စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, September 10, 2017

၆.. သဟဇာတပစ္စယော

၆။ သဟဇာတပစ္စယောတိ

-စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။

-စတ္တာရော ခန္ဓာ အရူပိနော= (ရုပ်မဟုတ်သော ခန္ဓာ ၄ ပါး ) နာမ်ခန္ဓာ ၄-ပါးတို့သည်

အညမည= အပြန်အလှန်၊

သဟဇာတ-= အတူတကွ (တပြိုင်နက်)ကျေးဇူးပြုကြသည်။

-စတ္တာရော မဟာဘုတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော။

-မဟာဘုတ် ၄-ပါး တို့သည် အပြန်အလှန်၊ အတူတကွ ကျေးဇူးပြုကြသည်။

-သြက္ကန္တိက္ခဏေ နာမရူပံ အညမညံ သဟဇာတပစ္စယေန ပစ္စယော။

-ပဋိသန္ဓေခဏမှာ နာမ်နှင့်ရုပ်တို့သည် အပြန်အလှန်၊ အတူတကွ ကျေးဇူးပြုကြသည်။

ပဋိသန္ဓေခဏမှာဖြစ်တဲ့ _
နာမ်ဆိုတာ ၀ိညာဉ်၊ သညာ၊ သင်္ခါရ၊ ဝေဒနာ ဆိုတဲ့ နာမ်လေးပါးဖြစ်ပြီး၊
ရုပ်ဆိုတာ ကာယ၊ ဘာဝ၊၀တ္ထုဒသက ရုပ်တွေပါ။

ပထမဆုံးဖြစ်တဲ့ပဋိသန္ဓေစိတ်ဟာ ဟဒယ၀တ္ထုရုပ်ကို မှီဖြစ်ရပါတယ်။

-စိတ္တစေတသိကာ ဓမ္မာ စိတ္တသမုဌာနာနံ ရူပါနံ သဟဇာတပစ္စယေန ပစ္စယော။

-စိတ် စေတသိက် နာမ်ခန္ဓာ ၄-ပါးဟာ စိတ္တဇရုပ်ကို အတူတကွကျေးဇူးပြုကြသည်။
( အညမည-အပြန်အလှန်ကျေးဇူးမပြုပါ )

-မဟာဘူတာ ဥပါဒါရူပါနံ သဟဇာတပစ္စယေန ပစ္စယော။

-မဟာဘုတ် ၄-ပါးသည် ဥပါဒါရုပ်တို့ကို အတူတကွ ကျေးဇူးပြုကြသည်။

ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓါတ်တွေဟာ မဟာဘုတ် ၄-ပါးဖြစ်ကြပြီး

မဟာဘုတ်ကိုမှီပြီး ဖြစ်တဲ့ရုပ်ကိုတော့ ဥပါဒါရုပ်လို့ ခေါ်ပါတယ်။

ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သြဇာရုပ်တွေဟာ ဥပါဒါရုပ်တွေဖြစ်ပါတယ်။

မဟာဘုတ် ၄-ပါးနဲ့ ဥပါဒါရုပ် ၄-ပါးပေါင်း၊
စုစုပေါင်း ၈-ပါးဖြစ်မှ ရုပ်ကလာပ် ၁ ပါးဖြစ်ပါတယ်။

ဒီ အဝိနိဗ္ဘောဂရုပ် ၈-ပါးကလည်း
ကံကြောင့် ကမ္မဇရုပ်၊
စိတ်ကြောင့် စိတ္တဇရုပ်၊
ဥတုကြောင့် ဥတုဇရုပ်၊
အာဟာရကြောင့် အာဟာရဇရုပ်တွေ ကွဲပြား ဖြစ်ကြရပါတယ်။

ရုပ်အပေါင်းကတော့ ၂၈-ပါးရှိပါတယ်။

-ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ကိဉ္စိ ကာလေ သဟဇာတပစ္စယေန ပစ္စယော၊ ကိဉ္စိ ကာလေ န သဟဇာတပစ္စယေန ပစ္စယော။

-ရုပ်တရားတို့သည် နာမ်တရားတို့အား တရံတခါ၌
သဟဇာပစ္စည်းဖြင့် ကျေးဇူးပြုကြပြီး
တရံတခါ၌ ကျေးဇူးမပြု ။

--------------------
မူရင်း..page https://m.facebook.com/story.php?story_fbid=357146231105310&id=334976996655567

No comments:

Post a Comment