စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, September 10, 2017

၇.. အညမညပစ္စယော

၇။ အညမည ပစ္စယောတိ

-စတ္တာရော ခန္ဓာ အရူပိနော အညမညပစ္စယေန ပစ္စယော။

-လေးပါးသော နာမ်ခန္ဓာတို့သည် အချင်းချင်း အညမည အပြန်လှန် ကျေးဇူးပြုနေကြ၏။

-စတ္တာရော မဟာဘူတာ အညမညပစ္စယေန ပစ္စယော။

-မဟာဘုတ်လေးပါးတို့သည် အချင်းချင်း အညမည အပြန်အလှန် ကျေးဇူးပြုနေကြ၏။

-သြက္ကန္တိက္ခဏေ နာမရူပံ အညမညပစ္စယေန ပစ္စယော။

-ပဋိသန္ဓေခဏ၌ ပဋိသန္ဓေနာမ်ခန္ဓာ ( ၄ )ပါးနှင့် ဟဒယဝထ္ထုရုပ်တို့သည် အချင်းချင်း အညမည အပြန်အလှန် ကျေးဇူးပြုနေကြ၏။

အညမည အချင်းချင်း အပြန်အလှန် ကျေးဇူးပြုကြခြင်းနှင့် သဟဇာတ အချင်းချင်း အတူတကွ ကျေးဇူးပြုကြခြင်းတို့သည် တူမယောင်နှင့် ကွဲပြားပါသည်။
သဟဇာတ က မိမိကကျေးဇူးပြုမှုအတွက် ပြန်လည်ကျေးဇူးပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ မိမိအလုပ် မိမိလုပ်သည့်သဘောရှိပြီး၊ အညမည က တဦးကကျေးဇူးပြုမှ တဦးကပြန် ကျေးဇူးပြု တတ်သည့် သဘောဟု ဖွင့်ဆိုထားပါသည်။

------------------
မူရင်း page.. https://m.facebook.com/story.php?story_fbid=359939894159277&id=334976996655567

No comments:

Post a Comment