စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, January 6, 2022

ဘဝဆိုတာကိုယ်ပြုတဲ့အတိုင်းပဲ ပြန်ရမယ်

ဘဝ ဆိုတာ ...
ကိုယ်ပြုတဲ့ ကံအတိုင်း
ကိုယ်ပြန် အစီရင် ခံရပါတယ် 

 တစ်ချို့လူတွေ ကံကောင်းနေတာမဟုတ်ဘူး
 အမှန်က  စိတ်ကောင်းနေတာ။

 တစ်ချို့လူတွေ ကံဆိုးနေတာမဟုတ်ဘူး
 အမှန်က စိတ်ဆိုးနေ တာ။

 လောကမှာ
 အဆင်ပြေတာလဲ အကြောင်းရှိတယ်။
 အဆင်မပြေတာလဲ အကြောင်းရှိတယ်။

 ဆင်းရဲတာလဲ အကြောင်းရှိတယ်။
 ချမ်းသာတာလဲ အကြောင်းရှိတယ်။

 ပျော်ရွှင်ရတာလဲ အကြောင်းရှိပြီး
 နာကျင်ရတာမှာလဲ အကြောင်းရှိပါတယ်။

 ကိုယ့်ရဲ့အတွေး
 ကိုယ်ပြောတဲ့စကား
 ကိုယ်လုပ်တဲ့ အလုပ်
 ကိုယ်ထားတဲ့ စိတ်ထား
 ကိုယ့်ကျင့်တဲ့ သိက္ခာတရားတွေဟာ
 ကိုယ့်ရဲ့အနာဂတ်နဲ့ ဘဝဖြစ်လာတာပါဘဲ။

 ဘယ်သူကြောင့်မှ မဟုတ်သလို
 ဘယ်သူမကောင်းလို့မှလဲ မဟုတ်ပါဘူး။

 ကောင်းသည်ဖြစ်စေ
 မကောင်းသည်းဖြစ်စေ
 ဒါတွေဟာ ကိုယ့်ပြုခဲ့တဲ့အကြောင်းရဲ့
 နောက်ဆက်တွဲ အကျိုးတွေပါဘဲ။

 ဒါကိုနားလည်ထားရင်
 ဘယ်သူကောင်းကောင်း မကောင်းကောင်း
 ကိုယ်ကောင်းဖို့သာ အရေးကြီးပါတယ်။

 စေတနာဆိုးရင် ကံဆိုးမှာဖြစ်ပြီး
 စေတနာကောင်းရင် ကံကောင်းပါလိမ့်မယ်။

 စိတ်ထားလှရင် ဘဝလှပြီး
 စိတ်ထားဆိုးရင် ဘဝလဲ ဆိုးသွားပါလိမ့်  
 မယ်။

 ဘဝဆိုတာ
 စက်ဝိုင်းတစ်ခု ရေးဆွဲတဲ့အခါ
 စဆွဲတဲ့နေရာမှာ ပြန်အဆုံးသတ်ရသလို
 ကိုယ်ပြုလုပ်တဲ့အရာမှန်သမျှဟာ
 ကိုယ့်ဆီမှာ ပြန်လာပြီး အဆုံးသတ်တာပါပဲ။

 ဒီတော့ 
 ကောင်းတာတွေနဲ့ 
 ဘဝတစ်ခု  ဆုံးဖို့အတွက်
 အခုကတည်းက 
 ကောင်းတာတွေနဲ့ဘဲ
 ဘဝကို အစပျိုးလိုက်ပါတော့။

 ဘ ဝ မှာ
 ကိုယ့်ကို သူများက
 လာမလုပ်စေချင်တဲ့အရာကို
 ကိုယ်က အရင် သွားပြီးမလုပ်ရပါဘူး။

 တကယ်လို့ 
 ကိုယ်လိုချင်တဲ့အရာတွေရှိရင်တော့
 အဲ့အရာကို ကိုယ်က အရင်ပေးရပါတယ်။

 ဘ ဝ ဆို တာ
 ကိုယ်ပြုတဲ့ကံအတိုင်း
 ကိုယ်ပြန်အစီရင် ခံရပါတယ် ။

ဆရာတော် အရှင်ဆန္ဒာဓိက
(ရွှေပါရမီ တောရ)

Credit...

No comments:

Post a Comment