စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, June 22, 2016

တတိယပ​စ္စေကဗုဒ္ဓါ ​ဟောကြား​သောတရားး

ရောရုဝမင်းကြီးအား တတိယ ရှင်​ပ​စ္စေကဗုဒ္ဓါ ​ဟော​တော်​မူတဲ့ဂါထာ​တော်​..
    ** ၀ိ​စေယျ ဒါနံ သုဂတပ္ပသဋ္ဌံ၊
ယေ ဒက္ခိ​ဏေယျာ ဣဓဇီဝ​လော​ကေ။
   **ဧ​တေသု ဒိန္နာနိ မဟပ္ဖလာနိ
ဗီဇာနိ ၀ုတ္တာနိ ယထာ သု​ခေ​တ္တေ...

မဟာရာဇ .. မြတ်​​သောမင်းကြီး၊
ဝိ​စေယျ   ..  အလှူဝတ္ထုနှင့်​ အလှူခံတို့ကို ​ရွေးချယ်​စိစစ်​၍၊
ဒိန္နံ         .. လှူအပ်​​သော၊
ဒါနံ         .. အလှူဒါနကို၊
သုဂတပ္ပသဋ္ဌံ.. ဘုရားရှင်​တို့ ချီးမွမ်းအံ့သြ ​ထောမနာ​တော်​မူအပ်​၏။
ဣဓ ဇီဝ​လော​ကေ.. အသက်​ရှင်​​သော ဤလူ့ပြည်​၌ ၊
ယေ ဒက္ခိ​ဏေယျာ..  အကြင်​ အလှူခံပုဂ္ဂိုလ်​တို့သည်​၊
သန္တိ      ..  ရှိကုန်​၏။
ဧ​တေသု..   ထိုအလှူခံ ပုဂ္ဂိုလ်​တို့၌
ဒိန္နာနိ     ..  လှူအပ်​ကုန်​​သော အလှူဝတ္ထုတို့သည်​ ၊
သု​ခေ​တ္တေ... ​ကောင်း​သောလယ်​ယာ၌၊
ဝုတ္တာနိ    ... ပျိုးချအပ်​ကုန်​​သော၊
ဗီဇာနိ ယထာ.. မျိုး​စေ့တို့ကဲ့သို့၊
မဟပ္ဖလာနိ  .. အကျိုးကြီးကုန်​၏.. တဲ့.

    ဒီတရား​တော်​ရဲ့ အဓိပ္ပါယ်​က အလှူတစ်​ခုပြုမည်​ဆိုလျှင်​ မိမိရဲ့ အလှူဝတ္ထုနှင့်​ အလှူခံပုဂ္ဂိုလ်​တို့ကို ​ရှေးဦးစွာ ​ရွေးချယ်​ပါတဲ့..
ဘာ​ကြောင့်​လဲဆိုလျှင်​ အလှူဟာ အင်္ဂါ ( ၃ )ချက်​ ရှိတယ်​။
အင်္ဂါ ( ၃ )ချက်​ဆိုတာက ..
.... အလှူရှင်​ရယ်​၊
.... အလှူဝတ္ထုရယ်​၊
.... အလှူခံပုဂ္ဂိုလ်​ရယ်​ ဖြစ်​တယ်​။

   ဒီအင်္ဂါ ( ၃ )ချက်​ဟာ လယ်​ရဲ့အင်္ဂါ ( ၃ )ချက်​နှင့်​လဲတူသတဲ့။
လယ်​ရဲ့အင်္ဂါ ( ၃ )ချက်​ဆိုတာ..
... လယ်​သမားရယ်
... မျိုး​စေ့ရယ်
... လယ်​​မြေရယ်​ဖြစ်​တယ်​။ ဒီ အင်္ဂါ( ၃ )ချက်​စုံလျှင်​ လယ်​စိုက်​လို့​တော့ ဖြစ်​သွားပြီ။ ဒါ​ပေမယ့်​ ​ကောင်း​သော လယ်​စိုကိခြင်း​တော့ ဖြစ်​ချင်​မှဖြစ်​မယ်​။ ဘာ​ကြောင့်​လဲဆို​တော့ လယ်​စိုက်​တယ်​ဆိုတာ လယ်​သမားက စိုက်​ခြင်းဖြစ်​တယ်​။

   လယ်​စိုက်​တဲ့ လယ်​သမားဟာ လယ်​​မြေကိစ္စမှာ ကျွမ်းကျင်​သူဖြစ်​ရမယ်​။
ဒုတိယအင်္ဂါက မျိုး​စေ့​ပေါ့၊
အဲ့ဒီစပါးမျိုး​စေ့ဟာ ​အောင်​မြင်​​သော စပါးမျိုး​စေ့ ဖြစ်​ရမယ်​။
တတိယအင်္ဂါက လယ်​​မြေ၊ အဲ့ဒီ လယ်​​မြေဟာ သြဇာ​ကောင်းမွန်​တဲ့ လယ်​​မြေဖြစ်​ရမယ်​။ ဒီအင်္ဂါ ( ၃ )ချက်​ ကိုက်​ကြီခဲ့လျှင်​ ဒီလယ်​​မြေက စပါး​ကောင်း​ကောင်းထွက်​မှာ ​သေချာသွားပြီ။

   အင်္ဂါ ( ၃ )ပါး တစ်​ပါးပါးပျက်​စီးခဲ့လျှင်​ လယ်​​တော့စိုက်​တာပဲ၊ အထွက်​​တော့ စိတ်​မချရဘူး၊ အဲ့ဒီ ဥပမာအတိုင်း အလှူ, လှူတယ်​ဆိုတာ လယ်​သမားနှင့်​တူတဲ့ အလှူရှင်​ , မျိုး​စေ့နှင့်​တူတဲ့ အလှူဝတ္ထု,  လယ်​​မြေနှင့်​တူတဲ့ အလှူခံ ​ဟောဒီလို အင်္ဂါ ( ၃ )ပါးရှိတယ်​။

   အလှူရှင်​ဟာ သဒ္ဓါတရားဖြစ်​ပွားပြီး အလှူ​ပေး​နေတာမို့ လယ်​သမားနှင့်​တူတဲ့ အလှူရှင်​ကို​တော့ စစ်​​ဆေးဖို့မလိုဘူး။
အလှူရှင်​ဟာ မိမိကိုယ်​ကို စစ်​​ဆေးဖို့မလို​သော်​လည်း ကိုယ်​​ပေးမဲ့ အလှူဝတ္ထု စင်​ကြယ်​မှုရှိ , မရှိ၊ အလှူခံပုဂ္ဂိုလ်​မှာ သီလတည်းဟူ​သော ​မြေသြဇာ ရှိ, မရှိကို​တော့ စိစစ်​ပြီးမှ လှူပါတဲ့။
အလှူဝတ္ထုကလဲ စင်​ကြယ်​တယ်​၊ အလှူခံပုဂ္ဂိုလ်​ကလဲ သီလရှိတယ်​ဆိုလျှင်​ အဲ့ဒီ အလှူဟာ ဘုရားရှင်​တို့ ချီးမွမ်းအပ်​​သော အလှူဖြစ်​တယ်​လို့ ဆိုလိုပါတယ်​..။ 

         ❆အာဒိတ္တသုတ်​ ❆ 
              ဓမ္မပန်းချီ 

မြတ်​ပါရမီ
မြတ်​​ဗုဒ္ဓ၏ သာသနာpage..

No comments:

Post a Comment