စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, January 19, 2022

အမွဲသုံးမျိုး

"အမွဲ သုံးမျိုး"
~~~~~~~~

လူ့ဘဝမှာ ...
အရှိမွဲတာ
အသိမွဲတာ
အကျင့်မွဲတာ ဆိုပြီး
အမွဲ သုံးမျိုးရှိတယ်...။

#ကံမွဲရင်အရှိမွဲတတ်တယ်

ကုသ်ိုလ်ကံ မပြည့်စုံမလုံလောက်ရင်
အရှိမွဲတာ၊ မရှိ,မပြည့်စုံ,မလုံလောက်တော့
မျက်နှာငယ်ရတယ်,ဆင်းရဲပင်ပန်းတယ်,
အရာရာအောက်တန်းကျရတယ်,
နောက်ကိုချည်းရောက်နေတတ်တယ်,
ရှေ့တိုးဖို့အထက်တက်ဖို့အလွန်ခက်ခဲတယ်၊
အရှိမွဲတယ်ဆိုတာ 
မပြည့်ဒုက္ခ မရှိဒုက္ခ ပါ...။

#ဉာဏ်နည်းတော့အသိမွဲတယ်

စာမတတ်လို့ ပညာမတတ်,
စာတတ်ပေမယ့် ပညာမတတ်,
ဘွဲ့တွေရထားပေမယ့် ပညာမတတ်,
အကြောင်းအကျိုးအကောင်းအဆိုး
သရုပ်မကွဲ,
လုပ်သင့်တာမလုပ်သင့်တာကို
မဆုံးဖြတ်နိုင်,
ကုသိုလ်အကုသိုလ်ခွဲခြားမသိ,
အသိပညာမပြည့်စုံတော့
မလုပ်သင့်တာတွေကို မဆင်မခြင်
ထင်ရာဇွတ်လုပ်တော့တာပဲ...။

ဒါကြောင့် အသိပညာမပြည့်စုံ,
မရှိတာက အသိမွဲတာ၊
အသိမွဲတော့ လုပ်သင့်တာမလုပ်တော့
ရှိသင့်တာတွေရှိမလာတော့ဘူး၊
ကောင်းတဲ့အခွင့်အရေးတွေ
အကုန်ဆုံးရှုံးမယ်၊
မျက်နှာငယ်ရ,ဆင်းရဲပင်ပန်းရ,
အောက်တန်းကျရနဲ့
ကုသိုလ်ကံအရှိမွဲတဲ့ထဲပါသွားပြန်ရော၊
ကံမွဲရင်ထူသူကူသူမရှိ
လဲသွားတတ်တယ်...။

#ဝီရိယနည်းတော့အကျင့်မွဲတယ်

အသိပညာတွေ စုံအောင်
တတ်မြောက်ထားပေမယ့်
သဒ္ဓါ,သတိ အားနည်းတော့
ဟိုရွှေ့ဒီရွှေ့ဟိုအကြောင်းပြဒီအကြောင်းပြနဲ့
မကျင့်ဖြစ်တော့ဘူး...။

သတိအားနည်းတော့ သဒ္ဓါနွမ်းတယ်၊
သဒ္ဓါအားနည်းတော့ ဝီရိယလျော့တယ်၊
သတိဝီရိယလျော့တော့
ဒုက္ခကိလေသာတွေကိုနိုင်တဲ့အလုပ်ကို
မလုပ်ဖြစ်တာက အကျင့်မွဲတာ...။

နည်းစနစ်ကောင်းကောင်းသိထားပေမယ့်
လမ်းမှန်ကျင့်တတ်ပါလျက်နဲ့
သဒ္ဓါဝီရိယမွဲတော့မကျင့်နိုင်၊
သတိမွဲတော့မကျင့်ဖြစ်၊
အကျင့်မွဲတော့ ဒုက္ခကိလေသာအောက်
လွှမ်းမိသမျှ ခံနေရတော့တာပဲ...။

ငြိမ်းအေးချမ်းသာမှုတွေ
ဆုံးရှုံးရတော့တာပဲ၊
ပညာမတတ်သူနဲ့ ဘာမှမထူးတော့ပဲ
ဖြစ်သွားတယ်၊
သာသနာနဲ့တွေ့ရတဲ့
ဘဝကောင်းကိုရတဲ့အခိုက်
အကျင့်မမွဲဖို့ အရေးအကြီးဆုံးပါ...။

(တိပိဋကယောဆရာတော်ဘုရားကြီး)

🙏🙏🙏🙏🙏🙏🙏🙏🙏

Credit...

No comments:

Post a Comment