စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, January 6, 2022

သမာဓိရှိအောင်လုပ်ကြ

သမာဓိ မရှိတဲ့သူက
ကိလေသာ များနေတော့
ဘယ်လောက် အိပ်ရအိပ်ရ အိပ်ရေး မဝဘူး။

သမာဓိ ရှိလာရင်
ကိလေသာ နည်းသွားတော့
နည်းနည်းလေး အိပ်ရလည်း အိပ်ရေး ဝတယ်။
တခါတလေ မအိပ်ဘဲနေလို့တောင် ရတယ်။

ဒို့ ပဌာန်းတွေ ပြန်ဆိုတဲ့ အချိန်က
တခါတလေ ပဌာန်းတွေ စဥ်းစားရင်း
မအိပ်လိုက်ရဘဲ မိုးလင်းသွားတာတွေ ရှိတယ်
ဘာမှ မဖြစ်ပါဘူး အိပ်ရေး ဝသလိုပါပဲ။

သမာဓိ ရှိအောင် လုပ်ကြ
သမာဓိ မရှိလို့ကတော့
တစ်ရက်ကုန်သွားလည်း ဘာစာမှ မရဘူး
ဘာကုသိုလ်မှ မရဘူး
တစ်နှစ်လုံး ကုန်သွားလည်း ဘာစာမှ မရဘူး
ဘာကုသိုလ်မှ မရဘူး။
သမာဓိ ရှိဖို့ကတော့
သတိနဲ့ ဝိီရိယ ရှိနေရမယ်။

(တိပိဋက ယောဆရာတော်ကြီး)🙏🙏🙏
Credit..

No comments:

Post a Comment