ခဏိကသမာဓိ
🌸🌸🌸🌸🌸🌸
ခဏိကသမာဓိဆိုတာ...
ခဏလေးဖြစ်ပြီး ပျက်သွားတာကို
ပြောတာမဟုတ်ပါဘူး။
(ခဏအခိုက်လေး)တွေ
အခိုက်ပေါင်းများစွာ သိလိုက်တဲ့အခါ
အများကြီး ဖြစ်သွားတယ်။
စွမ်းအားတွေ ပြည့်သွားတယ်။
ဒါကို 'ခဏိကသမာဓိ' လို့ ပြောတာ
ဖြစ်ပါတယ်။
(ဖြစ်တဲ့အခိုက်)ကလေးကို သိတယ်။
ဖြစ်ခိုက် တစ်ရာ ရှိရင်...
သိတဲ့အခိုက် ပေါင်းကလည်း
တစ်ရာ ရှိသွားပါမယ်။
တစ်ရာလုံးလုံး စဉ်ဆက်မပြတ် သိတယ်။
သမာဓိ ရသွားတယ်ဆိုရင်
ဒါ ခဏိကသမာဓိ ပဲ။
'တစ်ရာ' ဆိုတော့ အားရှိပြီပေါ့။
တစ်ကြိမ်ထဲ သိတာ မဟုတ်ဘူး။
ခဏလေး သိပြီး
ပျောက်သွားတာမျိုး မဟုတ်ဘူး။
အာရုံ ကလည်း
(ဖြစ်တဲ့အခိုက်)ကလေး
သိတဲ့ စိတ် ကလည်း
(သိတဲ့အခိုက်)ကလေး
အခိုက်ပေါင်း မြောက်များစွာ
ရာထောင်ချီသွားကြတဲ့ အခါကျတော့...
သမာဓိစွမ်းအားဟာ...
ဒလစပ် ဖြစ်လာပြီး
ခဏိကသမာဓိ ဆိုတာလည်း
စွမ်းအားပြည့်တဲ့-
သမာဓိတစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့်မို့လို့...
ဝိပဿနာအားထုတ်လို့ရှိရင်...
ဥပစာရသမာဓိ
(စျာန်နားကပ်နေသောသမာဓိ) မရှိချင်နေ
အပ္ပနာသမာဓိ(စျာန်သမာဓိ) မရှိချင်နေ
အခိုက်ပေါင်း များစွာကို
စဉ်ဆက်မပြတ် အာရုံလေးပေါ်မှာ...
စိုက်ကျနေတဲ့ ခဏိကသမာဓိ
ရှိပြီဆိုရင် ' ဝိပဿနာ ' ဖြစ်တယ်။
အဲ့ဒီ သမာဓိမျိုးလောက်မှ မရှိရင်
ဝိပဿနာ မဖြစ်ဘူး။
ပါချုပ်ဆရာတော်ဘုရားကြီး
No comments:
Post a Comment