စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Thursday, June 30, 2016
ဒိဋ္ဌိအ​ကြောင်းသိ​ကောင်းစရာ
ဒိဋ္ဌိအကြောင်း သိကောင်းစရာ
==================
***မှားမှားယွင်းယွင်းသိမြင်ခြင်းသည် ဒိဋ္ဌိမည်၏။
အမှန်မြင်ခြင်းကိုလည်း ဒိဋ္ဌိ ဟုပင်ခေါ်၏။
အမှားအယွင်း ကိုမြင်သော အမြင်အား 'မိစ္ဆာဒိဋ္ဌိ' ဟုခေါ်
ပြီး  အမှန်အရှိကိုမြင်ပါက 'သမ္မာဒိဋ္ဌိ' ဟုခေါ်ပါ၏။
ယခု တင်ပြမည့် ဒိဋ္ဌိ ဟူသော စကားရပ်၌ အယူမှားအ
မြင်မှား အသိ ကိုသာ ဆိုလိုပါ၏။
***ဒိဋ္ဌိ ဟူသည် မရှိသည် ကို အရှိ | ရှိသည် ကို မရှိ |
    မဟုတ် သည်ကို အဟုတ် | ဟုတ် သည်ကို မဟုတ်
    သိမြင်နေရုံသာ မက မိမိ အမြင်သာ မှန်၍ အခြားသူ
    များ၏ အမြင် သည် မှားယွင်း နေသည် ဟုပင် စွတ်
    စွဲတတ်သေး၏။
***ဤဒိဋ္ဌိ နှင့်ဖြစ်သော စိတ် ကို ဒိဋ္ဌိ စိတ်ဟုခေါ်၍ ထိုအ
     ယူအမှားရှိသူကို မိစ္ဆာဒိဋ္ဌိ ဟုခေါ်၏။
***ဒိဋ္ဌိ  ၆၂ ပါး ရှိပါ၏။
     ယင်း ၆၂ ပါးသော ဒိဋ္ဌိ များကိုတူရာ တူရာစုစည်း
     လိုက်ပါက နောက်ဆုံး ၃ ပါးသာ ရှိပါ၏။
#ယင်း ဒိဋ္ဌိ ၃ ပါးသည် သာ ***ကြောက်စရာအကောင်း
   ဆုံးဒိဋ္ဌိများ**** သာ ဖြစ်ပါ၏။
  #စွဲ  ဒိဋ္ဌိ
  #ဆက် ဒိဋ္ဌိ
  #ပြတ် ဒိဋ္ဌိ     တို့သည် အပါယ်ကျစေ သံသရာလည်
    စေသော ဒိဋ္ဌိ များပင် ဖြစ်ပါ၏။
#သစ္စာရှင်
  မြတ်ဗုဒ္ဓ၏သာသနာ page
Tuesday, June 28, 2016
လောဘ၏ဒုတိယအဆွယ်​အပွား..
လောဘ၏ဒုတိယအဆွယ်အပွားဖြစ်သောသာဌေယျ
ျအကြောင်းကိုမှတ်သားထိုက်ပေသည်အခြားလူများအထင်ကြီးအောင်မိမိ၌မရှိသောဂုဏ်ကိုရှီဟန်ဆောင်
သောလောဘတစ်မျိုးကိုသာဌေယျဟုခေါ်သည် မာယာသည်မိမိ၌ရှီသောအပြစ်ကိုဖုံးကွယ်၍အပြစ်ကင်းဟန်ဆောင်သည်သာဌေယျသည်မိမိမှာမရှီသောဂုဏ်ကိုရှီဟန်ဆောင်သည်ထိုနှစ်မျိုးစလုံးသည်အလိမ္မာညဏ် အပလီညဏ် အကောက်ညဏ်များသာဖြစ်သည်"
     မာယာနှင့်သာဌေယျတို့သည်သာမန်လိုချင်မူသဘော
ထက်ပင်ဆိုးရွားသော ဝိသမလောဘသားတို့ လက်စွဲအသုံးပြုသည့်စေတသိက်များပင်ဖြစ်သည်။
***ထို့ကြောင့်ပင် အကုသိုလ်စေတသိက် လောဘ ၏
     ပထမအဆွယ်အပွား "မာယာ" နှင့် ဒုတိယအဆွယ်
     အပွား "သာဌေယျ" တို့အား ရှောင်ကြဉ်သင့်ပါ၏။
ယင်းတို့သည် အပါယ်ကျစေသော သတ္တိပါရှိပါ၏။
မကောင်းသောစိတ် ကိုသာ အစဉ်ဖြစ်သော လောဘ
စေတသိက် အပွားများပင်ဖြစ်သောကြောင်းတည်း။
ကျမ်းကိုး
ဦးခင်မောင်ဝင်း
ဗုဒ္ဓ၏လူမှုရေးတရားတော်များ မှအနှစ်ချုပ်ပြန်ရေးသားပါ
၏။
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
Sunday, June 26, 2016
ဒုဗ္ဘိက္ခန္တရကပ်​ ဖြစ်​ရခြင်းအ​ကြောင်း..
