ပုဗ္ဗဏှသုတ် ဖြစ်ပေါ်လာပုံ
*** *** *** *** ***
ဤပုဗ္ဗဏှသုတ်သည် ဘုရားဟော စစ်စစ် ပုဗ္ဗဏှသုတ် မဟုတ်။ ဘုရားဟော ပုဗ္ဗဏှသုတ်မှာ အဂုင်္တ္ထိုရ် တိကနိပါတ်၌ ပါရှိသည်။
ထိုဘုရားဟော ပုဗ္ဗဏှသုတ်မှ " သုနက္ခတ္တံ " အစချီသော ဂါထာသုံးပုဒ်ကို ယူ၍ ရှေးဆရာတို့သည် အခြားကောင်းနိုးရာရာ ( ၁၅ )ပုဒ်တို့ဖြင့် တန်ဆာဆင်ကာ ပုဗ္ဗဏှသုတ်ဟူ၍ ဤပရိတ်ကြီး ( ၁၁ )သုတ်၌ အဆုံးသုတ်အဖြစ် စီစဉ်ထားခြင်းဖြစ်သည်။
သို့သော် ရတနာသုံးပါး၏ ဂုဏ်တို့ကိုသာ ရွတ်ဖတ်ပွားများခြင်းဖြင့် အတိတ်ဆိုး၊ နိမိတ်ဆိုးများ ၊ ဂြိုဟ်စီးဂြိုဟ်နင်း စသည်များ အမှန်တကယ် ပျောက်ကင်းချမ်းသာနိုင်စေသည်။ သို့ဖြစ်၍ ရှေးဆရာတို့က ဘုရားဟောဂါထာ သုံးပုဒ်ကို အခြေခံပြီး စီစဉ်ထားခြင်းကြောင့် အစွမ်းထက်သော ပရိတ်အရံအတားဖြစ်ကြောင်း ယုံကြည်စိတ်ချအပ်ပေသည်။
ပုဗ္ဗဏှသုတ် ရွတ်ရခြင်းအကျိုး
••••••••••••••••••••••••••••
ဤသုတ်သည် မကောင်းသော အတိတ်နိမိတ်များ၊ ဂြိုဟ်စီးဂြိုဟ်နင်းများ အိပ်မက်ဆိုးများ စသည်ဖြင့် မကောင်းသော အနိဋ္ဌာရုံများ ပျောက်ကင်းစေရုံသာမက ကောင်းကျိုးချမ်းသာများကိုလည်း ရရှိခံစားနိုင်ခြင်း အကျိုးရှိပါသည်။
ရွတ်ရမည့်အခါ
***********
ပုဗ္ဗဏှ - နံနက်အခါ ဆိုသည့်အတိုင်း မနက်အိပ်ရာကထလိုက်သည်နှင့် ရွတ်ဖတ်သင့်သည်။ ဘာကြောင့်နည်းဆိုသော်..... တစ်နေ့တာကာလအတွက် လုပ်သင့်ရာအလုပ်ကို လုပ်ပြီး ကောင်းကျိုးချမ်းသာ တိုးတက်စေရန် ဖော်ညွန်းဦးတည်ထားသော သုတ် ဖြစ်ခြင်းကြောင့် ဖြစ်သည်။
** နေ့လယ်နှင့် ညဥ့်အချိန်၌လည်း ရွတ်နိုင်ပါသည်။
✏ ဓမ္မမော်ကွန်း
★ ဤသို့ ပရိတ်ကြီး(၁၁)သုတ် ဖြစ်ပေါ်လာပုံအား ရေးသားပူဇော် ဖြန့်ဝေရသော အကျိုးအားကြောင့် ဤမြတ်ဗုဒ္ဓ၏သာသနာ page အဖွဲ့သားများနှင့် စာဖတ်သူ ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းများအားလုံးနှင့် ကမ္ဘာသူ ကမ္ဘာသားများအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကောင်းကျိုးချမ်းသာ လိုရာဆန္ဒများနှင့် ပြည့်စုံနိုင်ကြပါစေသော်ဝ်။
No comments:
Post a Comment