❝ အကုသိုလ်စိတ် တစ်ခုခုကိန်းနေလို့ ❞
စိတ်ဆင်းရဲနေရပြီဆိုရင်
အကုသိုလ်စိတ် တစ်ခုခုကိန်းနေလို့ပါ။
ဒေါသ ဖြစ်ဖြစ်၊
ဣဿာ မစ္ဆရိယပဲ ဖြစ်ဖြစ်
အကုသိုလ်စိတ် တစ်ခုခုဝင်နေတာ
တွေ့ရလိမ့်မယ်။
တကယ်လို့ စိတ်ဆင်းရဲနေလို့
ကိုယ့်ရင်ထဲကို သတိနဲ့ပြန်ကြည့်လို့
အကုသိုလ်စိတ် တစ်ခုခု
ကိန်းနေတာ တွေ့ရရင်
"ဒီအကုသိုလ် စိတ်ကလေးကြောင့်
ငါစိတ်ဆင်းရဲနေရတာပဲ" ဆိုပြီး
ဆင်ခြင်လိုက်ပါ။
ဖြစ်နေတဲ့ အကုသိုလ်စိတ်ကလေးကို
စိတ်နဲ့ပဲ ပြန်သိလိုက်ပါ။
တစ်မိနစ်ဖြစ်ဖြစ်၊ နှစ်မိနစ်ဖြစ်ဖြစ်
သုံးမိနစ်ဖြစ်ဖြစ်၊ လေးမိနစ်ဖြစ်ဖြစ်
ငါးမိနစ်၊ ဆယ်မိနစ်ပဲဖြစ်ဖြစ်
အချိန်ကလေးယူပြီး …
ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့ စိတ်ကလေးကို
သတိကပ်ပြီး သိနေလိုက်ပါ။
သိပါ သိပါ များလာရင်
ထွက်သွားပါလိမ့်မယ်။
တစ်ခုတော့ ရှိပါတယ်။
ကိုယ်ရင်ထဲရောက်နေတဲ့ အကုသိုလ်စိတ်က
သိပ်ပြီးကြီးနေရင်တော့
အချိန်ကလေးတော့ ယူပေးရပါမယ်။
ဖြစ်ပြီးတဲ့ အကုသိုလ်စိတ်ကလေးကို
ဘယ်လိုပယ်မလဲဆိုတော့…
အချိန်ကလေးလည်း ရလာပြီ၊
သတိတရားလေးလည်း
ကိုယ့်စိတ်လေးမှာ ကပ်နေပြီဆိုရင်တော့
ဝင်နေတဲ့အကုသိုလ်စိတ်လေးက
တဖြေးဖြေး ထွက်သွားပါလိမ့်မယ်။
သတိတရား …
ရင့်ကျက်လာတဲ့သဘောလေးပါပဲ။
အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
မေတ္တာ ဖြင့်
No comments:
Post a Comment