၅။ သမနန္တရပစ္စယောတိ
စက္ခုဝိညာဏဓါတု တံ သမ္ပယုတ္တကာ စ ဓမ္မာ .....
မနောဓါတု တံ သမ္ပယုတ္တကာ စ ဓမ္မာ မနောဝိညာ...
သောတ၀ိညာဏဓါတု တံ သမ္ပယုတ္တာ .....စသည်ဖြင့်
သမနန္တရပစ္စည်းတရားအားလုံးသည် အနန္တရပစ္စည်းများနှင့် အားလုံးတူညီစွာ ဟောကြားထားသဖြင့် အနန္တရပစ္စည်း နားလည်လျှင် အတူတူပင်ဖြစ်ကြောင်း ဆရာတော်ကြီးများက ဖွင့်ဆိုကြပါတယ်။
အနန္တရ / သမနန္တရပစ္စည်းတရားတို့သည် ရှေးစိတ်က နောက်စိတ်တို့ကို ကြားထဲတွင် အခြားတရားတစ်ပါး မခြားဘဲ ဆက်စပ်ကျေးဇူးပြုသွားကြသည်၊ ထိုသို့ ထောက်ပံ့ကျေးဇူးပြုကြရာတွင်လည်း ရှေးစိတ်ချုပ်ပြီးမှ နောက်စိတ်ဖြစ်ခွင့်ရကြပုံကို ဟောကြားထားခြင်းဖြစ်ပါတယ်။
စိတ်တို့ရဲ့ ဖြစ်ပျက်မှုဟာ မျက်တောင်တချက်အခတ်မှာ အကြိမ်ကုဋေ ၁-သိန်း ဖြစ်ပြီးပျက်ကြတယ် ( ရုပ်ရဲ့ဖြစ်/ ပျက်က မျက်တောင်တခတ်ကာလမှာ ကုဋေ ၅-ထောင်ခန့် ဖြစ်ပြီးပျက်ပါတယ် ) ဆိုတာကြောင့် စိတ်တွေရဲ့ အဖြစ်အပျက်တွေကို ဘုရားရှင်တွေရဲ့ ဉာဏ်တော်ကလွဲလို့ ဘယ်ပုထ္ထုဇဉ်မှ မသိနိုင် မမြင်နိုင် ကြပါဘုူး။
နောက်တခု စိတ်ဝင်စားစရာကောင်းတာက ကုသိုလ်က ကုသိုလ်ကို၊ ကုသိုလ်က အဗျာကတ ကို၊ အကုသိုလ်က အကုသိုလ်ကို၊ အကုသိုလ်က အဗျာကတ ကို၊ အဗျာကတက အဗျာကတ ကို၊ အဗျာကတ က ကုသိုလ်ကို၊ အဗျာကတ က အကုသိုလ်ကို အနန္တရ / သမနန္တရပစ္စည်းတရားနဲ့ ဘယ်လို ထောက်ပံ့ကြပုံကိုလည်း သိဖို့ လိုပါသေးတယ်။
ဒါကိုရှင်းပြဖို့က စိတ်အစဉ် ၁၇-ချက်(စိတ် တစ်သက်)ကို ပြန်ကောက်ရမှာပါ-
၁။ အတီတဘ၀င် = ဘ၀င်စိတ် ( အတိတ် )
၂။ ဘ၀င်္ဂစလန = ဘ၀င်စိတ် ( လှုပ် )
၃။ ဘ၀ဂုင်္ပစ္ဆေဒ = ဘ၀င်စိတ် ( ပြတ် )
၎။ ပဉ္စဒွါရာဝဇ္ဇာန်း = အာရုံဆင်ခြင်စိတ်
၅။ စက္ခုဝိညာဉ် = မြင်သိစိတ်
၆။ သမ္ပဋျိစ္ဆိုင်း = အာရုံ လက်ခံစိတ်
၇။ သန္တီရဏ = အာရုံကို စုံစမ်းသောစိတ်
၈။ ၀ုဌော = အာရုံကို ဆုံးဖြတ်သောစိတ်
၉။ ဇော = ပဌမ ဇော အာရုံခံစားစိတ်
၁၀။ ဇော = ဒုတိယ ဇော အာရုံခံစားစိတ်
၁၁။ ဇော = တတိယ ဇော အာရုံခံစားစိတ်
၁၂။ ဇော = စတ္ထုထ ဇော အာရုံခံစားစိတ်
၁၃။ ဇော = ပဉ္စမ ဇော အာရုံခံစားစိတ်
၁၄။ ဇော = ဆဌမ ဇော အာရုံခံစားစိတ်
၁၅။ ဇော = သတ္တမ ဇော အာရုံခံစားစိတ်
၁၆။ တဒါရုံ = ပထမ အာရုံကို မှတ်တမ်းတင်စိတ်
၁၇။ တဒါရုံ = ဒုတိယ တဒါရုံ
(၁) မှ (၈) ထိ ၊( ၁၆ ) ( ၁၇ ) စိတ်တွေဟာ အဗျာကတ တရားတွေပါ။
( ၈) ၀ုဌောက ကုသိုလ်စိတ် ဆုံးဖြတ်ရင် ပဌမဇော(၉) ကို ကျေးဇူးပြုတဲ့အခါ အဗျာကတ က ကုသိုလ်ကို ကျေးဇူးပြုတာဖြစ်ပြီး၊
ဇောစိတ်တွေဟာ အချင်းချင်း ကုသိုလ်က ကုသိုလ်ကို ကျေးဇူးပြုကြပါတယ်၊
ကုသိုလ်အဆုံးဇော(၁၅)က ပဌမတဒါရုံ(၁၆)ကို ကျေးဇူးပြုတဲ့အခါ ကုသိုလ်က အဗျာကတ ကို ကျေးဇူးပြုတာ၊
ပဌမတဒါရုံ(၁၆)က ဒုတိယတဒါရုံ(၁၇)ကို ကျေးဇူးပြုတဲ့အခါ အဗျာကတတရားတွေချည်းဘဲမို့ အဗျာကတ က အဗျာကတ ကို ကျေးဇူးပြုတာပါ ။
ထို့အတူ ၀ုဌောက အကုသိုလ်စိတ်နဲ့ ဆုံးဖြတ်ရင် အဗျာကတ က အကုသိုလ်ဇောကို၊
ဇောအချင်း အကုသိုလ်က အကုသိုလ်ကို၊
နောက်ဆုံးဇောက ပထမတဒါရုံကို အကုသိုလ်က အဗျာကတကို၊
တဒါရုံအချင်းချင်း အဗျာကတ က အဗျာကတကို ဒီလို စိတ်အစဉ်တန်းကြီးက တရစပ် တခြားတရား ကြားမ၀င်ဘဲ ကျေးဇူးပြု နေကြတယ်လို့ ဆိုလိုတာပါ ။
---------------------
မူရင်း page..https://m.facebook.com/story.php?story_fbid=356289611190972&id=334976996655567
No comments:
Post a Comment