ဒုဗ္ဘိက္ခန္တရကပ် ဖြစ်ရခြင်းအကြောင်း
====================
***ယခုအခါ လူတို့သည်မတရား
သော သဘောဖြင့် တပ်မက်ကြ၏။
မညီမျှသော လောဘ သည်လွှမ်းမိုး
နှိပ်စက်ကုန်၏။
***မှောက်မှားဖောက်ပြန်သောအ
ကျင့်တို့နှင့်ထူပြွမ်းကျင့်သုံးကြ၏။
***မတရားသောလောဘဖြင့် တပ်
မက်တွယ်တာကုန်သော မညီမျှသေါ
လောဘဖြင့် ဖိစီးလွှမ်းမိုးနှိပ်စက်ကုန်
သော မှောက်မှားဖောက်ပြန်သောအ
ကျင့်တို့ဖြင့်ပြည့်စုံကုန်ကြသော အခါ
ထိုလူသားအများစု နေထိုင်ရာ အရပ်
ဒေသတို့ ၌ မိုးသည် ကောင်းစွာရွာမ
ချချေ။
***ရွာပြန်သော်လည်း အတောမ
သတ်ဆက်တိုက်ရွာလေသော်
ကောက်ပဲသီးနှံ တို့ပျက်စီးကုန်၏။
***လူတို့ အတိဒုက္ခကြီးစွာရောက်
ကြရ၏။ လူအပေါင်းတို့ သေကြေ
ကြရ၏။
***ထိုသို့ ဘေးကပ်ဆိုးကြီး ကျ
ရောက်လာခြင်းသည် စင်စစ် လူ
သားများကြောင့် ပင် ဖြစ်ပါ၏။
မြတ်ဗုဒ္ဓ ၏ ဟောကြားချက်
>>ပုသိမ်မြို့ ပစ္ဆိမာရုံကျောင်းတိုက်
    အရှင်ခေမိန္ဒ  ၏
မြတ်ဗုဒ္ဓ နှင့် ကမ္ဘာ့ရာသီဥတုပြောင်း
လဲမှု-----:- မှကောက်နုတ်ပါ၏။
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
လောဘ၏အဆွယ်​အပွားမာယာအ​ကြောင်း
လောဘ ၏ အဆွယ်အပွား 'မာယာ 'အကြောင်း
============================
***တဏှါလောဘ ကိုပင် အချို့ နေရာ၌ မာယာ ဟုခေါ်
ရ၏။ မာယာ ဟူသည် မိမိ ၌ တဏှာလောဘ ( အပြစ် )
ရှိသည်ကို မရှိသလို ဟန်ဆောင်တတ်ခြင်းကို ဆိုလိုပါ၏။
***မာယာ သဘ်မျက်လှည့်နှင့်တူပါ၏။ မျက်လှည့်သမား
သည် ကျောက်ခဲကိုကောက်ဟူ၍ ရွှေတုံးထင်အောင်
လှည့်စားနိုင်သကဲ့သို့ မာယာ ကြွယ်သူသည် လူတစ်ဖက်
သားအားအထင်မှားအောင် မိမိမှာရှိသော အပြစ်ကို ပရိ
ယာယ်ဖြင်ဖုံးကွယ်တတ်လေ၏။
အထူးမှတ်ရန်ကား
===========
ယင်းမာယာ သည် လောဘ အဆွယ်အပွားဖြင့်၍ အကု
သိုလ်စေတသိက် ဖြစ်သောကြောင့် အပါယ်ကျစေသော
သတ္တိ ပါရှိလေ၏။
သို့ ပါသော် လည်း လူအများစု သည် ယင်း "မာယာ"
ကိုအကုသိုလ်မဟုတ်ဟု ထင်မှတ်နေကြသူကသာများ
ပါ၏။
