ရောရုဝမင်းကြီးအား ဒုတိယရှင်ပစ္စေကဗုဒ္ဓါ ဟောတဲ့တရားတော်က..
***
ဒါနဉ္စ ယုဒ္စဉ္စ သမာန မာဟု
အပ္ပါ ပိ သန္တာ ဗဟုကေ ဇိနန္တိ။
အပ္ပမ္ပိ စေ သဒ္ဓဟန္တော ဒဒါတိ၊
တေနေ၀ သော ဟောတိ သုခီပရတ္ထ ..။
`` မဟာရာဇ.. မြတ်သောမင်းကြီး၊
ဒါနဉ္စ.- အလှူပေးခြင်းကိုလည်းကောင်း၊
ယုဒ္စဉ္စ - စစ်တိုက်ခြင်းကိုလည်းကောင်း၊
သမာနံ - တူ၏ဟူ၍၊
ပဏ္ဍိတာ- ပညာရှိတို့သည်
အာဟု - ဆိုကုန်၏။
အပ္ပါပိ - အနည်းငယ်သော စစ်သည်တို့သည်လည်း၊
သန္တာ - ဖြစ်ပါကုန်လျက်၊
ဗဟုကေ - များစွာသော တစ်ဘက်ရန်သူတို့ကို
ဇိနန္တိ - အောင်နိုင်ကုန်၏။
အပ္ပါပိ - အနည်းငယ်သော အလှူဝတ္ထုတို့ကို၊
သန္တာ - ဖြစ်ပါကုန်လျက်၊
ဗဟုကေ - များစွာသော ကိလေသာတို့ကို
ဇိနန္တိ - အောင်နိုင်ကုန်၏။
အပ္ပမ္ပိ - အနည်းငယ်သော ၀တ္ထုကိုလည်း၊
သဒ္ဓဟန္တော - ရတနာသုံးပါး၊ ကံတရားတို့ကို ယုံကြည်သည်ဖြစ်၍၊
စေ ဒဒါတိ - အကယ်၍ ပေးလှူငြားအံ့၊
တေနေ၀ - ထိုအလှူကြောင့်
သော - ထိုအလှူရှင်သည်၊
ပရတ္ထ - တမလွန်လောက၌
သုခီ - ချမ်းသာသည်၊
ဟောတိ - ဖြစ်၏...´´ တဲ့..
အဓိပ္ပါယ်က
**********
အလှူပေးတာနှင့် စစ်တိုင်တာ တူညီကတဲ့။ စစ်ဆိုတာ ကိုယ့်ဘက် စစ်သည် နည်းသော်လည်း အောင်ချင် အောင်နိုင်တတ်တယ်။
အလှူဟာလည်း အလှူဝတ္ထုနည်းသော်လည်း စေတနာ , သဒ္ဒါတရားကောင်းလျှင် များပြားတဲ့ ကိလေသာရန်ကို အောသ်နိုဝ်သတဲ့။
ဒါကြောင့် ရတနာသုံးပါးအပေါ် ယုံကြည်ခြင်း၊ ကံ - ကံရဲ့အကျိုးကို ယုံကြည်ခြင်းရှိခဲ့လျှင် အလှူဝတ္ထု နည်းနည်းလေးဟာလည်း နောက်ဘ၀ နတ်ချမ်းသာ ရောက်အောင် အကျိုးပေးနိုင်တယ်လို့.. ဆိုလိုပါ၏။
❆ အာဒိတ္တသုတ်❆
✏ ဓမ္မပန်းချီ
မြတ်ပါရမီ
မြတ်ဗုဒ္ဓ၏သာသနာ page.
No comments:
Post a Comment