စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, June 19, 2016

အ​နောတ္တပ္ပအ​ကြောင်း..

အနောတ္တပ္ပ အကြောင်း
==============
***မကြောက်မလန့် ခြင်းသဘောသည် အနောတ္တပ္ပ
ပင်ဖြစ်ပါ၏။ အကုသ်ုလ်ဒုစရိုက်များသည် မီးတောက်မီး
လျှံ နှင့်တူ၏။ အနောတ္တပ္ပ ကားပိုးဖလံနှင့်တူ၏။
***မီးတောက်မီးလျှံ သည်ကြောက်မက်ဖွယ်ကောင်း၏။
သို့သော် ပိုစဖလံ တို့သည် မီးတောက်မီးလျှံ ကိုကြောက်
မက်ဖွယ်ဟုမထင်ပဲ ရဲရဲဝင်တိုးကြလေ၏။
>>>ထို့အတူ အကုသိုလ်ဒုစရိုက်များသည် လက်ရှိဘဝ
တွင်သာမက အနာဂတ်ဘဝ က်ုပါ ဆိုးကျိုးကို ပေးမည်
ဖြစ်ရာ ကြောက်မက်ဖွယ်ကောင်းလှပါ၏။

>>>သို့သော် ဒုက္ခဘေးကို မောဟ စေတသိက် ဖုံးကွယ်
ထားမှုကြောင့် အနောတ္တပ္ပ ကကြောက်လန့် ဖွယ်ဟုမမြင်
တော့ပါပဲ အကုသိုလ်ဒုစရိုက်တို့ကို ရဲရဲကြီးပြုလုပ်လေ၏

#အထူးမှတ်ရန်ကား
   အနောတ္တပ္ပကြောင့်အကုသိုလ်တို့က်ု လုပ်လေရာ တွေ့
   ကြုံရမည့် ဘေးလေးမျိုး ကအသင့်စောင့်နေပါ၏။
၁။အတ္တာနုဝါဒဘေး။    ။မိမိကိုဟ်ကိုမကြည်ညိုတော့ပဲ
                               လိပ်ပြာမသန့် တော့ခြင်း။
၂။ပရာနုဝါဒဘေး။       ။သူတစ်ပါးတို့၏အထင်သေးခြင်း
                               စွပ်စွဲခြင်းခံရသောဘေး။
၃။ဒဏ္ဍဘေး။             ။ပြုလုပ်ပြီးသောအကုသိုလ်
                              ကြောင့်မင်းပြစ်မင်းဒဏ်ခံရခြင်း။
၎။ဒုဂ္ဂတိဘေး ။         ။သေလွန်သောအခါ အပါယ်လေး
                             ပါးဆင်းသက်ရခြင်း။

>>>သတိပြုဖွယ်ရာကား
      ဘေး၎ပါး၌ အမှတ် ၁/၂/၃ တို့အား မျက်မှောက်ဘ
     ဝ၌ရှောင်ရှားနိုင်သော်လည်း (ဟန်ဆောင်ခြင်း/တန်
     စိုးလက်ဆောင်ပေး၍အပြစ်ကိုရှောင်ခြင်း) အမှတ် ၎
     ကိုမူကား ရှောင်ရှား၍ မရပါချေ။
     ပြုလုပ်ပြီးသောအကုသိုလ်ကြောင့် သေလွန်သောအ
     ခါ သေချာပေါက် အပါယ်လေးပါး ကျရောက်ပေမည်။

***ကျမ်းကိုး***
ဦးခင်မောင်ဝင်း
ဗုဒ္ဓ၏လူမှုရေးတရားတော် မှ အနှစ်ချုပ်ရေးသားပါ၏။

သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page

No comments:

Post a Comment