***အထူး သတိထားကာ အသိပွား၍ လောဘ အဆွယ်
     အပွား အကုသိုလ်စေတသိက် ဖြစ်သည့်  "မာယာ "
     ကိုရှောင်ကြဉ်နိုင်ဖို့အထူး လိုအပ်ပါ၏။
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
လောဘအ​ကြောင်းသိ​ကောင်းစရာ
လောဘအကြောင်း သိကောင်းစရာ
=====================
#လိုချင်မှုဒေါသသည် လောဘတည်း။
"လိုချင်" ဆိုသော်လည်း ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးသည်သာ လောဘဖြစ်သည်။
နိဗ္ဗာန်လိုချင်မှု၊ တရားကို လိုချင်မှု၊ စာပေတတ်ချင်မှု၊ ဆင်းရဲသူများကို ပေးကမ်းလိုရ၍ ပစ္စည်းဥစ္စာလိုချင်မှု စသော ကောင်းသောအရာ လိုချင်မှုမျိုးကား၊ လောဘမဟုတ်။ ဆန္ဒသဘောသာ ဖြစ်သည်။
လောဘ၏အခြားအမည်များ
=================
#ဤလောဘကို"ပေမ" ဟုလည်းကောင်း၊ "တဏှာ" ဟုလည်းကောင်း၊ "ရာဂ" ဟုလည်းကောင်း၊ "သမုဒယ"ဟုလည်းကောင်း အမျိုးမျိုး နာမည်တပ်၍ ပြောဆိုသုံးနှုန်းကြသည်​။
သစ္စာလေးပါး ခွဲခြားခန်း၌ကား ဤလောဘကို 'သမုဒယ'
ဟုသုံးပြန်သည်။ သမုဒယဟူသော စကား၌ 'ဒုက္ခဖြစ်
ကြောင်း ဒုက္ခလောင်း' ဟု အဓိပ္ပာယ် ရသည်။ ပြခဲ့
သော 'ပေမ တဏှာ ရာဂ' ဟု ခေါ်ဆိုရသည့် လောဘနှင့်
မကင်းနိုင်သောကြောင့် သံသရာ၌ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲပြီးတဝဲလည်လည် နေကြရသည်။ ယခုအခါ သူ
သူ ငါငါ တွေ့နေရသော ဒုက္ခကြီးငယ် အသွယ်သွယ်
သည် ဤတဏှာ လောဘ သမုဒယကြောင့် ဖြစ်ရကား
လောဘကြီးလျှင် ဒုက္ခကြီး၏ လောဘငယ်လျှင် ဒုက္ခ
ငယ်၏။ လောဘမရှိ ဒုက္ခမရှိတော့ပြီဟု ဆိုလိုသည်။
ဤလောဘနှင့်အတူ ဖြစ်ရသော စိတ်ကို 'လောဘစိတ်
တဏှာစိတ် ရာဂစိတ် သံယောဇဉ်စိတ်' ဟုခေါ်၍ လူ
ကိုလည်း 'လောဘကြီးသူ တဏှာကြီးသူ ရာဂကြီးသူ
သံယောဇဉ်ကြီးသူ' ဟုခေါ်၏။
လောဘ၏ အဆွယ်အပွားဖြစ်သော 'မာယာ' နှင့် 'သာ
ဌေယျ' အကြောင်းကိုလည်း ဆက်လက်ဖော်ပြပါမည်။
လောဘသတ်နိုင်သူများဖြစ်ကြပါစေ။
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
ခါချ​နေရမယ်​..
