၁၀။ ပုရေဇာတပစ္စယောတိ
ပုရေ = ရှေးဦးစွာ၊ ကြိုတင်ပြီးတော့
ဇာတ = ဖြစ်နှင့်နေတဲ့
ပစ္စယော =အကြောင်းတရား
အကြောင်းတရားက အကျိုးတရားထက် ကြိုတင်ဖြစ်နှင့်နေတာ ပုရေဇာတ၊ အကြောင်းတရားက အကျိုးတရားထက် နောက်မှဖြစ်တာ ပစ္ဆာဇာတ၊ အကြောင်းတရားက အကျိုးတရားနဲ့ ပြိုင်တူဖြစ်တာ သဟဇာတ လို့ ဆိုပါတယ်။
ဒီ ပုရေဇာတမှာလည်း -
၁။ ၀တ္ထုပုရေဇာတ
( ရုပ်ဝတ္ထု ပုရေဇာတ )
၂။ အာရမ္မဏပုရေဇာတ
( အာရုံ ပုရေဇာတ )
၃။ မနောနဲ့ အာရုံ
၎။ မနောဓါတ်နဲ့ မှီရာဝတ္ထု .. ဆိုပြီးခွဲဟောထားပါတယ်။
...............
၁။ ၀တ္ထုပုရေဇာတ
-စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- မျက်စိအကြည်ရုပ်လို့ဆိုတဲ့ စက္ခုပသာဒရုပ်သည်၊ မြင်သိစိတ်လို့ဆိုတဲ့ စက္ခုဝိညာဏ်စိတ်အား လည်းကောင်း၊ ထိုစက္ခုဝိညာဏ်စိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်ကြတဲ့ စေတသိက် (၇-ခု = ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတိနြေ္ဒ မနသိကာယ) တို့အားလည်းကောင်း၊ ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုဧ။် ။
-သောတာယတနံ သောတ၀ိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- နားအကြည်ရုပ်လို့ဆိုတဲ့ သောတပသာဒရုပ်သည်၊ ကြားသိစိတ်လို့ဆိုတဲ့ သောတ၀ိညာဏ်စိတ်အား လည်းကောင်း၊ ထိုသောတ၀ိညာဏ်စိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်ကြတဲ့ စေတသိက် တို့အားလည်းကောင်း၊ ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုဧ။် ။
- ဃာနာယတနံ ဃာန၀ိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- နှာခေါင်းအကြည်ရုပ်လို့ဆိုတဲ့ ဃာနပသာဒရုပ်သည်၊ နံသိစိတ်လို့ဆိုတဲ့ ဃာန၀ိညာဏ်စိတ်အား လည်းကောင်း၊ ထို ဃာန၀ိညာဏ်စိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်ကြတဲ့ စေတသိက် တို့အား လည်းကောင်း၊ ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုဧ။် ။
-ဇိဝှါယတနံ ဇိဝှါဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- လျှာအကြည်ရုပ်လို့ဆိုတဲ့ ဇိဝှာပသာဒရုပ်သည်၊ လျက်သိစိတ်လို့ဆိုတဲ့ ဇိဝှာဝိညာဏ်စိတ်အား လည်းကောင်း၊ ထို ဇိဝှာဝိညာဏ်စိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်ကြတဲ့ စေတသိက် တို့အား လည်းကောင်း၊ ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုဧ။် ။
-ကာယာယတနံ ကာယ၀ိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- ကိုယ်အကြည်ရုပ်လို့ဆိုတဲ့ ကာယပသာဒရုပ်သည်၊ ထိသိစိတ်လို့ဆိုတဲ့ ကာယ၀ိညာဏ်စိတ်အား လည်းကောင်း၊ ထို ကာယ၀ိညာဏ်စိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်ကြတဲ့ စေတသိက် တို့အား လည်းကောင်း၊ ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုဧ။် ။
၂။ အာရမ္မဏပုရေဇာတ
-ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- ရူပါယတန လို့ ဆိုတဲ့ အဆင်းအာရုံသည်၊ မြင်သိစိတ်လို့ဆိုတဲ့ စက္ခုဝိညာဏ်စိတ်အား လည်းကောင်း၊ ထိုစက္ခုဝိညာဏ်စိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်ကြတဲ့ စေတသိက် တို့အားလည်းကောင်း၊ ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုဧ။် ။
-သဒ္ဒါယတနံ သောတ၀ိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- သဒ္ဒါယတန လို့ ဆိုတဲ့ အသံအာရုံသည်၊ ကြားသိစိတ်လို့ဆိုတဲ့ သောတ၀ိညာဏ်စိတ်အား လည်းကောင်း၊ ထို သောတ၀ိညာဏ်စိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်ကြတဲ့ စေတသိက် တို့အားလည်းကောင်း၊ ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုဧ။် ။
