စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, June 22, 2016
ဓဇဂ္ဂသုတ်​ဖြစ်​​ပေါ်လာပုံ..
ဓဇဂ္ဂသုတ်​ ဖြစ်​​ပေါ်လာပုံ
** ^ ** ^ ** ^ ** ^ **
   ထိုအခါ တစ်​ပါးတည်း​ နေရသည့်​ကြားထဲ ​တော​စောင့်​နတ်​၊ ​တောင်​​စောင့်​နတ်​ စသည်​တို့၏ အ​ခြောက်​အလှန့်​ စသည်​ကိုခံရတတ်​သည်​လည်း ရှိသည်​။ သမာဓိအား မ​ကောင်း​သော အချိန်ဖြစ်​ပါက တရားအလုပ်​ ​နှောင့်​​နှေးကြန့်​ကြာရုံမက ပျက်​ကွက်​သွားရသည်​လည်း ရှိသည်​။
   သို့ဖြင့်​ ​ဗုဒ္ဓက ထိုကဲ့သို့ အဖြစ်​မျိုးမဖြစ်​ရ​လေ​အောင်​ ဓဇဂ္ဂသုတ်​​တော်​ကို ​ဟော​တော်​မူပြီး ထိတ်​လန့်​မှု့ရှိလာက ရွတ်​ဖတ်​ကြရန်​ မိန့်​​တော်​မူခဲ့ခြင်းဖြစ်​သည်​။
   တစ်​ခါက  သီဟိုဠ်​ကျွန်း ( သီရိလင်္ကာကျွန်း ) ၊ ဒီဃ၀ါပီ​စေတီ​တော်​၌ အင်္ဂ​တောအ​ချော ကိုင်​​နေတုန်းတန်းလန်းက ဦးဇင်းတစ်​ပါး ​စေတီ​တော်​ အထက်​ဆင့်​ လက်​တန်းမှလွတ်​၍ ​စေတီဝမ်းပြင်​ဖြင့်​ ​လျှောကျ​လေသည်​။ ထိုအခါ ​အောက်​ကကြည့်​​နေ​သော ရဟန်းတို့က "" ငါ့ရှင်​ ဓဇဂ္ဂသုတ်​ ရွတ်​..ရွတ်​.."" ဟု လှမ်းသတိ​ပေး​လေသည်​။
   ထိုအခါ ထိုရဟန်းက "" ဓဇဂ္ဂပရိတ္တံ မံ ရက္ခတု .. ဓဇဂ္ဂသုတ်​ ငါ့ကို​စောင့်​​ရှောက်​ပါ​စေ.."" ဟု ရွတ်​ဆိုလိုက်​ရာ အုတ်​နှစ်​ချပ်​ ရုတ်​ခနဲ​ပေါ်လာပြီး ​လှေကားထစ်​သဖွယ်​ ခံ​ပေးလိုက်​သည်​။ ထိုအခါကျမှ အ​ပေါ်ကရဟန်းများက နွယ်​​လှေကားချ​ပေးရာ ထို​လှေကား​ပေါ် ထိုရဟန်း ​ရောက်​သည်​နှင့်​ အုတ်​နှစ်​ချပ်​မှာ မူလ​နေရာ ပြန်​၀င်​သွား​လေသည်​။ ဤမျှအထိ အားကိုးရ​သော သုတ်​​တော်​ဖြစ်​သည်​။
ဓဇဂ္ဂသုတ်​ ရွတ်​ရခြင်းအကျိုး
**~**~**~**~**~**~*
   ဓဇဂ္ဂသုတ်​ကို ရွတ်​ဖတ်​ခြင်းအားဖြင့်​ ​ကောင်းကင်​၌ပင်​ ​ထောက်​တည်​ရာ ရနိုင်​သည့်​အပြင်​ ဘီလူး၊ သားရဲ၊ သူခိုး စ​သော ​ဘေးရန်​တို့မှ လွတ်​ကင်းနိုင်​သည်​။
ရွတ်​ရမည့်​အခါ
** ** ** **
   စစ်​ဖြစ်​သည့်​အခါ ၊ ​ကြောက်​စရာ အန္တရာယ်​များနှင့်​ ရင်​ဆိုင်​​နေရသည့်​အခါ ( အဌကတာ၏ ဖွင့်​ဆိုချက်​အရဆိုက ) အားကိုးရာမဲ့ အ​ခြေအ​နေမျိုးနှင့်​ ကြုံ​နေရသည့်​အခါတို့၌ ရွတ်​ပါ။
         ❆ဓမ္မ​မော်​ကွန်း ❆
ဓမ္မမိတ်​​ဆွေ သူ​တော်​​ကောင်းများအားလုံး ​ဘေးအန္တရာယ်​ ရန်​စွယ်​အသီးသီးမှ ကင်းလွတ်​ကြပါ​စေ​သော်​။
No comments:
Post a Comment