မောရသုတ်ဖြစ်ပေါ်လာပုံ
**´`**´`**´`**´`**´`**
ဘုရားလောင်း ဥဒေါင်းမင်းသည် ဒဏ္ဍကတောင်၌နေစဉ် မနက် ဥဒေတယံ- ချီ ဂါထာအား နေကိုကြည့်ပြီးမှ အစာရှာထွက်သည်။ ညနေ အိပ်တန်းတက်သည့်အခါ၌မူ အပေတယံ - ချီ ဂါထာကို နေကိုကြည့်ပြီးမှ အိပ်တန်းတက်သည်။ သို့ဖြင့် ဥဒေါင်းမင်းတွင် သဘာဝအန္တရာယ် အနှစ်ခုနစ်ရာတိုင်အောင် မရှိခဲ့ချေ။
ထိုသို့နေလာရာမှ တစ်နေ့တွင် ဗာရာဏသီမင်း၏ မိဖုရားမှာ ရွှေဥဒေါင်းမင်း တရားကို နာရကြောင်း အိပ်မက်, မက်ရာမှစ၍ ဗာရာဏသီမင်း အဆက်ဆက်တို့ ရွှေဥဒေါင်းမင်းကို ဖမ်းဆီးခဲ့ရာမှာ မင်းခြောက်ဆက်တိုင် ဖမ်းမရဘဲ ရှိခဲ့သည်။ သတ္တမမြောက် မင်းလက်ထက်ကျမှ စေလွှတ်လိုက်သော မုဆိုးက ဒေါင်းမလေးနှင့် မြူဆွယ်ဖမ်းမှ အဖမ်းခံလိုက်ရပေသည်။
ဤအကြောင်းကို ဗုဒ္ဓက ဆွမ်းခံကြွရင်းမှ မိန်းမတစ်ယောက်အား စွဲလမ်းလာသော ရဟန်းငယ်တစ်ပါးကို ခေါ်ပြီး ဟောပြတော်မူရာ တရားအဆုံးတွင် ရဟန်းငယ်မှာ ရဟန္တာဖြစ်သွားပြီး မောရသုတ် ပရိတ်တော်မှာလည်း ထိုအခါမှစ၍ ယနေ့ထိအောင် ဖြစ်ပေါ်တည်ရှိနေပေသည်။
မောရသုတ် ရွတ်ရခြင်းအကျိုး
•• •• •• •• •• •• •• •• •• ••
မောရသုတ်သည် အချုပ်အနှောင် ခံရပါက ထိုအချုပ်အနှောင်မှ လွတ်နိုင်ရုံမက မိမိကို သူတစ်ပါးတို့က အန္တရာယ်ပြုမှု ၊ မကောင်းကြံမှု စသည်တို့ကို ဟန့်တားဖျက်ဆီးနိုင်စေသည်။
မိမိ၏ အကြံအစည်များလည်း အနှောင့်အယှက်မရှိ ပြီးစီးနိုင်ခြင်း အကျိုးကို ခံစားရပါသည်။
ရွတ်ရမည့်အခါ
°° °° °° °° °°
အချုပ်အနှောင် ခံရသည့်အခါ ၊ အန္တရာယ်များ ကြုံနေသည့်အခါတို့၌ ရွတ်ပါ။
မိမိဘ၀ ပျက်စီးရာ ပျက်စီးကြောင်း ကြံနေသူများ ရှိပါက အထူးပင် အာရုံပြု၍ ရွတ်ရပြီး နေ့စဉ်ရွတ်နိုင်ပါက အန္တရာယ် မှန်သမျှ လုံခြုံစိတ်ချရသည်။
❆ ဓမ္မမော်ကွန်း❆
မြတ်ဗုဒ္ဓ၏သာသနာ page.
No comments:
Post a Comment