၂။အာရမ္မဏပစ္စယောတိ။
ရူပါယတနံ စက္ခုဝိညာဏဓာတု ယာ ၊ တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ အာရမ္မဏ ပစ္စယေန ပစ္စယော။
ရူပါယတနံ = အဆင်းအာရုံသည်
စက္ခုဝိညာဏ ဓာတုယာ = မြင်သိစိတ်ကလေးနဲ့
တံ သမ္ပယုတ္တာကာနဉ္စ ဓမ္မာနံ = ထို မြင်သိစိတ်နှင့် ယှဉ်တွဲပြီးဖြစ်ပေါ်လာတဲ့ စေတသိက် ၇-ခုတို့အား
အာရမ္မဏ ပစ္စယေန = အာရုံ သတ္တိဖြင့်
့
ပစ္စယော ဥပကာရကော = ကျေးဇူးပြု၏ ။
(ကျမ်းကိုး# ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ )
ဆိုလိုချက်တွေက-
-အဆင်းအာရုံသည် မြင်သိစိတ်ကလေးနဲ့၊ ထိုမြင်သိစိတ်နှင့် ယှဉ်တွဲပြီးဖြစ်ပေါ်လာတဲ့ စေတသိက်တို့အား စိတ်တို့၏ မွေ့လျော်ကျက်စားမှု အာရုံသတ္တိနဲ့ ကျေးဇူုးပြု၏။
-သဒ္ဒါယတနံ သောတဝိညာဏ ဓာတုယာ.....
အသံအာရုံသည် ကြားသိစိတ်နဲ့၊ ထိုကြားသိစိတ်နှင့် ယှဉ်တွဲပြီးဖြစ်ပေါ်လာလာတဲ့
စေတသိက်တို့အား အာရုံသတ္တိဖြင့် ကျေးဇူးပြု၏။
-ဂန္ဓာယတနံ ဃာနဝိညာဏ ဓာတုယာ .....
အနံ့အာရုံသည် နံသိစိတ်နဲ့၊
ထို နံသိစိတ်နှင့်ယှဉ်တွဲပြီးဖြစ်ပေါ်လာတဲ့ စေတသိက်တို့အား အာရုံသတ္တိဖြင့် ကျေးဇူးပြု၏။
-ရသာယတနံ ဇိဝှာဝိညာဏ ဓာတုယာ ......
အရသာအာရုံသည် အရသာသိစိတ်နဲ့၊
ထို သိစိတ်နှင့် ယှဉ်တွဲပြီးဖြစ်ပေါ်လာတဲ့
စေတသိက်တို့အား အာရုံသတ္တိဖြင့် ကျေးဇူးပြု၏။
-ဖောဌဗ္ဗယတနံ ကာယဝိညာဏ ဓာတုယာ .....
ထိသိအာရုံသည် ထိသိစိတ်နဲ့၊
ထို ထိသိစိတ်နှင့် ယှဉ်တွဲပြီးဖြစ်ပေါ်လာတဲ့
စေတသိက်တို့အား အာရုံသတ္တိဖြင့် ကျေးဇူးပြု၏။
-ရူပါယတနံ သဒ္ဒာယတနံ ဂန္ဓာယတနံ ရသယတနံ ဖောဌဗ္ဗယတနံ မနောဓာတုယာ တံ သမ္ပယု......
အဆင်း အသံ အနံ့ အရသာ ထိသိအာရုံတို့သည်၊ ထိုထိုသိစိတ်တို့နှင့် ယှဉ်တွဲပြီးဖြစ်ပေါ်လာကြတဲ့ စေတသိက်တရားတို့အား မနော၌ အာရုံသတ္တိဖြင့် ကျေးဇူးပြုကြ၏။
-သဗ္ဗေ ဓမ္မာ မနောဝိညာဏဓာတုယာ တံ
သမ္ပယု ...
မနောဝိညာဉ်ဓာတ်ဆိုတဲ့ စိတ်မှာဖြစ်တဲ့ ဓမ္မာရုံအားလုံးဟာလည်း အာရမ္မဏပစ္စည်းဖြစ်တဲ့ အာရုံသတ္တိဖြင့် ကျေးဇူးပြုကြ၏။
- ယံယံ ဓမ္မံ အာရဗ္ဘ ယေယေ ဓမ္မာ ဥပ္ပဇ္ဇတိ .....
အာရုံ ၆-ပါးမှာ ဘယ်အာရုံဖြစ်ဖြစ် စိတ်၊ စေတသိက်တွေဖြစ်ပေါ်ကြပြီး၊ သူနဲ့ဆိုင်ရာ စိတ်ကို ဖြစ်ပေါ်စေဘို့အတွက် အထောင့်အပံ့ပြုတဲ့ အကြောင်းတရားအနေနဲ့ အာရုံသတ္တိတွေက ကျေးဇူးပြုကြတယ်။
အာရမ္မဏပစ္စည်းနဲ့ ကင်းပြီးတော့ စိတ် စေတသိက် ဆိုတာ မဖြစ်နိုင်ဘူး။ အာရုံနဲ့ကင်းပြီးတော့ ဖြစ်တဲ့စိတ် လောကမှာမရှိဘူးလို့ ဆိုပါတယ်။
-------------------
https://m.facebook.com/story.php?story_fbid=346849335468333&id=334976996655567
ံ
No comments:
Post a Comment