ဝဋ္ဋသုတ်ဖြစ်ပေါ်လာပုံ
** ** ** ** ** **
ဝဋ္ဋသုတ်တော်သည် ဘုရားရှင် ငုံးမင်းဘ၀က သစ္စာဆို ရွတ်ဆိုခဲ့သော သုတ်တော်ဖြစ်သည်။
ဗုဒ္ဓသည် ရဟန်းငါးရာတို့နှင့်အတူ မဂဓတိုင်းအတွင်း ဒေသစာရီ ကြွချီသည်။ ထိုသို့ကြွရင်း တောအုပ်အတွင်း ရောက်သည့်အခါ ဗုဒ္ဓတို့ ကြွမည့်လမ်းတည့်တည့်ဆီမှ တောမီးကြီး အကြီးအကျယ် လောင်ကျွမ်းလာနေသည်။ ထိုတောမီသည် ဗုဒ္ဓထံ ရောက်မလာဘဲ ဗုဒ္ဓရှိရာအရပ်မှ ပတ်ပတ်လည် ( ၁၆ ) ပယ်ရှိရာအရပ်ကို ရှောင်ကွင်းလျက် လောင်ကျွမ်းသွားပုံကို ရဟန်းများ တအံ့တသြ ချီးမွမ်းပြောဆိုနေကြသည်။
ထိုအခါ ဗုဒ္ဓက ရဟန်းတို့အား "" ဤနေရာသည် ငါဘုရား ငုံးမင်းဘ၀က နေခဲ့သော နေရာဖြစ်ကြောင်း ၊
ထိုစဉ်ကလည်း အခုလို တောမီးကြီး လောင်ကျွမ်းရာ ငုံးမင်းက အသိုက်ထဲမှနေ၍ သစ္စာဆိုလိုက်မှ တောမီးကြီးငြိမ်းသွားကြောင်း၊
ထို့ကြောင့် ဤနေရာ ( ၁၆ )ပယ် စာမျှသော အရပ်သည် ကမ္ဘာဆုံးသည့်တိုင် မီးမလောင်ရာ အရပ်ဖြစ်နေမည် ဖြစ်ကြောင်း စသည်ဖြင့် ၀ဋ္ဋသုတ်ကို ပြန်လည်ဟောပြတော်မူသည်။
ဝဋ္ဋသုတ် ရွတ်ရခြင်းအကျိုး
••••••••••••••••••••••••
ဝဋ္ဋသုတ်၏ အကျိုးမှာ မီးဘေးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ခြင်း အကျိုးဖြစ်သည်။
ရွတ်ရမည့်အခါ
°°°°°°°°°°°°°°°
မီးအန္တရာယ် စိုးရိမ်ရသော နွေရာသီအခါတွင် ရွတ်ဆိုသင့်သည်။ မီးလောင်မှု တစ်ခုခုကြုံနေလျှင် ထိုမီးကြီးကိုပင် ဟန့်တားနိုင်သည်။ နေ့စဉ်ရွတ်ပါက မီးဘေးကြိုတင်ကာကွယ်ထားနိုင်ပါသည်။
❆ ဓမ္မမော်ကွန်း ❆
စာကြွင်း
*****
ပတ်ပတ်လည် ၁၆ ပယ်ဆိုသည်ကို
တိတိကျကျ မဖွင့်ဆိုနိုင်ပါ။
ဘုရားရှင်ဟောကြားခဲ့သောဒေသနာ
တို့၌ ပါရှိသည့် အတိုင်းအတာ ပမာဏ
တို့သည် ရှေး ယခင် ကာလ အတိုင်း
အတာ ဖြစ်၍ မျက်မှောက်ခေတ်တွင်
တိကျစွာ ဖော်ထုတ်၍ မရနိုင်ပါချေ။
ယခု status ပါ ၁၆ ပယ် ဟူသည်
ကို ကျမ်းဂန် များ၌ ပင် ဖော်ပြထားခြင်း
ရှိသော်လည်း အဓိပ္ပာယ်ပြန်ဆိုမှု
မရှိပါချေ။
အရှင်စန္ဒာဇောတိ ၏
အာဂုံဆောင် ဇာတက ကျမ်းစာ ၌ပင်
ဖော်ပြထားသော်လည်း ရှင်းပြချက်မပါ ပါချေ။
ရဟန်းသံဃာများပင် ယင်း ၁၆ ပယ်
ကို မသိနိုင်ပါ။အဘယ့်ကြောင့်ဆိုသော် တိကျစွာ သတ်မှတ်၍ မရကောင်း
ဟူ၍သာ မှတ်သားထားသင့်ပါ၏။
ဥပမာ အနေ ဖြင့် ဘုရားရှင်
လက်ထက် ယူဇနာ ကို ယနေ့ 
မျက်မှောက်ခေတ်တွင် ဖော်ပြကြ
ရာ၌ပင် မူကွဲများစွာရှိနေကြပါ၏။
ဤ မျှလောက် ဆို နားလည်မည်ဟု
ထင်ပါသည်။
ပရိတ် တော် သစ္စာ သည်သာ
အဓိက ဖြစ်ပြီး ၁၆ ပယ် သည်
သာမည ဖြစ်ပါ၏။
** မြတ်ဗုဒ္ဓ၏သာသနာ page
No comments:
Post a Comment