၁၆။ ဣန္ဒြိယပစ္စယောတိ
- ဣန္ဒြိယ ကို ဣနြေ္ဒ လို့ ပြန်ဆိုပါတယ်။
ဣနြေ္ဒ ၅ ပါး၊ ဣနြေ္ဒ ၆ပါး၊ ဣနြေ္ဒ ၂၂ ပါး ဆိုပြီး ခွဲပြောကြပါသေးတယ်။
ဗောဓိပက္ခိယတရား ၃၇ ပါးမှာ ဣနြေ္ဒ ၅ ပါးကို ကောက်ပါတယ်၊ သဒ္ဓိနြေ္ဒ ဝိရိယိနြေ္ဒ သတိနြေ္ဒ သမာဓိနြေ္ဒ ပညိနြေ္ဒ ဆိုတဲ့ သဒ္ဓါ ဝိရိယ သတိ သမာဓိ ပညာ ဆိုတဲ့ ကောင်းမြတ်တဲ့ အရည်အသွေးတွေပါ။ ဒီ ဣနြေ္ဒ ၅ ပါးဟာ တရားဓမ္မကျင့်ကြံအားထုတ်တဲ့အခါ မိမိသန္တာန်မှာ ရင့်ကျက်စေရမဲ့ ဣနြေ္ဒတွေ၊ အပြန်အလှန် ထိမ်းညှိရမဲ့ ဣနြေ္ဒတွေလို့ ဆိုပါတယ်။
ဣနြေ္ဒ ၆ ပါးဆိုတာက မျက် နား နှာ လျှာ ကိုယ် စိတ် ဆိုတဲ့ စက္ခု သောတ ဃာန ဇိဝှာ ကာယ မန တွေကို ခေါ်တာဖြစ်ပြီး ဣနြေ္ဒတွေ စောင့်ထိမ်း ရတဲ့ ဣန္ဒြိယသံဝရသီလ ဆိုတာ ရှိပါသေးတယ်။
မျက်စိရှိရင် မြင်မယ်၊ နားရှိရင်ကြားမယ်၊ ဒါပေမဲ့ မြင်ပြီး ကြားပြီး လောဘ ဒေါသ မောဟ မဖြစ်အောင်၊ ကိလေသာမဖြစ်အောင် စောင့်ထိမ်းရတဲ့ သီလမျိုးပါ။
နောက် ဣနြေ္ဒ ၂၂ ပါး ဆိုတာကတော့ ဆိုခဲ့တဲ့ ဣနြေ္ဒ ၅ ပါး ၊ ၆ ပါးတွေပါ အပါအဝင်ဖြစ်ပြီး ဣန္ဒြိယပစ္စည်းတရားမှာ အားလုံး ခွဲခြမ်းစိပ်ဖြာ ဟောထားတာပါ။
ဒီမှာလည်း ရုပ်ဣနြေ္ဒ၊ နာမ်ဣနြေ္ဒ ဆိုပြီးရှိပါသေးတယ်။
ဒါတွေက-
၁-ရုပ်ဇီဝိတိနြေ္ဒ
၂-နာမ်ဇီဝိတိနြေ္ဒ (မနိနြေ္ဒ)
ရုပ်မှာ-
၁-စက္ခုနြေ္ဒ
၂-သောတိနြေ္ဒ
၃-ဃာနိနြေ္ဒ
၎-ဇိဝှိနြေ္ဒ
၅-ကာယိနြေ္ဒ
၆-ဣထ္ထိနြေ္ဒ
၇-ပုရိသိနြေ္ဒ
နာမ်မှာ-
၁-သဒ္ဓိနြေ္ဒ
၂-ဝိရိယိနြေ္ဒ
၃-သတိနြေ္ဒ
၎-သမာဓိနြေ္ဒ
၅-ပညိနြေ္ဒ
ဝေဒနာမှာ-
၁-သုခိနြေ္ဒ
၂-ဒုက္ခိနြေ္ဒ
၃-သောမနဿိနြေ္ဒ
၎-ဒေါမနဿိနြေ္ဒ
၅-ဥပက္ခိနြေ္ဒ
လောကုတ္တရာပညာဆိုင်ရာမှာ-
၁-အနညာသညဿမိတိနြေ္ဒ
၂-အညိနြေ္ဒ
၃-အညတာဝိနြေ္ဒ
................ဆိုပြီး ၂၂- ပါးရှိပါတယ်တဲ့။
ဒီ ဣနြေ္ဒ ၂၂ ပါးထဲမှာ ဣထ္ထိနြေ္ဒနဲ့ ပုရိသိနြေ္ဒ ၂ ပါးဟာ ဣန္ဒြိယပစ္စည်းမတပ်ဘဲ၊ ကျန် ၂၀ ပါးကိုသာ ဣန္ဒြိယပစ္စည်းမှာ ဟောပါတယ်။
ဣန္ဒြိယဆိုတာ မိမိဆိုင်ရာကိစ္စတွေမှာ အစိုးရခြင်း၊ ချုပ်ကိုင်ခြင်း၊ အုပ်ချုပ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
ဆိုလိုတာက စက္ခုနြေ္ဒ က အမြင်ကိစ္စမှာပဲ အုပ်စိုးနိုင်တယ်၊ သောတိနြေ္ဒက အကြားကိစ္စမှာပဲ အုပ်စိုးတယ်။
သူ့နေရာနဲ့ သူပါဘဲ။
----------------
-စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
