စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, June 22, 2016
မင်္ဂလသုတ်
မင်္ဂလသုတ်​ဖြစ်​​ပေါ်လာပုံ
*•*•*•*•*•*•*•*•*•*•*
   ဗုဒ္ဓပွင့်​​သောအခါ မင်္ဂလာတရားကို​ဟောလိမ့်​မယ်​ဟူ​သော မင်္ဂလာ​ကောလဟာလကြီးကား ​ဗုဒ္ဓမပွင့်​ခင်​ ၁၂ နှစ်​​လောက်​က ကြို၍ ​လောက၌ ​ပေါ်ထွက်​​နေသည်​။
   ယခု​ဗုဒ္ဓပွင့်​ပြီ......
                       သို့​သော်​ မင်္ဂလာတရားကိုကား ​ဟောသံမကြားရ​သေး​ချေ။ သို့နှင့်​ ထို​ခေတ်​က လူသားများက အချင်းချင်း ​တွေ့လိုက်​ရသည်​နှင့်​...
     "" ​ဟေ့.. မင်္ဂလာဆိုတာ ဘာလဲ""
ဟု ​မေးတတ်​သလို
    "" မိုးလင်းလို့ ကိုယ့်​အိမ်​​ရှေ့ ​ရွှေ​ငွေရတနာ စတာ​တွေ ​တွေ့ရင်​ ဒါမင်္ဂလာ​ပေါ့... "" ဟု ​ဖြေတတ်​သည်​။ ထိုအခါ ​မေးသူက ...
      "" ကဲကွာ ​ခွေး​သေ​ကောင်​​တွေ့ရင်​​ကော ""
ဟု ပြန်​​ထေ့တတ်​သည်​။
   ဤသို့ဖြင့်​ အမြင်​အကြား အ​တွေ့အထိ စသည်​တို့တွင်​ ကိုယ်​ကြိုက်​တာကို "" မင်္ဂလာ "" လို့ ​ပြောဆိုပြီး ငြင်းခုန်​​နေကြသည်​။  ဘယ်​သူကမှလည်း ​ရေလည်​​အောင်​ မရှင်းနိုင်​။
   လူတို့မှတဆင့်​ ကိုယ်​​စောင့်​နတ်​၊ အိမ်​​စောင့်​နတ်​များ၊
ထိုမှတဆင့်​ ဘုမ္မစိုး၊ ရုက္ခစိုးနတ်​များ..
ထိုမှတဆင့်​ စတုမဟာရာဇ်​ ၊ တာဝတိံသာ စ​သော နတ်​ပြည်​​ခြောက်​ထပ်​ အထိ မင်္ဂလာ အငြင်းအခုန်​ကြီး ကူးစက်​သွားပြီး လူ​ရောနတ်​​ရော ငြင်းခုန်​​နေကြသည်​မှာ နှစ်​အားဖြင့်​ ( ၁၂ ) နှစ်​ သာကြာသည်​။ မင်္ဂလာ ဆိုတာ ဘာကို​ခေါ်တယ်​ဟု အသိကြ​သေး​ချေ။
   သို့နှင့်​ ​နောက်​ဆုံးသိကြားမင်းထံ ၀င်​​မေးရာမှအစ သိကြားမင်းကလည်း သူလဲမသိသမို့ နတ်​သားတစ်​ပါးအား ​ဗုဒ္ဓထံ​စေလွှတ်​ပြီး ​မေးမြန်း​လျှောက်​ထားရသည်​အထိ ဖြစ်​လာသည်​။
   ထိုအခါမှ ​ဗုဒ္ဓက သာဝတ္ထိပြည်​ ၊ ​ဇေတ၀န်​​ကျောင်း​တော်​၌ သိကြားမင်း ​စေလွှတ်​လိုက်​​သော နတ်​သားအား ညဉ့်​သန်း​ခေါင်​ယံ အချိန်​၀ယ်​ ( ၃၈ ) ဖြာ မင်္ဂလာတရားကို ​ဟောကြား​တော်​မူသည်​။
   ထိုညဉ့်​က မင်္ဂလာအ​ကြောင်း သိချင်​​နေကြ​သော နတ်​, ဗြဟ္မာ အသ​င်္ချေ အနန္တတိုင်​​အောင်​ နာယူကြသည်​။
မင်္ဂလသုတ်​ ရွတ်​ရခြင်းအကျိုး
*°*°*°*°*°*°*°*°*°*°*°*
   မင်္ဂလသုတ်​ကို အမြဲရွတ်​ခြင်း၊ လိုက်​နာပြုကျင့်​ခြင်းဖြင့်​ ​ဘေးအန္တရာယ်​ကင်း၍ အရာရာ ​အောင်​မြင်​ခြင်းအကျိုး ခံစားရသည်​။
      ရွတ်​သင့်​ချိန်
      ••••••••••••
   အလှူမင်္ဂလာ၊ အိမ်​တက်​မင်္ဂလာ စ​သော မင်္ဂလာနှင့်​စပ်​​သောပွဲများ...။
               📘 ဓမ္မ​မော်​ကွန်း
✏ ဦး​ကျော်​ ( ပညာ​မော်​ကွန်း ) စုစည်းပူ​ဇော်​သည်​။
No comments:
Post a Comment