#ခါချနေရမယ်
***မကောင်းမှုအကုသိုလ်တွေကို block ပစ်ပါ
***မကောင်းသောအကျင့်စရိုက်တွေကို unfriend လုပ်ပါ
***အဆိုးမြင်အတွေးစိတ်တွေကို report ထုပါ
***အားငယ်စိတ် ကြောက်လန့် စိတ်တွေကို deleat လုပ်ပါ
***ကောင်းသောအတွေးအမြင်များကို save ပါ
***ကုသိုလ်တရားကို copy ကူးပါ
***အပြစ်ကင်းသောအမှုတွေကို နှလုံးသားထဲစွဲမြဲအောင်
     status ရေးပါ
***ဘုရားရှင်၏ ဒေသနာတော်ကို အပြည့်အဝလိုက်နာပြီး
     ချမ်းသာသုခ ရဖို့ ဘဝထဲမှာ ကောင်းသော အကျိုးရှိသော
     link တွေ ကို download ဆွဲပါ
***ဝေဖန်ပိုင်းခြားစိစစ်ပြီး အမှန်မြင်သတ္တိ ကို tag တွဲထားပါ
***အနိုင်မခံအရှုံးမပေးသောစိတ်ဖြင့် ဘဝ ကို mention
     ခေါ်ပါ
***ကြိုးစားနေရင်း ကျရှုံးပါက ဇွဲသတ္တိ ဖြင့် edit လုပ်ပါ
#အားလုံးသော online ပေါ်မှ မိတ်ဆွေများ သုခနှစ်ဖြာပြည့်
  ဝကြပါစေ။
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
Wednesday, June 22, 2016
စတုတ္ထပ​စ္စေက​ဗုဒ္ဓါ​ဟောကြား​တော်​မူ​သောတရား
   ** ပါဏဘူတာနိ အ​ဟေဌယံ စရံ၊
ပရူပ၀ါဒါ န က​ရောတိ ပါပံ။
       ဘီရုံ ပသံသန္တိ န ဟိ တတ္ထ သူရံ၊
ဘယာ ဟိ သ​န္နော န က​ရောန္တိပါပံ..""
မဟာရာဇ.. မြတ်​​သောမင်းကြီး၊
ပါဏဘူတာနိ .. သတ္တ၀ါတို့ကို၊
အ​ဟေဌယံ..     မညှင်းဆဲဘဲ၊
စရံ              ..  ကျင့်​​သောသူသည်​၊
ပရူပ၀ါဒါ..  သူတစ်​ပါးစွပ်​စွဲမည်​ ​ကြောက်​​သော​ကြောင့်​၊
ပါပံ         .. မ​ကောင်းမှုကို၊
န က​ရောတိ.. မပြု၊
ဘီရုံ          .. သူတစ်​ပါးစွပ်​စွဲခြင်းမှ ​ကြောက်​​သောသူကို၊
သ​န္တော      .. သူ​တော်​​ကောင်းတို့သည်​၊
ပသံသန္တိ .... ချီးမွမ်းကုန်​၏။
တတ္ထ     .... ထိုသူတစ်​ပါး စွပ်​စွဲခြင်း၌၊
သူရံ       .... သူရဲ​ကောင်း လုပ်​​သောသူကို၊
န ဟိ ပသံသန္တိ.. မချီးမွမ်းကုန်​၊
ဘယာ ဟိ  ..     သူတစ်​ပါးစွပ်​စွဲမည်​ ​​ကြောက်​​သော​ကြောင့်​သာလျှင်​ ၊
သန္တာ       .. သူ​တော်​​ကောင်းတို့သည်​၊
ပါပံ         ..  မ​ကောင်းမှုကို၊
နက​ရောန္တိ .. မပြုကုန်​ .. တဲ့.။
အဓိပ္ပါယ်​က
*********
     အကြင်​ပုဂ္ဂိုလ်​ဟာ သတ္ထ၀ါများကိုလည်း မညှင်းဆဲဘူး၊ သူတစ်​ပါးကဲ့ရဲ့မှာ ​ကြောက်​​သော​ကြောင့်​ဖြစ်​​စေ မ​ကောင်းမှုကို မပြုလုပ်​ဘူး၊
အဲ့ဒီလို ပုဂ္ဂိုလ်​ကို သူ​တော်​​ကောင်းများက ချီးမွမ်း​တော်​မူကြတယ်​..လို့ ဆိုလိုပါတယ်​။
            ❆ အာဒိတ္တသုတ်​❆
                 ဓမ္မပန်းချီ
မြတ်​ပါရမီ
မြတ်​​ဗုဒ္ဓ၏သာသနာ page.
တတိယပ​စ္စေကဗုဒ္ဓါ ​ဟောကြား​သောတရားး
ရောရုဝမင်းကြီးအား တတိယ ရှင်​ပ​စ္စေကဗုဒ္ဓါ ​ဟော​တော်​မူတဲ့ဂါထာ​တော်​..
    ** ၀ိ​စေယျ ဒါနံ သုဂတပ္ပသဋ္ဌံ၊
ယေ ဒက္ခိ​ဏေယျာ ဣဓဇီဝ​လော​ကေ။
   **ဧ​တေသု ဒိန္နာနိ မဟပ္ဖလာနိ
ဗီဇာနိ ၀ုတ္တာနိ ယထာ သု​ခေ​တ္တေ...