-စက္ခုပသာဒရုပ်(မျက်စိ)သည် မြင်သိစိတ်အားလည်းကောင်း၊ ထို မြင်သိစိတ်နဲ့တွဲ၍ဖြစ်ကြသော စေတသိက် တို့အားလည်းကောင်း၊ အစိုးရသောဣန္ဒြိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
-သောတိန္ဒြိယံ သောတဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
-သောတပသာဒရုပ်(နား)သည် ကြားသိစိတ်အားလည်းကောင်း၊ ထို ကြားသိစိတ်နဲ့တွဲ၍ဖြစ်ကြသော စေတသိက်တရား တို့အားလည်းကောင်း၊ အစိုးရသောဣန္ဒြိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
-ဃာနိန္ဒြိယံ ဃာနဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
-ဃာနပသာဒရုပ်(နှာ)သည် နံသိစိတ်အားလည်းကောင်း၊ ထို နံသိစိတ်နဲ့တွဲ၍ဖြစ်ကြသော စေတသိက်တရား တို့အားလည်းကောင်း၊ အစိုးရသော ဣန္ဒြိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
-ဇိဝှိန္ဒြိယံ ဇိဝှာဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
-ဇိဝှာပသာဒရုပ်(လျှာ)သည် အရသာသိစိတ်အားလည်းကောင်း၊ ထို အရသာသိစိတ်နဲ့တွဲ၍ဖြစ်ကြသော စေတသိက်တရား တို့အားလည်းကောင်း၊ အစိုးရသောဣန္ဒြိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
-ကာယိန္ဒြိယံ ကာယာဝိညာဏဓာတုယာ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
-ကာယပသာဒရုပ်(ကိုယ်)သည် ထိသိစိတ်အားလည်းကောင်း၊ ထို ထိသိစိတ်နဲ့တွဲ၍ဖြစ်ကြသော စေတသိက်တရား တို့အားလည်းကောင်း၊ အစိုးရသောဣန္ဒြိပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
-ရူပဇိဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
-ရုပ်ဇီဝိတိနြေ္ဒလို့ခေါ်တဲ့ ဇီဝိတရုပ်သည် ကဋတ္ထာရုပ်ခေါ်တဲ့ ကမ္မဇရုပ်အား အစိုးရသော ဣန္ဒြိယသတ္တိဖြင့် ကျေးဇူးပြု၏။
-အရူပိနော ဣန္ဒြိယာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံ သမုဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။
-နာမ်ဖြစ်ကုန်သော ဣနြေ္ဒတရားတို့သည် ထို ဣနြေ္ဒနှင့်ယှဉ်ကုန်ကြသော စေတသိက်တရား တို့အားလည်းကောင်း၊ ထို ဣနြေ္ဒတို့ကြောင့်ဖြစ်သော စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇရုပ်တိုအားလည်းကောင်း၊ အစိုးရသော ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ။
-------------------
မူရင်း.. page.https://m.facebook.com/story.php?story_fbid=388288227991110&id=334976996655567
No comments:
Post a Comment