၉။ ဥပနိဿယပစ္စယောတိ
- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
- ရှေး ရှေးက ကုသိုလ်ပြုခဲ့ရင် နောက် နောက် ပြုမယ့်ကုသိုလ် ကို အားကောင်းတဲ့ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုတယ်။
ဆိုလိုတာက ပြုခဲ့တဲ့ကုသိုလ်ရှိရင် အားကောင်းတဲ့ သဒ္ဓါ သီလ စာဂ တွေတက်လာပြီး ကုသိုလ်ထပ်လာမယ်။ ကုသိုလ်ပြီးရင် ကုသိုလ် ထပ်ဖြစ်တယ်လို့ ဆိုတာပါ။
ဲ်
- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
- ရှေး ရှေးက ကုသိုလ်တရားတွေက နောက် နောက် မှဖြစ်တဲ့ အကုသိုလ် တရားတွေအဖြစ် ( ကေသဉ္စိ ဥပနိဿယပစ္စယေန ) - ဥပနိဿယပစ္စည်းအချို့ဖြင့် ကျေးဇူးပြုတယ်။
ဆိုလိုတာက ရှေး ရှေးကုသိုလ်ရှိခဲ့ရင်တောင်မှ တဏှာ၊ မာန၊ ဒိဌိ၊ လောဘ၊ ဒေါသ ...စသည် ကိလေသာအာရုံတွေ အားကောင်းပြီး အာရုံထားမှားရင် အကုသိုလ် ဖြစ်သွားနိုင်သေးတယ်၊ ကုသိုလ်ကလည်း အကုသိုလ်ဖြစ်သွားနိုင်တယ်လို့ ဆိုတာပါ။
- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
- ရှေး ရှေးက ပြုခဲ့တဲ့ကုသိုလ်တွေဟာ နောက် နောက် ကုသိုလ်မဟုတ်၊ အကုသိုလ် မဟုတ် အဗျာကတ တရားအဖြစ် အားကောင်းတဲ့ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုတယ်။
ဆိုလိုတာက ရှေး ရှေးကုသိုလ်တရားတွေဟာ အဗျာကတ တရားတွေအဖြစ် ဥပနိဿယသတ္တိဖြင့် အထောက်အပံ့ ပြုနိုင်တယ်လို့ ဆိုတာပါ။
- ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
- ရှေး ရှေးက အကုသိုလ်ပြုခဲ့ရင် နောက် နောက် ဖြစ်မယ့်အကုသိုလ် ကို အားကောင်းတဲ့ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုတယ်။
ဆိုလိုတာက ပြုခဲ့တဲ့အကုသိုလ်ရှိရင် လောဘ ဒေါသ မောဟ အားကောင်းပြီး အကုသိုလ်ထပ်လုပ်မယ်။ အကုသိုလ်ပြီးရင် အကုသိုလ် ထပ်ဖြစ်တယ်လို့ ဆိုတာပါ။
- ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ကေသဉ္စိ ဥပနိဿယပစ္စယေန ပစ္စယော။
- ရှေး ရှေးက အကုသိုလ်တရားတွေက နောက် နောက် မှဖြစ်တဲ့ ကုသိုလ် တရားတွေအဖြစ် ( ကေသဉ္စိ ဥပနိဿယပစ္စယေန ) - ဥပနိဿယပစ္စည်းအချို့ဖြင့် ကျေးဇူးပြုတယ်။
ဆိုလိုတာက ရှေး ရှေးအကုသိုလ်ရှိခဲ့ရင် တောင်မှ သံဝေဂဥာဏ်တွေဖြစ်ပေါ်ပြီး ဒါန သီလ သမထ ၀ိပဿနာ တွေအားထုတ်ဖြစ်တဲ့အခါ ကိလေသာကင်းတဲ့အာရုံတွေ အားကောင်းပြီး အာရုံထားမှန်သွားရင် ကုသိုလ်ဖြစ်သွားနိုင်သေးတယ်။ ဒါကို အားကောင်းတဲ့ ဥပနိဿယသတ္တိဖြင့် အကုသိုလ်မှ ကုသိုလ်ကိုကျေးဇူးပြုတယ်လို့ ဆိုလိုတာပါ။
- ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
- ရှေး ရှေးက အကုသိုလ်ဟာနောက် နောက် ကုသိုလ်မဟုတ်၊ အကုသိုလ်မဟုတ် အဗျာကတတရားအဖြစ်လည်း အားကောင်းတဲ့ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုတယ်။
- ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
- ရှေး ရှေးက အဗျာကတရားတွေက နောက် နောက် အဗျာကတတရားတွေကို အားကောင်းတဲ့ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုတယ်။
ဒီနေရာမှာ အဗျာကတတရားတွေဆိုတာ ကုသိုလ် အကုသိုလ်အဖြစ် မဟောကြားအပ်သော ၀ိပါက်စိတ်၊ ကြိယာစိတ်၊ ရုပ်တရားနဲ့ နိဗ္ဗာန်တို့ကို ဖွင့်ဆိုပါတယ်။
- ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
- ရှေး ရှေးက အဗျာကတ တရားတွေဟာ နောက် နောက် ကုသိုလ် တရားတွေကို အားကောင်းတဲ့ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုတယ်။
- ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ ဥပနိဿယပစ္စယေန ပစ္စယော။
- ရှေး ရှေးက အဗျာကတ တရားတွေဟာ နောက် နောက် အကုသိုလ် တရားတွေကို အားကောင်းတဲ့ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုတယ်။
- ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။
- ဥတုရာသီနဲ့ ဘောဇဉ်အစားအစာတို့ကလည်း အားကောင်းတဲ့ အထောက်အပံ့ တရားတွေပါ။
- ပုဂ္ဂလောပိ ဥပနိဿယပစ္စယေန ပစ္စယော။
- ပုဂ္ဂိုလ်ပညတ်ဟာလည်း အားကောင်းတဲ့ အထောက်အပံ့ တရားပါ။ ပေါင်းတဲ့ပုဂ္ဂိုလ် ကောင်းရင် မိမိလည်းကောင်းနိုင်သလို ဆိုးတဲ့ပုဂ္ဂိုလ်နဲ့ ပေါင်းသင်းမိရင် မိမိလည်း ဆိုးသွားတတ်ပါတယ်။
- သေနာသနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။
- နေရာ၊ဒေသ၊ နေရာအခင်းအကျင်း၊ အိမ်၊ ကျောင်း စသည်တို့သည်လည်း အားကောင်းသော အထောင့်အပံ့ပစ္စည်းတရားတွေပါ။
ဥတု၊ ဘောဇဉ်၊ ပုဂ္ဂိုလ်၊ နေရာ စသည် ...တို့အားလုံးဟာ အဗျာကတ ထဲမှာပါဝင်လို့ သူတို့က ကုသိုလ်ဖြစ်စေရင် အဗျာကတ က ကုသိုလ်ကို၊
အကုသိုလ်အထောက်အပံ့ဖြစ်စေရင် အဗျာကတ က အကုသိုလ်ကို ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုတယ်လို့ ဆိုပါတယ်။
တကယ်တော့ ဥပနိဿယပစ္စည်းဟာ အများကြီးကျယ်ပြောပါတယ်။
၁။အနန္တရဥပနိဿယ၊
၂။ အာရမ္မဏဥပနိဿယ၊
၃။ ပကတိဥပနိဿယ. ...ဆိုပြီး ၃-မျိုး အကျယ်ရှင်းပြတာရှိပါသေးတယ်။
ဒီနေရာမှာတော့ ဒီလောက်ဘဲ သိထားရင် တော်လောက်ပါပြီ။ ။
----------------------
No comments:
Post a Comment