မဟာရာဇ .. မြတ်​​သောမင်းကြီး၊
ဝိ​စေယျ   ..  အလှူဝတ္ထုနှင့်​ အလှူခံတို့ကို ​ရွေးချယ်​စိစစ်​၍၊
ဒိန္နံ         .. လှူအပ်​​သော၊
ဒါနံ         .. အလှူဒါနကို၊
သုဂတပ္ပသဋ္ဌံ.. ဘုရားရှင်​တို့ ချီးမွမ်းအံ့သြ ​ထောမနာ​တော်​မူအပ်​၏။
ဣဓ ဇီဝ​လော​ကေ.. အသက်​ရှင်​​သော ဤလူ့ပြည်​၌ ၊
ယေ ဒက္ခိ​ဏေယျာ..  အကြင်​ အလှူခံပုဂ္ဂိုလ်​တို့သည်​၊
သန္တိ      ..  ရှိကုန်​၏။
ဧ​တေသု..   ထိုအလှူခံ ပုဂ္ဂိုလ်​တို့၌
ဒိန္နာနိ     ..  လှူအပ်​ကုန်​​သော အလှူဝတ္ထုတို့သည်​ ၊
သု​ခေ​တ္တေ... ​ကောင်း​သောလယ်​ယာ၌၊
ဝုတ္တာနိ    ... ပျိုးချအပ်​ကုန်​​သော၊
ဗီဇာနိ ယထာ.. မျိုး​စေ့တို့ကဲ့သို့၊
မဟပ္ဖလာနိ  .. အကျိုးကြီးကုန်​၏.. တဲ့.
    ဒီတရား​တော်​ရဲ့ အဓိပ္ပါယ်​က အလှူတစ်​ခုပြုမည်​ဆိုလျှင်​ မိမိရဲ့ အလှူဝတ္ထုနှင့်​ အလှူခံပုဂ္ဂိုလ်​တို့ကို ​ရှေးဦးစွာ ​ရွေးချယ်​ပါတဲ့..
ဘာ​ကြောင့်​လဲဆိုလျှင်​ အလှူဟာ အင်္ဂါ ( ၃ )ချက်​ ရှိတယ်​။
အင်္ဂါ ( ၃ )ချက်​ဆိုတာက ..
.... အလှူရှင်​ရယ်​၊
.... အလှူဝတ္ထုရယ်​၊
.... အလှူခံပုဂ္ဂိုလ်​ရယ်​ ဖြစ်​တယ်​။
   ဒီအင်္ဂါ ( ၃ )ချက်​ဟာ လယ်​ရဲ့အင်္ဂါ ( ၃ )ချက်​နှင့်​လဲတူသတဲ့။
လယ်​ရဲ့အင်္ဂါ ( ၃ )ချက်​ဆိုတာ..
... လယ်​သမားရယ်
... မျိုး​စေ့ရယ်
... လယ်​​မြေရယ်​ဖြစ်​တယ်​။ ဒီ အင်္ဂါ( ၃ )ချက်​စုံလျှင်​ လယ်​စိုက်​လို့​တော့ ဖြစ်​သွားပြီ။ ဒါ​ပေမယ့်​ ​ကောင်း​သော လယ်​စိုကိခြင်း​တော့ ဖြစ်​ချင်​မှဖြစ်​မယ်​။ ဘာ​ကြောင့်​လဲဆို​တော့ လယ်​စိုက်​တယ်​ဆိုတာ လယ်​သမားက စိုက်​ခြင်းဖြစ်​တယ်​။
   လယ်​စိုက်​တဲ့ လယ်​သမားဟာ လယ်​​မြေကိစ္စမှာ ကျွမ်းကျင်​သူဖြစ်​ရမယ်​။
ဒုတိယအင်္ဂါက မျိုး​စေ့​ပေါ့၊
အဲ့ဒီစပါးမျိုး​စေ့ဟာ ​အောင်​မြင်​​သော စပါးမျိုး​စေ့ ဖြစ်​ရမယ်​။
တတိယအင်္ဂါက လယ်​​မြေ၊ အဲ့ဒီ လယ်​​မြေဟာ သြဇာ​ကောင်းမွန်​တဲ့ လယ်​​မြေဖြစ်​ရမယ်​။ ဒီအင်္ဂါ ( ၃ )ချက်​ ကိုက်​ကြီခဲ့လျှင်​ ဒီလယ်​​မြေက စပါး​ကောင်း​ကောင်းထွက်​မှာ ​သေချာသွားပြီ။
