အဂုင်္လိမာလသုတ် ရွတ်ရခြင်းအကျိုး
••••••••••••••••••••••••••••••••••
ကိုယ်ဝန်ဆောင် အမျိုးသမီးများ လွယ်ကူစွာ မီးဖွားနိုင်ခြင်း အကျိုးရှိသည့်အပြင် အခြားဘေးရန်အန္တရာယ်များကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။
အင်္ဂုလိမာလသုတ်မြန်မာပြန်
********************
1/ ဤအင်္ဂုလိမာလ ပရိတ်တော်ကို ရွတ်ဖတ်သော မထေရ်မြတ်တို့၏ ထိုင်သည့်နေရာကို ဆေးကြောသည့် ရေသည်ပင်လျှင် ဘေးရန်ဟူသမျှကို ပျောက်ကင်းစေသည်။
2/ အင်္ဂုလိမာလပရိတ်တော်သည် ကိုယ်ဝန်သားကို ချမ်းသာလွယ်ကူစွာ ချက်ချင်းဖွားစေနိုင်သော အစွမ်းရှိ၏။ အင်္ဂုလိမာလ အမည်ရှိသော မထေရ်အတွက် မြတ်စွာဘုရားဟောကြားသော ပရိတ် တော်ဖြစ်၏။ အာယုကပ် ပတ်လုံးလည်း တည်၏။ တန်ခိုးလည်းအလွန်ကြီး၏။ ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါစို့။
3/ “အို…နှမ။ ငါသည် အရိယာဇာတ် ရဟန်းမြတ် ဖြစ်သောအခါမှစ၍ သေစေလိုသော စေတနာဖြင့် သတ္တဝါ တကောင်ကောင်ကို သတ်ဖူးသည်ဟု ငါမသိပေ”။ ထိုသို့မှန်သော သစ္စာစကားကြောင့် သင့်အား ချမ်းသာပါစေ။ ကိုယ်ဝန်သားလည်း ချမ်းသာပါစေသတည်း။
**အဂုင်္လိမာလသုတ် မြန်မာပြန်ပြီး၏ **
No comments:
Post a Comment