နွားနဲ့လူမတူစေနှင့်
---------------
ဒါနပြုတယ်ဆိုတာလောဘနဲ့ရှာထ ားတဲ့ငါပိုင်ဆိုင်တ ာတွေကိုစွန့်လွှတ်နေတာ၊လေ ာဘကိုသတ်နေတ ာဖြစ်သလိုငါစွဲဒိဌိဖြုတ်နေတာ ။
အလှူနောက်မှာလောဘကပ်မပါလာစေနဲ့၊ဒီလိုလှူပြီး
ဟိုလိုဖြစ်ကောင်းစေဆိုတဲ့မျှေ ာ်စိတ်လေ ာဘစိတ်ကိုသတိကပ်ရှုမှတ်ပြီးလှူကြပါ ။
အကျိုးပေးမှာကစေတနာကအကျိုးပေးမှ ာ။ဘ ာလှူတယ်၊ဘယ်လိုလှူတယ်ဆိုတာကအဓိကမဟုတ်ဘူး။ ဘ ာ
လုပ်လုပ်စေတနာပါမှအသိပါမှအကျိုးပေးတာ ။
သူများတိုက်တွန်းလို့သူများခိုင်းလို့လုပ်ရတဲ့အလုပ်မျိုး
ဆိုတာစေတနာအပြည့်အဝမပါတဲ့အတွက် အ ကျို း ေ ပ းလည်းမလှဘူး။ကိုယ်ပိုင်အသိနဲ့လုပ်တာမျိုးမဟုတ်ဘဲသူများလုပ်လို့လိုကျလုပျရတာဆိုရင်လည်းလူသိနဲ့လုပျေ န တယ်လို့မဆိုနိုင်ဘူး ။
အခုဒီဇရပ်ကိုရောက်အောင်ဘာနဲ့လာကြသလဲ။"လှည်းနဲ့လာကြပါတယ်ဘုရား"။ဟုတ်ပြီဗျ။လှည်းအောက်ကနွား
တွေကဆရာတော်ကြီးဖူးရလိမ့်မယ်၊
တရားန ာရလိမ့်မယ်၊
လှူရလိမ့်မယ်ကုသိုလ်ရလိမ့်မယ်ဆိုတဲ့အသိပါရဲ့လ ား။အ
သိမပါပါဘုရား ။
အဲဒီနွားတွေကဒီနေရာရောက်အောင်စေတနာ့ဝန်ထမ်း
လိုက်ပို့တာလား၊ခင်များတို့ခိုင်းလို့လိုက်ပို့ရတ ာလ ား" တပည့်တော်တို့ခိုင်းတာလုပ်ရတာပါဘုရား " ။
အသိလည်းမပါ၊စေတနာလည်းမထက်သန်ဘူး ဆို ရင်
ကုသိုလ်လည်းမရ၊အကျိုးပေးကလည်းဝေးလိမ့်မယ်။ ပြီးတော့ခိုင်းသမျှလုပ်နေရရှာတဲ့အဲဒီနွားတွေရဲ့ဘဝမျိုးကို"ကိုယ်ပိုင်ဘဝ"လို့ပြောလို့ရရဲ့လား ။
ကိုယ်ပိုင်ဘဝမရှိတဲ့အတွက်ကိုယ်ပိုင်အသိလည်းမရှိနို
င်ဘူး။သူများခိုင်းမှလုပ်နေတာ၊သူများစိတ်နဲ့လုပ်နေတ ာ ၊
ကိုယ်ပိုင်အသိမပါဘူး။အဲဒါတိရစ္ဆာန်တွေရဲ့ဘဝမျိုး၊အကျင့်မျိုး၊အသိမျိုးဟုတ်ပြီလား ။
လူဆိုတာကိုယ်ပိုင်ဘဝမျိုး။ဒီတော့ကုသိုလ်ကေ ာင်းမှု
လုပ်ကြတဲ့အခါကိုယ်ပိုင်အသိနဲ့လုပ်ကြပါ။သူများခိုင်းမှလုပ်တယ်ဆိုတာမျိုးကနွားနဲ့တယ်မထူးပါဘူး။ဒီတော့နွားနဲ့လူ
မတူပါစေနဲ့ ။
ကုသိုလ်ဆိုတာကောင်းမှန်းသိနေလျှက်နဲ့သူမျ ားတိုက်
တွန်းမှထလုပ်တာမျိုးမဖြစ်စေနဲ့။ကိုယ်တိုင်ကိုယ်ကျစေတ
နာပါပါလုပ်ကြစမ်းပါ။ကိုယ်ပိုင်အသိဆိုတ ာဘ ာလုပ်လုပ်
သတိနဲ့နိုးကြားနေတဲ့စိတ်ကိုပြောတာ ။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
No comments:
Post a Comment