စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, June 21, 2016

ဥဒ္ဓစ္စအ​ကြောင်း..

ဥဒ္ဓစ္စ အကြောင်း
==========

***စိတ်ပျံ့လွင့်ခြင်း မငြိမ်သက်ခြင်းသဘောသည် ဥဒ္ဓစ္စ
တည်း။
***ဥဒ္ဓစ္စ သဘောသည် မည်သည့်အာရုံကို မျှတည်တည်
     တံ့တံ့ စူးစိုက်မှုမရှိပဲ ဟိုအာရုံရောက်လိုက် ဒီအာရုံ
     ရောက်လိုက် နှင့် ပျံ့လွင့်နေသောစ်တ် ဖြစ်၏။

***စိတ်တည်ငြိမ်မှုမရှိပဲ စိတ်လေလွင့်နေသော အခါ
     ကိုဟ်ခန္ဓာလည်း မငြိမ်မသက် ဖြစ်ပြီး ဟိုသွားချင်
     ဒီလာချင် နှင့် လှုပ်ရှားနေလေ၏။
***ယင်းစိတ်သည် အကုသိုလ်စိတ်ဟု ဆိုသော်လည်း
     အပါယ်ကျလောက်အောင်သတ္တိမရှိချေ။
     အဘယ့်ကြောင့်ဆိုသော် မည်သည့်ဒုစရိုက်မှုကိုမျှ
     ထိထိမိမိ မပြုသောကြောင့်တည်း။
***သို့သော် ယင်းစိတ်ကြောင့်ပင် ဖြစ်လေရာဘဝ၌
     သမာဓိအားနည်းပြီး လူလေ လူပေါ့ဖြစ်အောင် ဖန်
     တီးတတ်ပေ၏။

>>>အထူးမှတ်ရန်ကား
     ***ယင်း ဥဒ္ဓစ္စ ကြောင့် သမာဓိမရှိ မတည်မငြိမ် ဖြစ်
          သောကြောင့် မည်သည့်အရာမျှ ပိုင်နိုင်စွာ မလုပ်
          နိုင်၍ လောကီ ၌လည်း မအောင်မြင် လောကုတ္တ
          ရာ၌ လည်း တရားအလုပ် လုပ်ရာတွင် နှောင့်နှေ
          ကြန့်ကြာလေ၏။

*** ကျမ်းကိုး ***
      ဦးခင်မောင်ဝင်း
      ဗုဒ္ဓ၏လူမှုရေးတရားတော်များ မှ အနှစ်ချုပ်ရေးသား
      ပါ၏။

သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page

No comments:

Post a Comment