   အင်္ဂါ ( ၃ )ပါး တစ်​ပါးပါးပျက်​စီးခဲ့လျှင်​ လယ်​​တော့စိုက်​တာပဲ၊ အထွက်​​တော့ စိတ်​မချရဘူး၊ အဲ့ဒီ ဥပမာအတိုင်း အလှူ, လှူတယ်​ဆိုတာ လယ်​သမားနှင့်​တူတဲ့ အလှူရှင်​ , မျိုး​စေ့နှင့်​တူတဲ့ အလှူဝတ္ထု,  လယ်​​မြေနှင့်​တူတဲ့ အလှူခံ ​ဟောဒီလို အင်္ဂါ ( ၃ )ပါးရှိတယ်​။
   အလှူရှင်​ဟာ သဒ္ဓါတရားဖြစ်​ပွားပြီး အလှူ​ပေး​နေတာမို့ လယ်​သမားနှင့်​တူတဲ့ အလှူရှင်​ကို​တော့ စစ်​​ဆေးဖို့မလိုဘူး။
အလှူရှင်​ဟာ မိမိကိုယ်​ကို စစ်​​ဆေးဖို့မလို​သော်​လည်း ကိုယ်​​ပေးမဲ့ အလှူဝတ္ထု စင်​ကြယ်​မှုရှိ , မရှိ၊ အလှူခံပုဂ္ဂိုလ်​မှာ သီလတည်းဟူ​သော ​မြေသြဇာ ရှိ, မရှိကို​တော့ စိစစ်​ပြီးမှ လှူပါတဲ့။
အလှူဝတ္ထုကလဲ စင်​ကြယ်​တယ်​၊ အလှူခံပုဂ္ဂိုလ်​ကလဲ သီလရှိတယ်​ဆိုလျှင်​ အဲ့ဒီ အလှူဟာ ဘုရားရှင်​တို့ ချီးမွမ်းအပ်​​သော အလှူဖြစ်​တယ်​လို့ ဆိုလိုပါတယ်​..။ 
         ❆အာဒိတ္တသုတ်​ ❆ 
              ဓမ္မပန်းချီ 
မြတ်​ပါရမီ
မြတ်​​ဗုဒ္ဓ၏ သာသနာpage..
ဒုတိယပ​စ္စေက​ဟောကြား​တော်​မူ​သောတရား
ရောရုဝမင်းကြီးအား ဒုတိယရှင်​ပ​စ္စေကဗုဒ္ဓါ ​ဟောတဲ့တရား​တော်​က..
***
      ဒါနဉ္စ ယုဒ္စဉ္စ သမာန မာဟု
အပ္ပါ ပိ သန္တာ ​ဗဟု​ကေ ဇိနန္တိ။
      အပ္ပမ္ပိ ​စေ သဒ္ဓဟ​န္တော ဒဒါတိ၊
တေ​နေ၀ ​သော ​ဟောတိ သုခီပရတ္ထ ..။
   `` မဟာရာဇ.. မြတ်​​သောမင်းကြီး၊
ဒါနဉ္စ.- အလှူ​ပေးခြင်းကိုလည်း​ကောင်း၊
ယုဒ္စဉ္စ - စစ်​တိုက်​ခြင်းကိုလည်း​ကောင်း၊
သမာနံ - တူ၏ဟူ၍၊
ပဏ္ဍိတာ- ပညာရှိတို့သည်
အာဟု - ဆိုကုန်​၏။
အပ္ပါပိ  - အနည်း​ငယ်​​သော စစ်​သည်​တို့သည်​လည်း၊
သန္တာ - ဖြစ်​ပါကုန်​လျက်​၊
ဗဟု​ကေ - များစွာ​သော တစ်​ဘက်​ရန်​သူတို့ကို
ဇိနန္တိ - ​အောင်​နိုင်​ကုန်​၏။
အပ္ပါပိ - အနည်းငယ်​​သော အလှူဝတ္ထုတို့ကို၊
သန္တာ - ဖြစ်​ပါကုန်​လျက်​၊
ဗဟု​ကေ - များစွာ​သော ကိ​လေသာတို့ကို
ဇိနန္တိ - ​အောင်​နိုင်​ကုန်​၏။
အပ္ပမ္ပိ - အနည်းငယ်​​သော ၀တ္ထုကိုလည်း၊
သဒ္ဓဟ​န္တော - ရတနာသုံးပါး၊ ကံတရားတို့ကို ယုံကြည်​သည်​ဖြစ်​၍၊
စေ ဒဒါတိ - အကယ်​၍ ​ပေးလှူငြားအံ့၊
တေ​နေ၀ - ထိုအလှူ​ကြောင့်
သော - ထိုအလှူရှင်​သည်​၊
ပရတ္ထ - တမလွန်​​လောက၌
သုခီ    - ချမ်းသာသည်​၊
ဟောတိ - ဖြစ်​၏...´´ တဲ့..