-ဂန္ဓာယတနံ ဃန၀ိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- ဂန္ဓယတန လို့ ဆိုတဲ့ အနံ့အာရုံသည်၊ နံသိစိတ်လို့ဆိုတဲ့ ဃန၀ိညာဏ်စိတ်အား လည်းကောင်း၊ ထို ဃာန၀ိညာဏ်စိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်ကြတဲ့ စေတသိက် တို့အားလည်းကောင်း၊ ပုရေဇာတပစ္စယ သတ္တိဖြင့် ကျေးဇူးပြုဧ။် ။
-ရသာယတနံ ဇိဝှါဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- ရသာယတန လို့ ဆိုတဲ့ ချို ချဉ် ငန် ခါး စပ် ဖန် အရသာ ၆-ပါး အရသာအာရုံသည်၊ လျက်သိစိတ်လို့ဆိုတဲ့ ဇိဝှာဝိညာဏ်စိတ်အား လည်းကောင်း၊ ထို ဇိဝှာဝိညာဏ်စိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်ကြတဲ့ စေတသိက် တို့အားလည်းကောင်း၊ ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုဧ။် ။
-ဖောဌဗ္ဗာယတနံ ကာယ၀ိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- ဖောဌဗ္ဗယတနလို့ ဆိုတဲ့ ထိသိ (ပထ၀ီ တေဇော ၀ါယော သဘော )အာရုံသည်၊ ထိသိစိတ်လို့ဆိုတဲ့ ကာယ၀ိညာဏ်စိတ်အား လည်းကောင်း၊ ထို ကာယ၀ိညာဏ်စိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်ကြတဲ့ စေတသိက် တို့အားလည်းကောင်း၊ ပုရေဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုဧ။် ။
၃။ မနောဓါတ်နှင့် အာရုံ
-ရူပါယတနံ သဒ္ဒါယတနံ ဂန္ဓာယတနံ ရသာယတနံ ဖောဌဗ္ဗာယတနံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- အဆင်း အသံ အနံ့ အရသာ အထိအတွေ့လို့ ဆိုတဲ့ အာရုံတို့သည် မနောဓါတ်လို့ ဆိုတဲ့ စိတ်အား လည်းကောင်း၊ ထိုစိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက်ဖြစ်ကြတဲ့ စေတသိက် တို့အားလည်းကောင်း၊ ပုရေဇာတပစ္စယ သတ္တိဖြင့် ကျေးဇူးပြုဧ။် ။
၎။ မနောဓါတ်နှင့် မှီရာဝတ္ထု
-ယံ ရူပံ နိဿယ မနောဓါတု စ မနောဝိညာဏဓါတု စ ၀တ္တန္တိ၊ တံ ရူပံ မနောဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။
- ယံ ရူပံ - အကြင်မှီရာဖြစ်တဲ့ ရုပ်ကလေးကို
နိဿာယ- အမှီပြုပြီး
မနောဓါတု စ - မနောဓါတ်လို့ ခေါ်တဲ့ စိတ်သည်လည်းကောင်း၊
မနောဝိညာဏဓာတု စ - မနောဝိညာဏလို့ခေါ်ရတဲ့ စိတ်သည်လည်းကောင်း၊
ဝတ္တန္တိ -ဖြစ်ပေါ်လာကြဧ။် ။
တံ ရူပံ - ထို မှီရာရုပ်သည်
မနောဓါတုယာ - မနောဓါတ်အားလည်းကောင်း၊
တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ - ထို မနောဓါတ်နှင့် ယှဉ်ဖြစ်တဲ့ စေတသိက်တရားတို့အားလည်းကောင်း၊
ပုရေဇာတပစ္စယေန ပစ္စယော -
ပုရေဇာတပစ္စယ သတ္တိဖြင့် ကျေးဇူးပြုဧ။် ။
( ယံ ရူပံ = ဟဒယ၀တ္ထုရုပ် )
-မနောဝိညာဏဓာတုယာ တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ကိဉ္စိကာလေ ပုရေဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိကာလေ န ပုရေဇာတပစ္စယေန ပစ္စယော။
ထို မှီရာရုပ်သည် မနောဝိညာဏဓါတ်နှင့် ထို မနောဝိညာဏ်နှင့် ယှဉ်ဖက် စေတသိက်တို့ကို
ကိဉ္စိကာလေ - တချို့သောကာလမှာ
ပုရေဇာတသတ္တိဖြင့် ကျေးဇူးပြုဧ။် ၊
ကိဉ္စိကာလေ န - တချို့သောကာလမှာကား
ပုရေဇာတသတ္တိဖြင့် ကျေးဇူးမပြု။ ။
------------------
မူရင်း page.. https://m.facebook.com/story.php?story_fbid=370324039787529&id=334976996655567
No comments:
Post a Comment