မောဟအကြောင်း
===========
***မောဟ ဟူသည် မသိခြင်း သဘောဖြစ်ပါ၏။ မောဟ
နှစ်မျိုးရှိပါ၏။ အနုသယမောဟ နှင်ါ ပရိယုဋ္ဌာနမောဟ တို့ဖြစ်၏။
***အနုသယမောဟ
>>>အဆိပ်ပင်၌အဆိပ်သီးသီးစေသော သတ္တိပါရှိသကဲ့
သို့ သတ္တဝါတို့၏သန္တာန်၌ သိထိုက်သောတရားများကိုမ
သိအောင် ဖုံးကွယ်တတ်သော သတ္တိတစ်မျိုးပါရှိလေ၏။
ထိုသတ္တိသည် အနုသယမော ပင်တည်း။
>>>ထိုအနုသယမော ကြောင့် ပုထုဇဉ်တို့သည် အနိစ္စ
ဒုက္ခ အနတ္တ သဘောကို မသိ သစ္စာလေးပါး ကိုလည်း
မမြင်ချေ။ ထိုအနုသယမော သည် တရားအဆင့်တစ်
ဆင့်ပြီးတစ်ဆင့်တက်သွားသော်လည်း ရှိနေနိုင်သေးရာ
ရဟန္တာ အဖြစ်ရောက်မှသာ အနုသယမောဟ အကင်း
ပျောက်လေ၏။
***ပရိယုဋ္ဌာနမောဟ
>>>စိတ် နှင့်တွဲဖက်ကာ မောဟ ထကြွလာသောအခါ
အကုသိုလ်စိတ်ဖြစ်နေပေပြီ။ ပရိယုဋ္ဌာနမောဟ ဖြစ်လာ
ပါက ဒုစရိုက်အမှု အကုသိုလ်တို့ကိုပြုရန်ဝန်မလေးတော့
ပြီ။ အကုသိုလ်၏အကျိုးကိုလည်းမကြောက်တော့ပေ။
ဤပရိယုဋ္ဌာနမောဟ သည် အကုသိုလ်စခန်းသို့ ရောက်
အောင်တွန်းပို့ ပေးသော ဗွေဆော်ဦးလက်သည်တရား
ခံပင်ဖြစ်ပါ၏။ လောက၌ ဖြစ်ပေါ်နေသောမိုက်မဲမှုမှန်သ
ရွေ့ ဤ မောဟ၌သာ အခြေတည်ပါ၏။
#အထူးမှတ်ရန်ကား
>>>မသိခြင်း သဘောကို မောဟ ဟုဆိုသောကြောင့်
မသင်ဖူးသောအတတ် မရောက်ဖူးသောအရပ် မ
မြင်ဖူးသောအရာဝတ္ထု မစားဖူးသောအစားအစာ
စသည် တို့သည်အမှန်စင်စစ် မောဟမဟုတ်ပါချေ။
သာမန် မသိခြင်းသာ ဖြစ်ပါ၏။
***ကျမ်းကိုး***
ဦးခင်မောင်ဝင်း
ဗုဒ္ဓ၏လူမှုရေးတရားတော်များ ကိုအနှစ်ချုပ်ပြန်ရေးငားပါ၏။
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
No comments:
Post a Comment