   အဓိပ္ပါယ်​က
**********
    အလှူ​ပေးတာနှင့်​ စစ်​တိုင်​တာ တူညီကတဲ့။ စစ်​ဆိုတာ ကိုယ့်​ဘက်​ စစ်​သည်​ နည်း​သော်​လည်း ​အောင်​ချင်​ ​အောင်​နိုင်​တတ်​တယ်​။
   အလှူဟာလည်း အလှူဝတ္ထုနည်း​သော်​လည်း ​စေတနာ , သဒ္ဒါတရား​ကောင်းလျှင်​ များပြားတဲ့ ကိ​လေသာရန်​ကို ​အောသ်​နိုဝ်​သတဲ့။
   ဒါ​ကြောင့်​ ရတနာသုံးပါးအ​ပေါ် ယုံကြည်​ခြင်း၊ ကံ - ကံရဲ့အကျိုးကို ယုံကြည်​ခြင်းရှိခဲ့လျှင်​ အလှူဝတ္ထု နည်းနည်း​လေးဟာလည်း ​နောက်​ဘ၀ နတ်​ချမ်းသာ ​ရောက်​​အောင်​ အကျိုး​ပေးနိုင်​တယ်​လို့.. ဆိုလိုပါ၏။
         ❆ အာဒိတ္တသုတ်​❆
            ✏ ဓမ္မပန်းချီ
မြတ်​ပါရမီ
မြတ်​​ဗုဒ္ဓ၏သာသနာ page.
ပထမ ပ​စ္စေက​ဗုဒ္ဓါ ​ဟော​သောတရား
ရောရုဝမင်းကြီးအား ပထမ ပ​စ္စေက​ဗုဒ္ဓါ ​ဟောကြား​တော်​မူ​သောတရား
************************
""  ​ယော ဓမ္မလဒ္ဓဿ ဒဒါတိ ဒါနံ
ဥဋ္ဌာန၀ီရိယာပတ​ဿ ဇန္တု။
   အတိက္ကမ္မ ​သော ​ဝေတ္တရဏိံ ယမဿ
ဒိဗ္ဗာနိ ဌာနာနိ ဥ​ပေတိ မ​စ္စော..""
   မင်းမြတ်​ သတ္တ၀ါဖြစ်​​သော အကြင်​သူသည်​ တရားရ​သော ပုဂ္ဂိုလ်​အား လုံ့လပြုသဖြင့်​ ရအပ်​​သော ၀တ္ထု၏ အဦးအဖျားကို ယူ၍ အလှူကို ​ပေးလှူ၏။
   ထိုသူသည်​ ယမမင်း၏ ငရဲကြီး,  ငရဲငယ်​ကို လွန်​၍ နတ်​ဘုံတို့သို့ ​ရောက်​နိုင်​၏..။
ဒီဂါထာရဲ့အဓိပ္ပါယ်​က
       အကြင်​ပုဂ္ဂိုလ်​ဟာ ရှာ​ဖွေစု​ဆောင်းထားးတဲ့ ပစ္စည်းထဲက အဦးအဖျားကို တရားသိ , တရားကျင့်​ဆဲ ပုဂ္ဂိုလ်​တို့အား ​ပေးလှူခဲ့လျှင်​ ငရဲမကျနိုင်​ဘဲ နတ်​ပြည်​ထုတ်​​ခြောက်​ ​ရောက်​​စေနိုင်​တယ်​လို့ ဆိုလိုတယ်​။
မြတ်​​ပါရမီ
မြတ်​​ဗုဒ္ဓ၏ သာသနာ page..
