပန်လျှင်ပင်.
မေ့လွယ်ပျောက်လွယ်.
ကြေအေးလွယ်သည့်တိုင်
ဘုန်းကြီးဦးလာဘအဖို့ အပြစ်.မလွတ်ပေ။
တောင်းပန်လိုက်လျှင်.သည်းခံတတ်သောဂုဏ်ကို
မြင်အောင် မကြည့်နိုင်သူတို့က
''ဘာမှ. မက်လောက်စရာ မဟုတ်တဲ့
လက်ဖက်နဲ့ ဘီစကွတ်တောင်
ဒီဘုန်းကြီးက မက်မောလွန်းတယ်''ဟု
အတွန့်တက်ကာ စော်ကားပြန်သေးသည်။

ဘုန်းကြီးဦးလာဘအား ပြစ်မှားထားမိစေကာမူ
မတောင်းပန်သူများသည်
အကြောင်းအမျိုးမျိုးဖြင့်. စိတ်ဒုက္ခရောက်ကြသည်။
အိမ်ဦးနတ်ကွယ်လွန်ခြင်း၊
မိမိနွားက အဝှေ့ခံရ၍ သေဆုံးခြင်း၊
ပိုးထိ၍ သေဆုံးခြင်း၊
စီးပွားရေး ရုတ်တရက် ကျဆင်းခြင်း.
စသည်ဖြင့် ဖြစ်ကြသည်။
ထိုသို့သော လူနာများ.
ခပ်စိပ်စိပ် ဖြစ်လာသောအခါ
အချို့ကလည်း လာရောက်ဝန်ချကြသည်။
အချို့ကား မလာကြ။
မလာသည့်ပြင်
''ဘုန်းကြီးဦးလာဘက အောက်လမ်းနည်းတွေ
ကျွမ်းတယ်၊ ကျောင်းကနေပြီး အောက်လမ်းနဲ့
လုပ်နေလို့ သူ့နဲ့ အဆင်မပြေသူတွေ ဒုက္ခရောက်တာ''ဟု
မှန်းဆတွက်ချက်. ပြောဆိုကြပြန်သည်။
ထိုစကား ကျယ်ပြန့်သွားသောအခါ
ဘုန်းကြီးဦးလာဘကို ''စုန်းထီးကြီး''ဟု
သတ်မှတ်လိုက်ကြပြန်သည်။
ဘုန်းကြီးဦးလာဘ၏ ဝဋ်ကြွေးကား
မကုန်နိုင်အောင်ပင် ဖြစ်ရချေသည်တကား။

မည်သို့ပင် ဖြစ်စေ.
စော်ကားပြစ်မှားသူ.၊ စော်ကားပြစ်မှား ခံရသူ
နှစ်ဦးသားတို့ကား
ကာမနယ်သားများသာ ဖြစ်.သည့်အတွက်
ဝဋ်မကင်းနိုင်ကြသေးပေ။
''ဝဋ်ကို ဝတ်နှင့်ဖြေရသည်''ဟု အဆိုရှိသည့်တိုင်း
ကျွန်ုပ်တို့သည် ဖြေဖို့ မေ့လျော့နေကြသည်ကများပါသည်။

ကျွန်ုပ်သည်.
ဘုန်းကြီးဦးလာဘအား စော်ကားပြစ်မှားပြီး
ဝန်မချမှီသူတို့ အဘယ့်ကြောင့်
လူ.နာအမျိုးမျိုးဖြင့် ကြုံရသည်ကို။.
မကြာမကြာ စဉ်းစားဖြစ်သည်။
အမျိုးမျိုးစဉ်းစားမိသော်လည်း
''ဘုန်းကြီးဦးလာဘ သည်းခံလွန်းလို့''ဆိုသော
အဖြေကိုသာ ရပါသည်။
မှန်သည်။
ခန္တီဝါဒီရေသ့ သည်းခံလွန်းသဖြင့်
တစ်.တိုင်းပြည်လုံး ဒုက္ခရောက်ရပုံကို
ဗုဒ္ဓဘာသာဝင်တို့ သိပြီး ဖြစ်ပေမည်။
ကောက်ချက်ချလျှင်.
မိဘကို စော်ကားပြစ်မှားထားမိသည့်
သားသမီးတိုင်း ဒုက္ခမရောက်နိုင်သော်လည်း
သူတော်ကောင်းဓာတ်ခံရှိ၍.
သည်းခံတတ်သော၊ မေတ္တာကြီးမားသော
မိဘများ ဖြစ်ပါလျှင်.
စော်ကားပြစ်မှား.မိသည့် သားသမီးတို့မှာ.
အင်မတန် အန္တရာယ်ကြီးနိုင်ပေသည်။

သူဆဲ ကိုယ်ဆဲ
သူစော်ကား ကိုယ်စော်ကား ဖြစ်လျှင်.
သူမသာ ကိုယ်မသာ သရေပွဲဖြစ်နိုင်သော်လည်း
စော်ကားခံရသူက
စော်ကားသူကို ပြန်လည် မတုံ့ပြန်လျှင်.
သို့တည်းမဟုတ်
ဆဲရေးခံရသူက
ဆဲရေးသူကို ပြန်မဆဲလျှင်.
အင်မတန် ကြောက်မက်ဖွယ် ကောင်းပါသည်။

ထို့ကြောင့်
ကြောက်စရာ''ဟုသာ
ကောက်ချက် ချလိုက်မိသည်။

၁၃၇၉ခုနှစ်.ဝါခေါင်းလဆုတ်(၁၁)ရက်
ကံ့ကော်ပင်ကျောင်းတိုက်၊ ရွေပြည်သာ။

မှတ်ချက်။ 

။ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရေးသားပါသည်။

Credit to original writer.

No comments:

Post a Comment