ပုဗ္ဗဏှသုတ်​မြန်​မာပြန်
ပုဗ္ဗဏှသုတ်
**********
ပုဗ္ဗဏှသုတ် ရွတ်ဖတ်ခြင်း အကျိုး
```````````````````````````````````````
ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်။ ကံဇာတာ နိမ့်နေခိုက် အထူးရွတ်ဆိုရန် သင့်သည်။ လုပ်သမျှ အရာရာနှင့် အကြောင်းကြောင်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်။ အရေးကြီးသော ကိစ္စတခုခုကို အောင်မြင်အောင် ဆောင်ရွက်လိုသောအခါ မသွားမီ ဤသုတ်ကို သရဇ္ဈယ်ပါ။ မုချအောင်ပါလိမ့်မည်။
ပုဗ္ဗဏှသုတ် မြန်မာပြန်
~~~~~~~~~~
1/ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
2/ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
3/ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
4/ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံး ထိုဘေး အန္တရာယ်မှ လွတ်ကင်းကြပါစေ။ စိုးရိမ်သောက ဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းကြပါစေ။
5/ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြပါသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါကုန်။
6/ အရာရာ ပြည့်စုံချမ်းသာမှု ရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ။ အကျင့်သီလ စောင့်ထိန်းကြပါ။ ကမ္မဋ္ဌာန်း ဘာဝနာ ပွားများကြပါ။ ယခုအခါ၌ တရားနာရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။
7/ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ ဘုရားငယ်၊ ရဟန္တာ အရှင်သူမြတ်တို့၏ ဉာဏဗလ စွမ်းရည်တန်ခိုးဖြင့် အရပ်ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။
8/ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ ရှိသော ရတနာတို့သည် ဘုရားတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် ဘုရားရတနာသည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။
9/ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် တရားတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် တရားရတနာသည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာ စကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။
10/ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် သံဃာတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် သံဃာရတနာသည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြပါစေသတည်း။
11/ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ။ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
12/ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ။ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ။ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
13/ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ။ နတ်တို့က သင့်ကို စောင့်ရှောက်ပါစေ။ အားလုံးသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
14/ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူ ကမ္ဘာသားအပေါင်း၏ အကျိုးစီးပွါးအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော်မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်သို့ ရောက်တော်မူခဲ့လေပြီ။ ထိုသို့မှန်သော သစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်းပါစေသတည်း။
15/ သာကီဝင်မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်း ဖြစ်ပါစေသတည်း။ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင် ရရှိပါစေသတည်း ။
16/ သဗ္ဗညူ ဘုရားအဆူဆူတို့ ဗုဒ္ဓါ ဘိသေက မင်္ဂလာ ခံယူရာလည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်းဖြစ်သော အပရာဇိတ ပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။
17/ ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်း ကြုံပါစေ။ မင်္ဂလာကောင်းရှိပါစေ။ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ။ ကောင်းစွာ တိုးတက်ပါစေ။ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ။ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော်ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်းဖြစ်ပါစေသတည်း။
18/ မြတ်သော ကိုယ်အမှု၊ မြတ်သော နှုတ်အမှု၊ မြတ်သော စိတ်အမှု ရှိပါစေ။ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၌ သင်၏ စိတ်ကို ဆောက်တည်နိုင်ပါစေသတည်း။
19/ လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သောအမှုကိစ္စတို့ကို ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရရှိကြကုန်၏။ မြတ်သောအကျိုးတရားတို့ကို ရရှိသောသူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏။ ထိုသူတို့သည် ဘုရား သာသနာ၌ ကြီးပွားတိုးတက် လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေအမျိုးတို့နှင့်အတူ ကျန်းမာ ချမ်းသာကြပါစေကုန်သော်။
** ပုဗ္ဗဏှသုတ်မြန်​မာပြန်​ ပြီးဆုံးပါပြီ။ **
ဤတွင်​ ပရိတ်​ကြီး(၁၁)သုတ်​ မြန်​မာပြန်​အား တင်​ပြပြီးစီးပါပြီ။
မူ​ရင်း​ရေးသားပူ​ဇော်​သူ၏ ဓမ္မဒါနအတွက်​ ၀မ်း​မြောက်​၀မ်းသာ သာဓု သာဓု သာဓု.. ​ခေါ်ပါ၏။
ဆင်းရဲဒုက္ခငြိမ်းရာ နိ​ဗ္ဗာန်​စခန်းသို့ မလွဲမ​သေ မျက်​​မောက်​ပြုနိုင်​ပါ​စေသတည်း။
Credit...